မဟာ သက္ကရာဇ် နှင့် ကောဇာ သက္ကရာဇ်

Posted by Black Magic | Posted in , | Posted on 4:24 AM


 မဟာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အကြောင်းလေး ကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်..။


- မဟာသက္ကရာဇ် ဟူသည်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သုံးသော သက္ကရာဇ် ဖြစ်  
သည်။  ၎င်းမှာ မြတ်စွာ ဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေ၀ီလရသေ့နှင့်
တိုင်ပင်၍  ရှေးရှေးသက္ကရာဇ် ၈၆၄၇-နှစ်မှ ၈၆၄၅-နှစ်ကို ဖြို၍ ၂-ခုကြွင်းထားခဲ့သော သက္ကရာဇ် ဖြစ်သည်။
ယင်း မဟာ သက္ကရာဇ် ၆၈-ခုနှစ်တွင် ဘုရားအလောင်း သိဒ္ဓတ္တ မင်းသားကို ဖွားတော်မူ၍
ဘုရားဖြစ်ပြီးနောက်    မဟာသက္ကရာဇ်  ၁၄၈-ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူသည်။

-ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသံဂါယနာတင်၍
သာသနာနှစ် အဖြစ် ပြုရန် မဟာသက္ကရာဇ် ကိုဖျက်၍ (ဖြို)၍ သာသနာနှစ် တစ်နှစ်မှ စ၍ အသုံးပြု
ခဲ့သည်။ ယင်းသာသနာနှစ် ၆၂၄-သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်း
လက်ထက် ဒေါဒေါရသ ၆၂၂ -နှစ်ကို ဖြို၍ ၂-ခုကြွင်း ထားခဲ့ပြန်သည်။ ယင်းကို ကောဇာသက္ကရာဇ်
ဟု ဆိုသည်။

- ယင်းမှ တိုးပွားလာသော ၅၆၂-နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက်
ခန်းဆပဉ္စ( ၅၆၀ )နှစ်ကိုဖြို၍ ၂-ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။ ထိုခေတ် ၂-ခုမှ တိုးတက်
လာသော ယနေ့ ၁၃၇၃ -ခုနှစ် အထိ သက္ကရာဇ်မှာ မိတ်ဆွေတို့ သိချင်သော မြန်မာသက္ကရာဇ်ဖြစ်
ပါသည်။

- နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင် ၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
ရောက်ဆဲ ၁၃၇၃ ခုနှစ် ကိုပေါင်းသော် ၂၅၅၅-ခုနှစ်ဖြစ်သည်။ သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို
အလွယ်တကူ သိနိုင်ပေသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.