မိမိကိုယ်ကို မီးရှို့ပြီး သေကြောင်းကြံမှုအား အွန်လိုင်း၌ တိုက်ရိုက်ပြခဲ့သူ

Posted by Black Magic | Posted in , | Posted on 4:48 PM


article-2516641-19C51F7D00000578-0_634x374

By Khin Aung - December, 2nd 2013
“Stephen” ဟုသာ သိရှိရသည့် ကနေဒါနိုင်ငံမှ ကျောင်းသားတစ်ဦးဖြစ်သူ၏ မိမိကိုယ်ကို မီးလောင်တိုက်သွင်းပြီး သေကြောင်းကြံစည်မှုအား အွန်လိုင်း၌ တိုက်ရိုက်ပြသမှုကို လူ ၂၀၀ ကျော်ခန့်က ဝင်ရောက်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါလူငယ်သည် နိုဝင်ဘာလ ၃၀ ရက်နေ့က 4chan ဟု အမည်ရသည့် ဓာတ်ပုံမျှဝေမှု လူမှုကွန်ယက်ပေါ်၌ ယင်း၏ သေကြောင်းကြံရန် အစီအစဉ်အား ထုတ်ဖော်ကြေညာခဲ့သည်။ 4chan အသုံးပြုသူများ အနေဖြင့် မိမိ၏ ကိုယ်ရေး အချက်အလက်များအား ထည့်သွင်းစရာ မလိုပဲ Anonymously အသုံးပြုနိုင်သည်။
အဆိုပါ post အရ ယင်းအနေဖြင့် မကြာမီတွင် မိမိကိုယ်ကို သတ်သေမည်ဖြစ်ကြောင်း၊ မိမိ၏ နောက်ဆုံးနာရီများအား သတ်သေမှုအတွက် အဆင့်သင့်ဖြစ်စေရန် ပြင်ဆင်သွားမည်ဖြစ်ပြီး ၊ 4chan အား ၂၀၀၄ ခုနှစ်မှ စတင်သုံးစွဲခဲ့သူ ဖြစ်သည့် မိမိအနေဖြင့် ကွန်ယက်ပေါ်မှ လူထုကြီးအား ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ချက်ရှိကြောင်း၊ မိမိအနေဖြင့် အားလုံးအတွက် “သူရဲကောင်းဗီဒီယို” ထုတ်လွှင့်ပေးရန် ရည်ရွယ်ပါကြောင်း ရေးသားသွားခဲ့သည်။
article-2516641-19C51FF500000578-140_634x233
ထို့အပြင် ယင်းအတွက် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှု (Live Streaming) ပြုလုပ်နိုင်ရန် ကူညီပေးကြ စေလိုကြောင်း ၊ အကူအညီ ရရှိပါက ကတိအတိုင်း Live Video ဖြင့် သတ်သေပြမည် ဖြစ်ကြောင်းလည်း ရေးသားထားခဲ့သည်။
“သူရဲကောင်းဗီဒီယို” (သို့) Hero Cam ဆိုသည်မှာ မိမိကိုယ်ကို သေကြောင်းကြံမှုအား တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ရည်ညွှန်းသည့် အွန်လိုင်းအခေါ်အဝေါ ဖြစ်သည်။
“Stephen” ၏ အစီအစဉ်အား တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် Video Streaming ဝက်ဘ်ဆိုဒ်ဖြစ်သည့် Chateen ပေါ်၌ လူတစ်ဦးက ကူညီပြီး setup ပြုလုပ်ပေးခဲ့သည်။ Chateen ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်မှုအား ကန့်သတ်လူဦးရေဖြစ်သည့် လူ ၂၀၀ က ကြည့်ရှုခဲ့ကြပြီး အများအပြားက ဝင်ရောက်ကြည့်ရှုရန် ကြိုးပမ်းခဲ့ကြသည်။
article-2516641-19C5232000000578-940_634x399
ယင်း၏ သေကြောင်းကြံစည်မှုအား နိုဝင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီအချိန်တွင် “Stephen” မှ ဆေးလုံး အများအပြားအား Vodka နှင့်အတူ သောက်သုံးခြင်းဖြင့် စတင်ခဲ့ပြီးနောက် ပေါင်မုန့်ကင်စက်အား အသုံးပြုပြီး ယင်းနေထိုင်ရာ အခန်းအား စတင်ပြီး မီးလောင်တိုက် သွင်းခဲ့သည်။
မီးများလောက်မြိုက်နေခိုက် ကုတင်အောက်သို့ ဝင်ရောက်ပြီး “#imdead #omgimonfire နှင့် I’m f*ck3d” စသည့် hashtag များကို ရေးသားခဲ့သည်။ ကြက်သီးမွှေးညင်း ထဖွယ်ကောင်းသည့် ဤဗီဒီယိုမှာ အွန်လိုင်း၌ ရှိသေးပြီး ဗီဒီယို၏ နောက်ဆုံးပြကွက်၌ “Stephen” အား မီးသတ်သမားများက အခန်းတွင်းမှ ဆွဲထုတ်သွားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
  article-2516641-19C5260D00000578-781_634x513
article-2516641-19C51D8A00000578-677_634x494
article-2516641-19C520DB00000578-973_634x507
“Stephen” ၏ နောက်ဆုံး အခြေအနေအား တရားဝင် မသိရှိရသေးပါ။
“Stephen” ၏ မိမိကိုယ်ကို မီးရှို့ပြီး သေကြောင်းကြံမှုအား အွန်လိုင်း၌ တိုက်ရိုက်ပြသမှု အစီအစဉ်အား လူရာပေါင်းများစွာက အံ့အားသင့်ဖွယ်ရာ ဝင်ရောက်ကြည့်ရှု “အားပေး” ခဲ့ကြသည်မှာ လူမှုကွန်ယက်များ၏ ကြောက်မက်ဖွယ်ကောင်းသည့် Dark Side ပင်ဖြစ်သည်။
ကြည့်ရှုနေကြသည့် လူ ၂၀၀ နှင့် ဝင်ရောက်ကြည့်ရှုရန် ကြိုးပမ်းခဲ့သည့် လူအများအနေဖြင့် လူသားတစ်ဦး သေကြောင်းကြံမှုအား ကိုရီးယား ဒရာမာ ကြည့်ရှုနေသည့်အလား တုန့်ပြန်ခဲ့ကြသည်ကိုလည်း အံအားသင့်ဖွယ် တွေ့ရှိရမည်ဖြစ်သည်။
သေကြောင်းကြံနေသူအား တားမြစ်ရမည့်အစား အားပေးအားမြှောက်ပြုခြင်း၊ ပြက်ရယ်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ တစ်ဦးက “ဒီကောင်တကယ် လုပ်နေပြီဟေ့။ ဒီကောင့်ဓာတ်ပုံကို ငါတို့အားလုံး wallpaper လုပ်ပြီး တစ်ပတ်သုံးရအောင်။” ဟု ရေးသားခဲ့သည်။
ကန့်သတ် လူဦးရေ ၂၀၀ ပြည့်နေသဖြင့် ဝင်ရောက်ကြည့်ရှု၍ မရခြင်းပေါ် ဒေါသထွက်နေသည့် သူတစ်ဦးကမူ “ဓာတ်ပုံတွေရှိရင် ပေးကြဦးဟေ့။ စောက်သုံးမကျတဲ့ဆိုဒ်က လူပြည့်နေတယ်။” ဟု ရေးသားခဲ့သည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.