အရှုံးစံချိန်သစ်နဲ့ မြန်မာ

Posted by Black Magic | Posted in , | Posted on 1:23 PM


သမ္မတကြီးလည်း ဒီပွဲကိုကြည့်နေတာ၊ သူတော်တော် စိတ်မကောင်းဖြစ်သွားရတယ်ဗျာ။
(သမ္မတရုံးမှ အမည်မဖော်လိုသူတစ်ဦး)
+++++++++++++++++++++++++++++++++++++++++++++++++++++
ကျော်ကိုကို ထည့်ဖို့ပြောတယ်၊ ကျော်ကိုကိုနဲ့ စကားများတာက ပွဲပြီးသွားရင် သူမှားရင် အရေးယူလို့ရတယ်၊ ထုတ်ကိုသုံးရမှာ၊ အတင်းပြောခိုင်းတော့မှ နည်းပြကို ကျော်ကိုကို ထိုင်ကန်တော့ပြီး ဒုတိယပိုင်း ၀င်ကစားခွင့်ပေးလိုက်တာ၊
ကြည်လင်းဆိုရင်လည်း နာနေပေမယ့် ၀င်ကစားဖို့ ဟန်တပြင်ပြင်ဖြစ်နေတာ၊ နည်းပြက နာနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကန်ခိုင်းဘူး။
ပရိသတ်တွေမှန်ပါတယ်၊ သူတို့မှာ အပြစ်မရှိဘူး၊ မနက်အစောကြီးထ လူအုပ်ကြီးကြားထဲမှာ တန်းစီ၊ သူတို့ချွေးနှဲစာတွေနဲ့ လက်မှတ်ဝယ်ပြီး ကြည့်ရတာ၊ ဒီလောက်ပေးဆပ်ထားတာကို သူတို့အနေနဲ့ ၀မ်းနည်းဒေါသထွက်မိမှာပေါ့။
သူက Head To Head ကို မသိဘူးလို့ ငြင်းတယ်ဗျ၊ အသင်းကလည်း ကစားပုံကောင်းရဲ့သားနဲ့ နည်းပြရဲ့ပေါ့ဆမှုကြောင့် ပြည်သူတစ်ရပ်လုံး ပေးဆပ်လိုက်ရတာပါ။
(ဦးအောင်ကိုဝင်း)
ပြည်မြန်မာဂျာနယ်
××××××××××××××××××××××××××××××××××××××××
ကျွန်တော်ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းနဲ့ စနစ်ကိုမသိပါဘူး။ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်တယ်လို့ပဲ ယူဆထားတာပါ။ ကျွန်တော် နေပြည်တော်ကို သွားဖို့တောင် ပြင်ဆင်ပြီးပါပြီ။ အားလုံးကို တောင်းပန်ပါတယ်။
(ပတ်ဆောင်ဟွာ)
+++++++++++++++++++++++++++++++++++++++
ဒီလူက ဘယ်တော့မှ ကိုယ့်အပြစ်ကိုယ် ၀န်မခံဘူး။ တစ်ခုခုကို အမြဲလွှဲချနေကျပဲ။
(ဦးစိုးမိုး- အဖွဲ့ချုပ်မီဒီယာတာဝန်ခံ)
The Voice Daily
××××××××××××××××××××××××××××××××××××××××
ဒီပွဲကို မနက်ကတည်းက ဗိုလ်လုပွဲလိုကစားဖို့ ပြောထားပြီးသား။ ဦးတင်မြင့်အောင်ကိုလည်း ပတ်ဆောင်ဟွာကို ပြောပြဖို့ ပြောထားပြီးသားပါ။ သူ မသိဘူးဆိုတာ သက်သက်ခေါင်းရှောင်တာပါ။
(ဦးဇော်ဇော်)
Mizzima Daily
×××××××××××××××××××××××××××××××××××××××
မကစားခင် ကြည်လင်းက ဆေးထိုးပြီးကန်မယ်လို့ ပြောတယ်။ ကျော်ကိုကိုကလည်း အစောကြီးကတည်းက ၀င်ကန်မယ်ဆိုပြီး နည်းပြကို ခွင့်တောင်းတယ်။
ဥက္ကဌကတားနေလို့ ဘာမှမလုပ်ကြတာ။ ရသမျှအခွင့်အရေးတွေအကုန်လုံး မြန်မာနည်းပြတွေတောင်မယူဘဇဲ သူ့ကိုပေးနေကြတာ။ ဒါကနောက်ဆုံးအကြိမ် ရင်ဘတ်ကိုဆောင့်ကန်လိုက်တာပဲ။
(ဦးစိုးမိုး)
+++++++++++++++++++++++++++++++++++++++++++++++++++++
သူပြောတာ သေချာရဲ့လား။ တကယ်မသိဘူးဆိုတာက တကယ်ပြောနေတာလား။ ဘာသာပြန်လွဲနေတာလား။
(အင်ဒိုနီးရှားသတင်းထောက်တစ်ဦး)
7Day Daily
×××××××××××××××××××××××××××××××××××××××××××××××
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပခဲ့သည့် သမိုင်းတစ်လျှောက် အိမ်ရှင်ဘောလုံးအသင်းများမှာ ဖိလစ်ပိုင် (၁၉၈၁၊ ၂၀၀၅)၊ ဘရူနိုင်း (၁၉၉၉) တို့မှလွဲ၍ အနည်းဆုံးစတုတ္ထနေရာ ရယူနိုင်ခဲ့ကြပြီး ၂၀၁၃ ဆီးဂိမ်းစ်အိမ်ရှင် မြန်မာအသင်းမှာလည်း ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့်အတူ အုပ်စုအဆင့်မှထွက်ခဲ့ရသည့် အိမ်ရှင်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

Daily Eleven — feeling
 မြန်မာအသင်း စံချိန်သစ်တင်


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.