5 Hobbies That Japan Girls Don't Like

Posted by Black Magic | Posted in | Posted on 3:23 PM


259 ယောက်သော ဂျပန် မိန်းကလေးတွေ ဖြေတဲ့ သူတို့ မကြိုက်တဲ့ ယောက်ျားလေးရဲ့ ငါးခုသော အလေ့အထ တို့ကို တင်ပြထားပါတယ်။ မှန်၊ မမှန် စူးစမ်းကြည့် ရအောင်။
259 ယောက်သော ဂျပန် မိန်းကလေးတွေ ဖြေထားတဲ့ Japanese fashion magazine တစ်ခုရဲ့ စစ်တမ်း တစ်ခုမှာ သူတို့ မိန်းကလေး တွေနဲ့ ယောက်ျား လေးတွေ အတွဲဖြစ်ဖို့ အတားအဆီး ဖြစ်တဲ့ ငါးခုသော အလေ့အထ အကျင့်တို့ကို ကောက်ယူ ရရှိပါ တယ်တဲ့။ မှန်၊ မမှန် လေ့လာ စမ်းစစ်ကြ ပါဦး။


5 hobbies that JP Girls don't like

ကျွန်တော်တို့ ဒီစစ်တမ်း ထဲက Vote အနည်းဆုံးနဲ့ စတင်လိုက် ရအောင်ဗျာ။
1. Dessert/cafe nut
ဂျပန်ပြည်မှာ ကဖေး တွေဟာ တစ်နိုင်လုံး မှိုလိုပေါ ပါတယ်။ Hawaiian စတိုင် အသီးတွေ၊ Cream တွေနဲ့ မံထားတဲ့ Pancakes ချိုချို တွေဟာ ဂျပန်မှာ ခေတ်စားတဲ့ အရာတွေပါ။ ဂျပန် မိန်းကလေး တွေအတွက် ကိတ်မုန့်ချိုချို တွေကို တမ်းတမ်းတတ ရူးသွပ်တာပာာ သဘာဝ ကျတဲ့ အလေ့အထ တစ်ခုလို့ တွေးမိပါ လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ကိတ်မုန့်ချိုချို လိုမျိုး ချိုမြိန်လှတဲ့ အစားအသောက် တွေကို အတူတူ ခံစားပေး တတ်တဲ့ ယောက်ျားလေး တွေထက် ဒီအတိုင်း ရိုးရာ ထမင်းဟင်းကို အတူတူ ခံစားတတ်တဲ့ သူတွေ ကိုသာ ရင်ခုန်ပါ တယ်တဲ့။ ဒါကြောင့် ဂျပန်ပြည်ကို သွားမယ့် အမျိုးသားများ ကိတ်မုန့်ကို ရှောင်ရှား ကြပါကုန်။

Japanese Dessert

2. Train fan  
ယောက်ျားလေး တွေအနေနဲ့ ကားတွေကို ရူးသွပ်တာဟာ ကျွန်တော်တို့ နိုင်ငံမှာ မဆန်းလှ ပါဘူး။ ဒါပေမယ့် ဂျပန်ပြည် မှာတော့ ရထားတွေ ကို ရူးသွပ်တဲ့ လူငယ် တွေလည်း ရှိပါတယ်တဲ့။ တစ်ချို့ တစ်ချို့သော လူငယ် တွေဟာ ကျေးလက်နယ် ဒေသအထိ ဆင်းသွားပြီး ဒေသက ရထား တွေကို အမြတ်တနိုး ဓာတ်ပုံရိုက် ကြတဲ့အထိ ရူးသွပ် ကြပါတယ်တဲ့။ ဒီလို ယောက်ျားလေး တွေကို ဂျပန် မိန်းကလေး တွေအတွက် လက်ခံသင့်၊ မသင့် စဉ်းစား ကြည့်ပါ။ ကင်မရာကြီး ထမ်းပြီး နယ်တွေပဲ ဆင်းနေတဲ့ ယောက်ျားလေး တွေအနေနဲ့ သူတို့ မိန်းကလေး တွေကို အချိန် အများကြီး ပေးဖို့ ဆိုတာ မဖြစ်နိုင် တဲ့ကိစ္စပါ။ အထူးသဖြင့် ဂရုစိုက် တာကို သဘာဝ အလျောက် အလိုရှိတဲ့ မိန်းကလေး တွေအနေနဲ့ ရ ထားတွေ နောက်က ဂရုစိုက်တာ လောက်သာ ခံရရင် ကွဲကြ ပြဲကြ ဖို့ပဲ များပါတယ်။

Train Fans

3. Anime Otaku
Anime တွေဟာ လူငယ် တွေအတွက် အတော် စွဲစေတဲ့ အရာပါ။ Anime ကောင်းကောင်း တစ်ခုကို စွဲမိသွား ပြီဆိုရင် ကြည့်မိ သူဟာ တခြား ကမ္ဘာ တစ်ခုထဲမှာ ရှင်သန်နေ ရသလိုပါပဲ။ အထူးသဖြင့် ဂျပန်မှာ Anime စွဲနေတဲ့ ယောက်ျားနဲ့ မိန်းကလေး ဦးရေဟာ တစ်နေ့ တစ်ခြား ဒီရေ အလား တိုးတက် လာမြဲပါ။ တစ်နေ့လုံး Anime တွေကြား မှာပဲ စိတ်နှစ် နေတော့ ဘယ်အချိန်များ သွားပြီး ရည်းစား ထားဖို့ အချိန်ပေး နိုင်ပါ တော့မလဲ။ ဒါကြောင့် အခုခေတ် ကြည့်လိုက်ရင် Anime Otaku သမားတွေဟာ အများအားဖြင့် တစ်ယောက်တည်း သမားတွေ များပါတယ်။

Manga Fans

4. Idol Otaku
Idol Otaku ကတော့ နိုင်ငံတိုင်း လိုလိုနဲ့ လူတိုင်း လိုလိုမှာ ရှိပါတယ်။ လူတိုင်းမှာတော့ ကိုယ်နှစ်သက်တဲ့ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော် စသည်ဖြင့် ရှိပါတယ်။ ဒါပေမယ့် ကြိုက်နှစ်သက် တယ်ဆိုတဲ့ စည်းတစ်ဖက် ကျော်သွားပြီး ရူးသွပ် လာပြီ ဆိုရင်တော့ ပြဿနာ နည်းနည်း ရှိ လာပါတယ်။ ဥပမာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် သွားသမျှ နေရာတွေ လိုက်မယ်။ သူ့ဓာတ်ပုံတွေ စုမယ်။ နောက်ဆုံး စိတ်ကူးယဉ် ဆန်တဲ့ နေ့ ခင်း အိပ်မက် တွေပါ မက်လာတာ ပါပဲ။ အဲဒီလို လူမျိုးတွေ ရည်းစား ရဖို့ကတော့ အိပ်မက်က တစ်ရေး နိုးလာမှပဲ ရပါ လိမ့်မယ်။

Idol Fans

5. Gambler
လောင်းကစားက အထူးသဖြင့် ယောက်ျားတွေကို ချုပ်ကိုင်ထားတဲ့ အရာပါပဲ။ ဂျပန်မှာ Pachiko Parlor, Mahjong dens, Horse tracks, Speedboat racing, Bicycle racing စတဲ့ လောင်းကစား မျိုးစုံဟာ တရားဝင်ပြီး နေရာတိုင်း လိုလို ရှိပါတယ်။ အဲလိုရှိသလို ဂျပန်ပြည်က ယောက်ျား တော်တော် များများဟာလည်း လောင်းကစားကို ခုံမင်လာ ကြပါတယ်။ စဉ်းစားကြည့်ပါ။ လောင်းကစား စွဲနေတဲ့ ယောက်ျားလေး ကို ဘယ်မိန်းက လေးက ကြိုက်ပါ့မလဲ။ ဒါကြောင့် ဂျပန် မိန်းကလေးတွေ မကြိုက်ဆုံး အကျင့်အဖြစ် မဲပေး ခံရတာ မဆန်းလှ ပါဘူး။

Japanese Gamblers

ဂျပန်ပြည်ကို သွားရင် ဂျပန်မလေး တွေကို ၁၅၀၀ မေတ္တာလမ်း ခင်းချင်တဲ့ ညီအစ်ကို အတွက် မှတ်သား ထားသင့်တဲ့ အချက် အချို့ကို ဖော် ပြပေး လိုက်ပါတယ်။ ယဉ်ကျေး မှုခြင်းမတူ တာမို့ တကယ် ဟုတ်၊ မဟုတ်ကတော့ ကိုယ်တိုင် ဆန်းစစ် ကြည့်ကြ ပါဦးလို့ ပြောကြားရင်း နိဂုံး ချုပ် လိုက်ရပါ တယ်ဗျာ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.