မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်လုသူအား ဖမ်းမိ

Posted by Black Magic | Posted in , | Posted on 1:59 PM





ဒီဇင်ဘာ ၇ ရက်၊ စနေနေ့ည ၉ နာရီ

စစ်ကိုင်းတိုင်းဒေသကြီး၏ အစိုးရရုံးများ အခြေစိုက်တည်ရှိရာ မုံရွာမြို့ကြီးတွင် ညအချိန်များ၌ အများပြည်သူ သွားလာလျက် ရှိသည့် လမ်းမကြီးများပေါ်တွင် ဆိုင်ကယ်စီး၍ လက်ကိုင်ပိုက်ဆံအိတ် လိုက်လံလုယူသူများအား ယနေ့ည( ၇.၁၂.၂၀၁၃ ) ၈ နာရီအချိန်ခန့်က ဖော်ထုတ်ဖမ်းဆီးနိုင်လိုက်ပြီဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ မဇ္ဈိမသို့ ပြောသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ရဲတပ်ဖွဲ့ဝင် (၃၀) ဦးပါဝင်သော မှုခင်းဖော်ထုတ်ရေးအဖွဲ့သည် မုံရွာမြို့၊ ဗိုလ်ချုပ်ကြေး ရုပ်နှင့် ဆင်နှစ်ကောင်ဘုရား အကြား ဗိုလ်ချုပ်လမ်းမကြီးတလျောက်တွင် လုပ်ငန်းလိုအပ်ချက်များအရ အများပြည်သူ ၀တ် ဆင်လေ့ရှိသည့် အ၀တ်အထည်များကို ၀တ်ဆင်၍ လက်ကိုင်ပိုက်ဆံအိတ် လိုက်လံလုယူသူများကို ဖော်ထုတ်ဖမ်းဆီးရ ရှိရေးအတွက် အသွင်ယူစောင့်ဆိုင်းခဲ့ရာမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး ကြူအင်းမှ ဆက်လက်၍ ပြောသည်။

ထိုသို့ ဆောင်ရွက်ခဲ့သည်မှာ လွန်ခဲ့သော သုံးရက်ခန့်မှစတင်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုလ ၇ ရက်နေ့ ညနေ ၆ နာရီက ဒုရဲအုပ် မဌေးဌေးလှိုင် ဆိုသည် အများပြည်သူ ၀တ်ဆင်လေ့ရှိသည့် အ၀တ်အထည်များကို ၀တ်ဆင်၍ တစ်ဦးတည် ဆိုင်ကယ်စီးနင်းကာ သူမ၏ ဆိုင်ကယ်ရှေ့၌ တပ်ဆင်ပါရှိသော ခြင်းအတွင်း လက်ကိုင်ပိုက်ဆံအိတ်တစ် လုံးအား ဆိုင်ကယ်ခြင်းနှင့် ကြိုးဖြင့်တွဲကာ ချည်နှောင်၍ ယူဆောင်လာခဲ့ပြီး အဆိုပါ လမ်းမကြီးအတိုင်း တောင်မှ မြောက်သို့ ဆိုင်ကယ်စီးနင်းလာစဉ် ၎င်းလမ်းကြောင်းအတိုင်း သူမ၏နောက်မှ ဆိုင်ကယ်တစ်စီး လူငယ်နှစ်ဦးက လိုက်လံလာခဲ့သည်။

ထို့နောက် လမ်းမီးအလင်းရောင် လုံးဝမရှိသော ကန်သာယာတံတားအနီး ရာပြည့်ကပ်ကျော်ဘုရားမုခ်ဦး၏ အနောက်ဘက် နေရာအရောက်တွင် ၎င်းလူငယ်နှစ်ဦးအနက် ဆိုင်ကယ်နောက်မှ ထိုင်၍လိုက်ပါလာသူက ဒုရဲအုပ် မဌေးဌေးလှိုင် ဆိုင်ကယ် ရှေ့ခြင်းအတွင်းရှိ လက်ကိုင်ပိုက်ဆံအိတ်( စလင်းဘတ်)အား လုယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ လူယူနေစဉ် ဒုရဲအုပ် ဌေးဌေးလှိုင်၏ နောက်မှ လုံခြုံရေးလိုက်ပါလျက်ရှိသော ဒုရဲအုပ် သန်းလွင်က အသင့်စောင့်ဆိုင်း လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ အလစ်သုတ်လူငယ်နှစ်ဦးမှ ထိုသူတို့စီးနင်းလာသော ဆိုင်ကယ်အား စက်အရှိန်အကုန်မြင့်တင်၍ တဟုန်ထိုး နောက်ကြောင်းပြန်ကွေ့ကာ မောင်နှင်ထွက်ပြေးခဲ့စဉ် ဆိုင်ကယ် နောက်မှ ထိုင်၍လိုက်ပါလာသူ ပိုက်ဆံအိတ်လုယူသူမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျကျန်ခဲ့ခြင်းဖြစ်သည်။ ထိုသူမှာ အရက်သေ စာသောက်စားထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။
အဆိုပါ လက်ကိုင်ပိုက်ဆံအိတ်များ လိုက်လံ လုယက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒုရဲအုပ် သန်းလွင်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ မုံရွာမြို့မရဲစခန်းက (ပ) ၆၀၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အခုတလော လမ်းမပေါ်မှာ လုယက်ခံရတဲ့ နေရာတွေကို လေ့လာကြည့်ရင် လမ်းမီးအလင်းရောင် အလုံအလောက် ကောင်းစွာ မရရှိပါဘူး။ ဒါဟာလည်း ဒုစရိုက်သမားတွေအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နေရပါတယ်..” ဟု ဒေသတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းအား လိုလားလျက်ရှိသူ ပြည်သူတစ်ဦးမှ ထိုကဲသို့ ပြောပြသည်။
ကျန်ရှိနေသေးသည့် ပိုက်ဆံအိတ်လုယက်ထွက်ပြေးသူများအား အချိန်တိုအတွင်း ဖမ်းဆီးရရှိမိရေးအတွက် ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် ဦးဆောင်သောအဖွဲ့သည် အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ + မူပိုင် = ကိုတိုးကြီး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.