လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်(ကိုယ်အလေးချိန်လျော့အောင်)

Posted by Black Magic | Posted in | Posted on 6:11 PM

 
လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အ လေးချိန် လျှော့ချနိုင်ပါတယ်။

နာနတ်သီး စားပါ

နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယဆဲလ်တွေကို ကူညီပေးတာကြောင့် အစာချေဖျက်မှုကို အားပေးပါတယ်။ ဩဂဲနစ် သီးနှံများကိုသာ စားသုံးပါ အသီး အနှံတွေ ဝယ်ယူတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ်ဝယ်ယူပါ။ လေ့ လာမှုတွေအရ ပိုးသတ်ဆေးတွေ သုံးထားတဲ့ အသီးအနှံတွေကို စားသုံးတာကြောင့် အဆီဆဲလ်တွေထဲမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေတယ်လို့ တွေ့ရှိ ထားပါ တယ်။


တရားထိုင်ပါ

နေ့စဉ်ပုံမှန် တရားအားထုတ်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီး အကျယ် ထိခိုက်စေပြီး ဗိုက်ပတ်လည်မှာ အဆီပိုတွေကို စုစေပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှု
လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။


လက်ဖက်ရည်ကြမ်း သောက်ပါ

လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက်တီချင် ပါဝင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော တွေကိုလည်း လျော့နည်းစေပါတယ်။


ရေအေးအေးနှင့် ချိုးပါ

ခန္ဓာကိုယ် တုန်ယင်မှုကလည်း ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါတယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ်ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန်ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညိုတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။


အရက်ကို ထိန်းချုပ်သောက်ပါ

စိတ်ထိခိုက် ခံစားနေရတာ ဒါမှမဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန် အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချိုရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ် ခွက်၊ ဒါမှမဟုတ် ဘီယာနှစ်ပုလင်း သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသနတွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ်ပြောင်းလဲပြီး လောင်စာအဖြစ် အသုံးပြုတာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင်ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွားရတာပါ။


အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ

အချဉ်အရသာရှိတဲ့ သစ်သီးတွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့်ရနံ့ကို ရှူရှိုက်လိုက်တဲ့အခါ အာရုံကြော စနစ်ကို လှုံ့ဆော်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ သံပရာ ရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပိုတွေ ပိုမိုလောင်ကျွမ်းနိုင်ပါတယ်။


ရေအေးအေးသောက်ပါ

ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အတွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှုတွေအရ တစ်နေ့ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူတွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက်မှု ပိုမိုမြန်ဆန်တာကို တွေ့ရပါတယ်။ ရေဓာတ် လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။


အပူအစပ် စားပါ

အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက်ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါတယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန်လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်းအင်အသုံးပြု ရတာတွေကြောင့် ကယ်လိုရီတွေလောင်ကျွမ်း သွားစေပါတယ်။


မတ်တတ်ရပ်ပါ

အထိုင်များတာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ မတ်တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိသာပေမယ့် အထိုင်များသူတွေ အနေနဲ့ ဝမ်းဗိုက်ပိုင်း မှာ အဆီပိုတွေ သိသိသာသာ စုလာတတ်ပါတယ်။ အထိုင်များသူတွေအနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထလျှောက်ပေးပါ။


ကော်ဖီသောက်ပါ

ကဖင်းက နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာတွေ ဖြစ်စေပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ်ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန်တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။


အသက်ရှူလေ့ကျင့်ပါ

အသက်ရှူ လေ့ကျင့်ခန်းက အောက်ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credit: Good Health - အလှအပနှင့် ကျန်းမာရေးဂျာနယ်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.