2013 ရဲ့ Person of the Year ဖြစ်သွားတဲ့ ပုပ်ရဟန်းမင်းကြီး

Posted by Black Magic | Posted in | Posted on 12:40 PM


ရာထူး သက်တမ်း ၉ လ ပဲ ရှိသေးတဲ့ ရောမကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်း မင်းကြီး 
ဖရန်ဆစ် ကို အမေရိကန် TIME Magazine က ဒီနှစ် အတွက် Person Of The Year အဖြစ် ရွေးချယ် လိုက်ပါတယ်။

ရဟန်းမင်းကြီးဟာ ပုဂ္ဂိုလ်ရေးအောင်မြင် ကျော်ကြားမှုကို မမက်မော ပေမယ့် သူ့ သာသနာရေး ဆောင်ရွက်ချက် တွေကို ဒီလို အားပေး အသိအမှတ်ပြုလို့ ပိုအားရှိစရာ ဖြစ်တယ်လို့ ရဟန်းမင်းကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို မြန်မြန်ဆန်ဆန် အာရုံစိုက် ခံရတဲ့ ပုဂ္ဂိုလ်မျိုး ပေါ်ခဲကြောင်း တိုင်း မဂ္ဂဇင်း စီမံခန့်ခွဲမှု အယ်ဒီတာကလည်း ဆိုပါတယ်။

ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ဆင်းရဲ ချမ်းသာ ကွာဟမှု ၊ ကမ္ဘာပြုမှု ဖြစ်စဉ် တွေနဲ့ တခြား အရေးကြီး ကိစ္စတွေ အလယ်မှာ သူ့ကိုယ်သူ မြှပ်နှံ ထားသူ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်း ဘင်နီဒစ် နေရာမှာ မတ်လကမှ အရွေးခံရတဲ့ ဒီရဟန်းမင်းကြီးဟာ အမေရိက တိုက်က ပထမဆုံး အရွေးခံရတဲ့ ရဟန်းမင်းကြီး ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.