ဦးကျော်သူ(နာရေးကူညီမူအသင်းဥက္ကဌ)

Posted by Black Magic | Posted in | Posted on 5:11 PM


မြန်မာနိုင်ငံတွင်ကျွန်တော်ရေးချင်နေသောပုဂ္ဂိုလ်နှစ်ဦးရှိသည်။ ထိုနှစ်ဦးမှာဦးကျော်ဟိန်းနှင့်ဦးကျော်သူတို့ ဖြစ်သည်။ယခုဦးကျော်သူအကြောင်းကိုဖော်ပြပါမည်။ ဦးကျော်သူသည် လူသားချင်းစာနာမူဆိုင်ရာဒေါ်တ်တာဘွဲ့ (Doctor of Human Social Service) ဆုကိုချီးမြှင့်ခံထားရသောသူဖြစ်သည်။ထိုဘွဲ့ ရ၇ှိထားသောဦးကျော်သူသည် နာရေးကူညီမူ
အသင်း၏ဥက္ကဌဖြစ်ပြီး လက်ရှိတွင် မျတ်စိအခမဲ့ ခွဲစိတ်မူများအပြင် ကိုယ်ဝန်ဆောင်မိခင်များအတွတ် သားဖွားခန်းများကိုပါ အခမဲ့ ဖွင့်လှစ်ပေးနေလေသည်။ ထိုအပြင် မြန်မာပြည်အနှံရှိသုဿန်များကိုလည်း မှတ်တမ်းတင်နေသောသူဖြစ်ပြန်သည်။ဦးကျော်သူသည် လူမူရေးလုပ်ငန်းများကြောင့်ထင်ရှားသလို ရုပ်ရှင်သရုပ်ဆောင်မင်သားတစ်ဦးအဖြစ်လည်းထင်ရှားခဲ့သည်။ သူသည်အနုပညာကိုချစ်မြတ်နိုးသောကြောင့် အနုပညာနှင့်ကြီးပြင်းလာခဲ့ သောသူဖြစ်သည်။
သို့သော်အနုပညာလမ်းခရီးကိုသူအလွယ်တကူဝင်ရောက်လာခြင်းမျိုးတော့မဟုတ်ပေ။ သူအတွတ်အချိန်တွေအများကြီးပေးဆပ်ခဲ့ ရသည်။ ကြိုးစားခဲ့ရသည်။ သူ၏ပထမဦးဆုံးသော ဇတ်ကားမှာ ဒါရိုက်တာမျိုးမြင့်အောင်ရိုက်ကူးခဲ့ သော ချစ်ကြိုးလေးနှစ်မျှင်ဇတ်ကားပင်ဖြစ်သည်။ ထိုဇတ်ကားဖြင့်ရုပ်ရှင်လောကထဲသို့ ချေခြလာကာ သူ၏စစ်မှန်သောလုံ့ လနှင့်မလျော့သောဇွဲ
များကြောင့် တစ်ပြည်သူမရွှေထားဇတ်ကားဖြင့်အကယ်ဒမီဆုကိုရရှိခဲ့သည်။ ထိုနောက် နိုင်ငံတော်ဇတ်ကားအဖြစ် လှလေးစိန်ကိုရိုက်ကူးခဲ့ သည်။ မိသားစုဇတ်ကားထဲတွင်မူအချစ်ဟုအဓိပ္ပာယ်သတ်ရောက်ခြင်းမရှိစေရဇတ်ကားမှာ အောင်မြင်မူရခဲ့ 
သည်။ထိုဇတ်ကားသည်သူနောက်ဆုံးရိုက်ဖြစ်ခဲ့ သောဇတ်ကားလည်းဖြစ်သည်။
ဦးကျော်သူသည် နာရေးကူညီမူအသင်းရန်ကုန်ကို ၂၀၀၁ခုနှစ်၊ဇန်န၀ါရီ(၁၁)ရက်နေ့ တွင် စတင်
ဖွဲ့ စည်းခဲ့ သည်။ ထိုအသင်းကိုဖွဲ့ စည်းပြီးနောက် အယ်ဂျာဇီးယားရုပ်သံလွှင့်ဌာနက လာရောက်မှတ်တမ်းတင်ခဲ့ ကြသည်။ သူ၏နာရေးကူညီမူအသင်းဖွဲ့ စည်းဖြစ်လာပုံကိုပြောပြရာတွင်--အဘဦးသုခဆေးရုံတတ်နေရချိန် သူသွားကြည့်ဖြစ်ရာမှစခဲ့ 
သည်။ ဆေးရုံရှိ အဘဦးသုခ၏ဘေးကုတင်တွင်လူနာအဖိုးအိုတစ်ယောက်ကို သူတွေ့ ရှိခဲ့ ရသည်။တစ်နေ့  သူရာက်ရှိနေသောအချိန်တွင် တစ်ဖက်ကုတင်မှလူနာရှင်များကို ဆရာဝန်က အိမ်ပြန်ခေါ်သွားချင်ရင်ခေါ်သွားတော့..၊ ဆေးကုသသည့်ပိုင်းက အစွမ်းကုန်သွားပြီဟုပြောဆိုသံကို သူကြားခဲ့ သည်။ ထိုနေ့ မှစပြီးနောက်နေ့ များတွင် ထိုလူနာကိုစောင့်ကြည့်ပေးမည့်သူမ
တွေ့ ရတော့ပေ။သူမေးမြန်းကြည့်သောအခါ လူနာရှင်များမှာ သဂြိုလ်ဖို့ ပိုက်ဆံမတတ်နိုင်သောကြောင့် လူနာကို ဆေးရုံမှာ ထားသွားခဲ့ ခြင်းဖြစ်ကြောင်းသိခဲ့ ရသည်။ သူထိုအဖြစ်အပျတ်ကိုမြင်ပြီးနောက် ဗုဒ္ဓဘာသာလူမျိုးများအတွတ် နာရေးကူညီမူအသင်းရှိလျှင်ကောင်းလိမ့်မည်ဟု တွေးမိပြီး အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်သည်။သူသည်ထိုအလုပ်ကိုလုပ်ကိုင်ရင်းဖြင့် လူတွေဘာကြောင့်လွယ်လွယ်သေရသနည်းဆိုသော မေးခွန်းကိုထပ်မံတွေးတောမိပြန်သည်။ ယင်းမှာကျန်းမာရေးချို့ တဲ့ သောကြောင့်ဟု သူနားလည်မိပြီး ရပ်ကွတ်ကျေးရွာများတွင် သုခကုသိုလ်ဖြစ်ဆေးခန်းများကို ထပ်မံဖွင့်လှစ်ခဲ့ ပြန်ပါသည်။
ထိုသို့ ဖြင့် ၂၀၀၈ခုနှစ်မတ်လ(၇)ရက်နေ့ တွင် ဦးကျော်သူသည် ဈာပနကော်မတီဝင်များနှင့် အလုပ်အ
မူဆောင် အစည်းအဝေး၏ဆုံးဖြတ်ချက်အရနာရေးကူညီမူအသင်း(ရန်ကုန်)၏ ဥက္ကဌအဖြစ်ခန့် အပ်ခံရပေသည်။ သူဥက္ကဌဖြစ်ခဲ့ ပြီးနောက် နာဂစ်မုန်းတိုင်းကြောင့် ဒုက္ခရောက်ရသောသူများကို လှုဒန်းမူများပြုလုပ်ခဲ့ သည်။ ထိုကဲ့ သို့ သူ၏စေတနာများကြောင့် အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးများက ပြည့်သူဘက်တော်သားအနုပညာသမားဆုကိုပေးအပ်ခဲ့ ကြပါသည်။
ထိုနောက်၂၀၁၀ပြည့်နှစ် ၊ဧပြီ(၂၅)ရက်နေ့ တွင်လည်းအမေရိကန်ရောက်မြန်မာလူမျိုးများက
ပြည်သူဂုဏ်ရည်ဆုကိုထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြသည်။ထိုနောက်သူသည် လူငယ်မျိုးဆက်သစ်သင်တန်းနှင့်ပြည်မြို့ နာရေးကူညီမူအသင်းများ ထပ်မံဖွင့်လှစ်ခဲ့သလို
ကျေးရွာကုသိုလ်ဖြစ်ဆေးခန်းများတွင်လည်း ဆေးဝါးများကိုပိုမိုထောက်ပံပေးခဲ့ ပါသည်/
၂၀၁၁ခုနှစ်၊နိုဝင်ဘာလတွင် ဦးကျော်သူသည် ဘန်ကောက်နှင့်သြစသြေးလျရှိ ခရစ်ယာန်အသင်း
ချုပ်များ၏ သဘောတူညီချက်ဖြင့် လူသားချင်းစာနာမူဆိုင်ရာဒေါ်တ်တာဘွဲ့ ကိုချီးမြှင့်ခံရသည်။ သူသည်ထိုဆုရရှိပြီးနောက် ကျော်သူကကျော်သူပါပဲ၊ ဒေါ်တ်တာကျော်သူဖြစ်လို့  ဘ၀င်ကိုင်စရာလည်းမလိုဘူး၊ ကိုယ်နေမြဲအတိုင်းပဲနေတယ်၊ကူမြဲအတိုင်းကူညီတယ်၊ ဒီဆုရလို့ ဘာမှပိုမလာပါဘူး၊ ပိုပြီးတောင်ကူညီရမယ့်အပိုင်းတွေ ရှိလာပါတယ်ဟု သူစိတ်ရင်းအတိုင်း
ပြောခဲ့ သည်။သူသည်အနုပညာ လုပ်ပိုင်ခွင့်ပိတ်ပင်ခံရခြင်းနှင့်ပတ်သတ်ပြီးပြောပြခဲ့ ရာ - ဆရာဝန်တစ်ယောက်ဆေးကုသသောနားကြပ်နှင့်ဆေးထိုးကိရိယာများအသိမ်းခံရသလို၊ စစ်ဗိုလ်တစ်ယောက်လတ်နတ်အသိမ်းခံရသလိုခံစားရသည်ဟုဆိုသည်။ လူတို့ ၏စိတ်ဓါတ်ပိုင်းဆိုင်ရာအတွတ် လမ်းညွှန်ပြရာမှာလည်း သူက- အများကြီးပြောင်းလဲဖို့ လိုအပ်သည်။ နိုင်ငံတကာအဆင့်သိဖို့ လည်းလိုအပ်သည်။ အထူးသဖြင့်ကားများလမ်းအလယ်တွင်ရပ်ခြင်း၊ကျော်တတ်ပြီးမောင်းနှင်ခြင်း၊
ဈေးဆိုင်များလမ်းပေါ်မှာဆောက်ခြင်း၊ကအစတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကိုပြုပြင်ရမည်။ လက်ရှိမြန်မာနိုင်ငံသည် ကိုယ်လှေ ကိုယ်ထိုးပဲခူးရောက်ရောက်စိတ်ဓါတ်မျိုးပဲရှိနေကြသည်ဟုဆိုခဲ့ သည်။
ဦးကျော်သူသည် ဒီမိုကရေစီနှင့်ပတ်သတ်ပြီးတော့လည်း- သူသည်ဒီမိုကရေစီဆိုတာကိုဘာမှန်းမသိပါ၊ ဘယ်သူတွေသမ္မတဖြစ်ဖြစ်မိမိကတော့မသာချနေမည်ဟုလူထုပုံရိပ်ဂျာနယ်မှပြောပြခဲ့ ဖူးသည်။ ၂၀၁၂တွင်ဦးကျော်သူသည် အမေရိကန်လွှတ်တော်ကွန်ကရက်မှအသိအမှတ်ပြုသည့် NED ဆုပေးပွဲသို့ တတ်ရောက်ခွင့်ရရှိခဲ့ သည်။ထိုသို့ သွား ရင်းဖြင့်
အမေရိကန်ရှိ သုဿန်နှင့်သင်္ချီုင်းများကိုလေ့လာခဲ့ သည်။ လေ့လာရာတွင် သူသည်
လူသင်္ချိုင်းကိုသာမက ၊တိရိစ္ဆာန်သင်္ချိုင်းများကိုပါလေ့လာခဲ့ သည်။သူထိုမှပြန်လာသောအခါ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းခံရမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော သံဃာတော်များအားကုသပေးမူများလုပ်ခဲ့ သည်။ထိုနောက်သူက-
ကျော်သူတောထဲဝင်တော့မည်။ ထော်ပြီအကုန်လုံးလည်းလုပ်ပေးပြီးပြီး။လူမူရေးလည်းလုပ်ပေးပြီဲးပြီး။လူ
တွေအားလုံးငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးလုပ်ပေးခဲ့ သည်။ မရသည့်အဆုံးကိုယ်ငြိမ်းချမ်းရေးပဲကိုယ်ရှာတော့မည်ဟု မလေးရှားသို့ မထွက်ခွာမီ သတိပေးစကားဆိုခဲ့ သည်။ထိုစကားကြောင့်ဦးကျော်သူသည် စိတ်ဓါတ်အလွန်တရာမာကျော
သူတစ်ယောက်၊မွန်မြတ်သောလူသားတစ်ယောက်ဖြစ်ကြောင်းကိုဖော်ပြနေပေသည်။ထိုကြောင့်ဦးကျော်သူသည်တိုင်းပြည်အတွတ်ဂုဏ်ယူစရာမှတ်ကျောက်တစ်ခုဖြစ်ခဲ့ ပေသည်။ထိုသို့ မှတ်ကျောက်တင်ခံရသောဦးကျော်သူအားဂုဏ်ပြုသောအားဖြင့်
ဆရာဗန်မော်ညိုနွဲ့ က ထူးထူးခြားခြားကျော်သူဆိုသောကဗျာကိုရေးဖွဲ့ပေးခဲ့သည်။ထိုကဗျာကိုပြန်လည်ဖော်ပြရင်း ကျွန်တော်
၏ဦးကျော်သူအြေ့ကာင်းဖော်ပြမူကို အဆုံးသတ်လိုက်ပါသည်။

ထူးထူးခြားခြားကျော်သူ

ရုပ်ရှင်ဇတ်ထုတ်၊ သူ ၀င်လုပ်တိုင်း
သရုပ်သကန် ၊ ပီပြင်ဟန်ကြောင့်
ဘုန်းလျှံမွှေးမွှး ၊ ၀ိုင်းချစ်ကြသည့်
အာဂမင်းသား၊ ကိုကျော်သူ
ဌာန်ရော၊ဟန်ရော၊ ပြောဖွယ်မရှိ
ပကတိမူ ရှု ၊ ချွတ်စွတ်တူကြောင့်
သူ့ အပြုံးကွတ်၊ ကြည့်တိုင်းသွက်သည့်
ထက်မြတ်လှသော မင်းသာတစ်ဦး…။ ။

အချိုပေါ်လောင်း ၊သကာဆောင်းသို့ 
အကောင်းပေါ်တွင်၊အကောင်းတင်အောင်
ပဲ့ တင်ချင်းချင်း၊ သူ့ သတင်းသည်
ထုံ့ သင်းရိုက်ခတ်၊ ပြည့်သူ့ ကြား….။ ။

သတင်းသစ်ကား ၊အခြားမဟုတ်
နာမ်ရုပ်ထွက်ခွာ ၊ လူရွာစွန့် ပစ်
အသစ်ဘ၀ ၊ ကူးပြောင်းကြသော
ကဗ္ဗဇရုပ်၊ ငြိမ်းချုပ်လေငြား
လူသားစွန့် ကိုယ်၊ များထိုထိုကို
သဂြိုလ်သတ်မှတ်၊ သုသာန်ရပ်သို့ 
တတ်စွမ်းသမျှ၊ဆောင်ပို့ သမူ
အာဂယောကျာ်း၊ ကားဒရိုက်ဘာ..။ ။

ဒီစေတနာ၊ နှင်းပုဝါမျိုး
လူ့ ရွာသိုင်းဝိုင်း၊ လူတိုင်းမရှိ
အတိမာန၊ မြေလွှတ်ချသော
အနာဂါမ်ပုဂ္ဂိုလ်၊ဆိုနိုင်စလောက်
တစ်ယောက်တစ်ခေတ် ပေါ်တထွန်းသစ်လေ့
ခိုင်ကျည်မေတ္တာ၊ ဂရုဏနှင့်
မေတ္တာရွှေထူး၊ ရှေ့မဦးက
ဖူးပွင့်မာလာ၊ စေတနာပုရစ်
သူ မလှစ်ဘူး….။ ။

ကိုကျော်သူ၏
ဖြူစင်စိတ်ဓါတ်၊မိုးသို့ ဟပ်
မြတ်မြတ်မြင့်မြင့် လတ်စေသတည်း ………………။ ။
(ဗန်မော်ညိုနွဲ့ )
ကိုးကား=အပတ်စဉ်ထွက်ဂျာနယ်များ

Credit to မင်းဆက်ဝေ (သူတို့)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.