အစိုးရ နဲ့ သူရိယနေဝင်း (ဦးမိုးဟိန်း)

Posted by Black Magic | Posted in , | Posted on 12:02 PM


သူ​ရိ​ယ​နေ၀န်း​ဂျာ​နယ်​ဟာ ​စာ​နယ်​ဇင်း​ကျင့်​၀တ်​ကို ​ဆန့်​ကျင်​ရေး​သား​နေ​ကြောင်း​နဲ့ ​ဒီ​လို​ရေး​သား​ဖော်​ပြ​နေ
တဲ့​အ​ပေါ် ​လို​အပ်​သ​လို ​ညှိ​နှိုင်း​ဆောင်​ရွက်​ပေး​ဖို့ ​အ​စိုး​ရ ​ပြန်​ကြား​ရေး ၀န်​ကြီး​ဌာ​န​က ​မြန်​မာ​နိုင်​ငံ ​စာ​နယ်
ဇင်း​ကောင်​စီ (​ယာ​ယီ ​ထံ ​အ​ကြောင်း​ကြား​လိုက်​ပါ​တယ်။


A soldier from the Kachin Independence Army puts on his shoes as he and his comrade cross a stream towards the front line in Laiza

သူ ​ရိ​ယ​နေ၀န်း​ဂျာ​နယ်​ဟာ ​သ​တင်း​ဂျာ​နယ်​အ​င်္ဂါ​ရပ်​နဲ့ ​ညီ​ညွတ်​မှု​မ​ရှိ​တဲ့ ​ပု​ဂ္ဂိုလ်​ရေး ​ထိုး​နှက်​ချက်​တွေ၊ ​အ
စိုး​ရ​ကို ​ထိ​ခိုက်​စေ​တဲ့ ​ရေး​သား​ဖော်​ပြ​ချက်​တွေ ​ဖော်​ပြ​နေ​တယ်၊ ​စာ​နယ်​ဇင်း​ကျင့်​၀တ်​နဲ့ ​ဆန့်​ကျင်​နေ​တဲ့ 
ဒီ​ဂျာ​နယ်​ကို ​လို​အပ်​သ​လို ​ညှိ​နှိုင်း​ဆောင်​ရွက်​ပေး​ပါ​လို့ ​အ​ကြောင်း​ကြား​စာ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

ဒီ​အ​ကြောင်း​ကြား​စာ​ကို ​ပြန်​ကြား​ရေး​၀န်​ကြီး​ဌာ​န ၀က်ဘ်​ဆိုဒ်​မှာ ​ဖော်​ပြ​ထား​တာ​ဖြစ်​ပြီး​ ​စာ​နယ်​ဇင်း
ကောင်​စီ​က​တော့ ​ဒီ​အ​ကြောင်း​ကြား​စာ ​ရောက်​မ​လာ​သေး​လို့ ​ဘယ်​လို ​ဆက်​လက်​ဆောင်​ရွက်​ရ​မယ်
ဆို​တာ ​မ​ပြော​နိုင်​သေး​ဘူး​လို့ ​ကောင်​စီ​အ​တွင်း​ရေး​မှူး ​ဦး​ကျော်​မင်း​ဆွေ​က ​ပြော​ပါ​တယ်။

ဒီ့​မ​တိုင်​မီ​က​လည်း ​ဂျာ​နယ်​တွေ​မှာ ​လောင်း​က​စား​နဲ့ ​မ​လုံ​တ​လုံဝတ်​စား​ဆင်​ယ​ဉ်​မှု​တွေ ​ဖော်​ပြ​တဲ့​ကိ​စ္စ 
ညှိ​နှိုင်း​ပေး​ဖို့ ​အ​ကြောင်း​ကြား​လာ​လို့ ​ညှိ​နှိုင်း ​လုပ်​ဆောင်​ပေး​ခဲ့​ဖူး​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

“​ကျ​နော်​တို့​က ​တ​ချို့​ဟာ​တွေ​ကို ​ကောင်​စီ​မှာ ​အ​စည်း​အဝေး​ခေါ်​တယ်။ ​ခေါ်​ပြီး​တော့ ​အား​လုံး ​ဖြတ်​တယ်၊ 
ဘယ်​ကိ​စ္စ​ကို ​အ​ကြောင်း​ကြား​မယ်၊ ​ဘယ်​ဟာ​ကို ​အ​ကြောင်း​မ​ကြား​ဘူး​ပေါ့​နော်။ ​သက်​ဆိုင်​ရာ ​ထုတ်ဝေ
သူ​ကို ​ခင်​ဗျား​တို့​နဲ့ ​ပတ်​သက်​ပြီး ​ပြန်​ကြား​ရေး​က​တော ​ဒီ​လို ​ဒီ​လို ​ပြော​ကြား​ထား​တယ်​ဆို​တာ​မျိုး​ကို ​ပြော
ပါ​တယ်။ ​ခင်​ဗျား​တို့​ဘက်​က ​နောင်​ဒီ​လို ​အ​ပြော​မ​ခံ​ရ​အောင် ​နည်း​နည်း ​ကြည့်​ပြီး​ဖော်​ပြ​ဖို့ ​နှစ်​သိမ့်​တာ၊
ဆွေး​နွေး​တာ၊ ​တိုင်​ပင်​တာ၊ ​ဒါ​ပဲ ​လုပ်​ပါ​တယ်​ခင်​ဗျ။”

အ​ပတ်​စ​ဉ်​ထုတ်​ဂျာ​နယ်​တွေ​ထဲ​မှာ ​ပု​ဂ္ဂိုလ်​ရေး​တိုက်​ခိုက်​မှု​တွေ ​ဖော်​ပြ​နေ​တဲ့ ​ဂျာ​နယ်​တ​ချို့ ​ရှိ​နေ​တာ​နဲ့ 
ပတ်​သက်​ပြီး ​အုပ်​စု​လိုက် ​တိုက်​ခိုက်​တာ​တွေ ​လုပ်​နေ​ကြ​တယ်​လို့​လည်း ​သုံး​သပ်​ပြော​ပါ​တယ်။

စာ​နယ်​ဇင်း​ကောင်​စီ​အ​တွင်း​ရေး​မှူး ​ဦး​ကျော်​မင်း​ဆွေ​က “​ကျ​နော်​တ​ဦး​ချင်း ​အ​ယူ​အ​ဆ ​ပေါ့​။ ​စာ​နယ်​စင်း
ကောင်​စီ ​အ​ယူ​အ​ဆ​မ​ဟုတ်​ပါ​ဘူး​။ ​တ​ချို့​က ​ပတ်​သက်​ရာ ​ပတ်​သက်​ကြောင်း​တွေ ​များ​နေ​တယ်။ ​အာ
ဏာ​ပိုင်​နဲ့ ​ချိတ်​ဆက်​နေ​တယ်။ ​တ​ကယ့် ​ခ​ရို​နီ​နဲ့​လည်း ​ချိတ်​ဆက်​နေ​တယ်။ ​နောက် ​အာ​ဏာ​ပိုင်​မှာ ​တ
ကယ့်​ထိပ်​တန်း ​တာဝန်​ရှိ​သူ​တွေ​ရဲ့ ​သား​တွေ​က ​ထုတ်​နေ​တာ​တွေ​ပေါ့​။ ​အဲ​ဒီ​တော့ ​ဒါ​တွေ​က ​ပါဝါ​မ​နိုင်
၂ ​ဆောင်​ပြိုင်​တွေ ၀င်​လာ​တဲ့​အ​ခါ​မှာ ​သူ​တို့​က ​မီ​ဒီ​ယာ​လော​ကို ​သ​တင်း​နား​လည်​ပြီး​တော့ ​သ​တင်း
လော​က​နဲ့ ​တိုင်း​ပြည်​အ​ကျိုး​ပြု​မယ်ဆို​တဲ့ ​ရည်​ရွယ်​ချက်​နဲ့ ၀င်​လာ​တယ်​လို့ ​မ​ထင်​ပါ​ဘူး​။ ​သူ​တို့​အ​ချင်း​ချင်း 
အုပ်​စု​တွေ​ရှိ​တယ်။ ​နောက် ​စီ​ပွား​ရေး​ဆို​ရင် ​စီး​ပွား​ရေး​အုပ်​စု​တွေ​ရှိ​တယ်။ ​ခ​ရို​နီ​မှာ​လည်း ​သူ့​အုပ်​စု​နဲ့​သူ 
အာ​ဏာ​ပိုင်​မှာ​လည်း ​သူ့​အုပ်​စု​နဲ့​သူ ​အဲ​ဒီ ​အုပ်​စု​အ​ချင်း​ချင်း ​တ​ယောက်​နဲ့ ​တ​ယောက် ​အ​ပုပ်​ချ​ဖို့​အ​တွက် 
ထွက်​လာ​တယ်​လို့ ​ကျ​နော်​က ​ယူ​ဆ​တယ်။ ​နောက်​တ​ခု​က ​စာ​နယ်​ဇင်း​လော​က ​သ​တင်း​မီ​ဒီ​ယာ ​လော
က​မှာ ​လွတ်​လပ်​ခွင့်​မ​ထိန်း​ချုပ်​ဘဲ ​ဒီ​လို ​ပ​ရမ်း​ပ​တာ ​ရေး​တယ်​ဆို​တဲ့ ​ပုံ​စံ​တ​ခု ​ဖန်​တီး​ချင်​လို့ ​မြန်​မာ​သ
တင်း​သ​မား​တွေ​နဲ့ ​သ​တင်း​လွတ်​လပ်​ခွင်​နဲ့ ​မ​ထိုက်​တန်​သေး​ဘူး​လို့ ​ဒီ​လို ​ပ​ရမ်း​ပ​တာ​လုပ်​ရပ်​တွေ ​ပု​ဂ္ဂိုလ်
ရေး​တိုက်​ခိုက်​မှု​တွေ​နဲ့ ​နာ​မည်​ဖျက်​ဖို့ ​ကြိုး​စား​တယ်​လို့ ​ကျ​နော် ​ထင်​မိ​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

သူ​ရိ​ယ​နေ၀န်း​ဂျာ​နယ်​နဲ့ ​ပတ်​သက်​ပြီး ​မြန်​မာ​ဂျာ​နယ်​လစ်​ကွန်​ရက်​က​လည်း ​အ​လား​တူ ​သ​ဘော​ထား
မှတ်​ချက်​မျိုး ​ထုတ်​ပြန်​ခဲ့​ဖူး​ပါ​တယ်။

အဲ့​ဒီ​ တုန်း​က ​ဂျာ​နယ်​အယ်​ဒီ​တာ​ချုပ် ​ဦး​မိုး​ဟိန်း​က “​အာ​ဏာ​ရှင်​တွေ​နဲ့ ​ခ​ရို​နီ​တွေ​ရဲ့ ​ဩ​ဇာ​က​ရော၊ ​ကျ
နော့်​ကို ​ပြော​တဲ့ ​ပု​ဂ္ဂိုလ်​တွေ​က​ရော ​ကင်း​လွတ်​ရဲ့​လား​။ ​သူ​တို့​ကို ​ကိုယ်​စား​ပြု​ပြီး ​ကျ​နော့်​ကို ​မေး​နေ
တာ​လား​ဆို​တာ ​မေး​မယ်။ ​သူ​ရိ​ယ ​အ​လင်း​နဲ့ ​သူ​ရိ​ယ​နေ၀န်း​သည် ​က​မ္ဘာ့​စာ​နယ်​ဇင်း​၊ ​အ​မေ​ရိ​ကန်​တို့
လို၊ ​အ​င်္ဂ​လန်​တို့​လို ​ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​ကြီး​တွေ​မှာ ​ရှိ​တဲ့ ​စာ​နယ်​ဇင်း ​ကျင့်​၀တ်​ကို​ပဲ ​ကျ​နော်​တို့ ​စံ​လုပ်
ထား​တယ်။ ​ကျ​နော်​တို့ ​မြန်​မာ​ပြည်​မှာ​လည်း ​ဒီ​မို​က​ရေ​စီ ​ရ​တဲ့ ​တ​နေ့​​မှာ ​မြန်​မာ​ပြည်​ရဲ့ ​စာ​နယ်​ဇင်း
ကျင့်​၀တ်​သည် ​က​မ္ဘာ့​စာ​နယ်​ဇင်း ​ကျင့်​၀တ်​နဲ့ ​တ​သား​တည်း ​ဖြစ်​စေ​ရ​မယ်။ ​အဲ​ဒီ​မ​တိုင်​ခင် ​စပ်​ကြား
ကာ​လ​မှာ ​ကျ​နော်​တို့​ကို ​သူ​တို့​တိုင်း​ချင်​တဲ့ ​ပေ​တံ​နဲ့ ​လာ​ပြီး​တိုင်း​လို့ ​ရှိ​ရင်​တော့ ​ကျ​နော်​တို့ ​ဘက်​က
နေ ​ဒါ​ကို ​အ​သိ​အ​မှတ်​မ​ပြု​နိုင်​ဘူး​ဗျ” ​လို့ ​တုံ့​ပြန်​ခဲ့​ဖူး​ပါ​တယ်။

ပြန်​ကြား​ရေး​၀န်​ကြီး​ဌာ​န​ရဲ့ ​အ​ကြောင်း​ကြား​စာ​မှာ ​ဂျာ​နယ်​ထုတ်ဝေ​သူ​များ ​လိုက်​နာ​ရန် ​စံ​နှုန်း​ထား​များ​၊
စာ​နယ်​ဇင်း​ကောင်​စီ​က ​ထုတ်​ပြန်​ထား​တဲ့ ​စာ​နယ်​ဇင်း​ကျင့်​၀တ်​တွေ​ကို​လည်း​ ​ပူး​တွဲ ​ဖော်​ပြ​ထား​ပါ​တယ်။

From:DVB

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.