ဖတ်မိတဲ့ ဟာသများ..၊

Posted by Black Magic | Posted in | Posted on 4:23 AM



အားလုံးဘဲ Good Morning ဗျာ..၊ တနေ့တာ အစမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်လို့ ဟာသလေးတွေတင်ပေးလိုက်ပါတယ်..၊


( ဆရာကြီး၏ နောက်ဆုံးဆေးလုံး ) 

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ် နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေလေပြီ။ဆရာကြီးက မကြောက်ရန်ပြောပြီး“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှလက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့သည်။ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။



ခွင့်ရက်....

သူဌေး--- "ဘာ... ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?*>> တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ> တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ> (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့> မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။> ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။> တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က> (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့> မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက> (၉)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၁)ရက်ပဲကျန်တယ်။ ကုမ္ပဏီက> တစ်နှစ်မှာခွင့်(၁၀)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က> (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?



ရင်သွေး ရရေးစီမံချက် 



နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်…လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက်လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…ယောက်ျားလုပ်သူက…"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… "အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီးစိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာစောင့်နေတဲ့သူက သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။မွေးကင်းစအရွယ် ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်းအိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… ""သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… ""ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့ အလုပ်အကိုင်က… ""သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး ""ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… ""ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကိုဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ ""ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ ""ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း…ဘယ်ကဘယ်လိုစရမယ် မသိဘူးနော်…""ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်ကအဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ ""ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… ""ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ ""ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ ""ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ်လွှတ်ပေးလိုက်တဲ့ အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား…""အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ ""ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ ""ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာမြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ ""ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်ကလေးလေးက ချစ်စရာလေး…ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… ""ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ..ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကားခေါင်မိုးပေါ်မှာ…ဗျ။ ""ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ ""ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ…သူက သူ့အမျိုးသားကို အထူးအဆန်း ပြချင်လို့ဆိုပြီး ကျနော့်ကိုအလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ မခက်ပါဘူးလေ။အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ ""ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… ""ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်..ဟုတ်လား။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ ""လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက ဗီဒီယိုမင်းသမီးဗျ… သူကအဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ ""ဗုဒ္ဓော… ဘုရား.. ဘုရား… ""ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲပြုံလို့ ခဲလို့…အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ ""ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး ""ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီးလက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်ကနောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော)ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… ""ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…




သတိ- မလုပ်ရ

- နိုးစက်ကို ပိတ်ပြီးပြန်အိပ်တတ်ခြင်း။ အချိန်ကပ်မှ အတင်းထပြီးဝရုန်းသုံးကားဖြင့် အလုပ်ကိုအူယားဖားယား ပြေးသွားတတ်ခြင်း။

- အရေးတစ်ကြီးသွားစရာရှိမှ အ၀တ်အစားကို မနက်သွားခါနီး ပျာယိပျာယာယာမီးပူထိုးခြင်း။ တစ်ခါတစ်ရံ အရမ်းပူနေ၍ ခဏမ၀တ်သေးပဲ စောင့်နေရခြင်း။ဖိနပ်မှာကြိုးပါလျှင် ကောက်စွပ်၍ ဓါတ်လှေခါးစီးရင်းမှ ချည်ခြင်း။

- မနက်ရုံးအလုပ်ဖိုင် အရင်မဖွင့်သေးပဲ ဂျီတော့၊ ဂျီမေး၊ ဘလော့၊ ဖေ့ဘွတ်၊စီဘောက် စသည်များကို မီနီမိုက် အရင်လုပ်ထားခြင်း။

- မနက် ဘရိတ်ဖတ် စားရင်းဖေ့ဘွတ်၊ ဘလော့ဖတ်ခြင်း။ ဘယ်လက်ဖြင့်မုန့်စားရင်းညာလက်ဖြင့် ဂျီတော့ပြောခြင်း။ စင်တူမနက်စာကို နေ့စဉ်ဗိုက်ဝပြီးရောမြိုချခြင်း။
( ဥပမာ- ကော်ဖီနှင့် အန်ဆွဲထဲက ဘီစကစ်ထုတ် )

- မနက် 8:30 ရုံးတက်သော်လည်း 9:30 မှအလုပ် စလုပ်ခြင်း။ အလုပ်စားပွဲကိုတစ်မင်ပွအောင် ဖရိုဖရဲလုပ်ထားခြင်း။ မည်သို့ပင် အလုပ်ရှုပ်နေစေကာမူဂျီတော့နှင့် ဖေ့ဘွတ်စတက်တပ်တို့တွင် ခံစားရမှုများကို အချိန်ကိုက် Updateလုပ်ခြင်း။ ဖေ့ဘွတ်ပေါ် ရင်းနှီးမှုမပျက်စေရန် ရည်သန်ပြီး ကော့်မက်များရေးရခြင်း။

- ရုံးတွင် အလုပ်တစ်ခုမပြီးသေးပဲ နောက်တစ်ခုလာခိုင်းရင် မျက်နှာကိုပုပ်သိုးအောင် လုပ်ထားခြင်း။ ပြီးပြီးသားပရောဂျက်ကို နောက်အသစ်ထပ်ပေးမှာဆိုး၍တစ်မင် အထပ်ထပ်ပြင်နေခြင်း။

- စီဘောက်၊ ဂျီတော့များပြော၍ တစ်ခါတစ်ခါ ပြုံးမိခြင်း၊ ရယ်မိခြင်း။အရမ်းရယ်ချင်လာလျှင် ဘေးနားရေဗူးမှ ရေကိုမဆာပဲ သောက်ပစ်ခြင်း။

- သူဌေးကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များရှေ့တွင် ဟိုဟာလုပ်သလိုလို၊ဒီဟာရှုပ်သလိုလို နေပြခြင်း။ တစ်နေ့လုံးမင်သေသေဖြင့်အလုပ်ရှုပ်ချင်ယောင်ဆောင် နေခြင်း။

- ရုံးဆင်းခါနီး ဂျီတော့၊ ဂျီမေးတို့မှ ထူးဆန်းသောလင့်ကို ရ၍ရုံးတွင်အချိန်ပို နေခြင်း။ တစ်ကယ်အလုပ်ရှိ၍ အချိန်ပို နေရလျှင်စိတ်တိုလာခြင်း။

- ထမင်းစားချိန်နှင့် ရုံးဆင်းချိန်တို့တွင် အလုပ်တွေရှုပ်နေသယောင်တစ်မင်နောက်ကျမှ ထွက်ခြင်း။ ( ဂျီတော့၊ စီဘောက်များတွင် မစားသေးဘူးလား၊စားပီးပီလား၊ မပြန်သေးဝူးလား၊ တာ့တာဘိုင့်ဘိုင်!@#$%& ဘာညာပြောနေခြင်း။ )

- ကင်တင်းသွားစားရင် ထမင်းသာစား၍ အအေးမသောက်ခြင်း။ ( ရုံးပြန်ရောက်မှရေသောက်ခြင်း။ ချွေတာရေး။ )

- နေ့လည်စာစားပြီးချိန် အိနြေ္ဒမရလောက်အောင် ငိုက်မြည်းခြင်း။မထိန်းနိုင်တော့လျှင် အိမ်သာထဲဝင်ပြေးပြီး အိပ်ခြင်း။

- စနေ၊ တနင်္ဂနွေကဲ့သို့ အားလပ်ရက်များတွင် လျှောက်လည်ရိုက်ထားသော ဓါတ်ပုံ၊ဗီဒီယိုများကို ဖေ့ဘွတ်သို့ Upload ခြင်း၊ အတူသွားခဲ့တဲ့ ဘော်ဒါတွေဆီပို့ပေးခြင်း။ ပုံကောင်းလေးများ ထွက်ရှိစေရန် အလို့ငှာ Photo shop၊ အစစသိသမျှအလကား ဆော့ဝဲလ်မှန်သမျှ ဒေါင်း၍ပညာမှောင်ခို ကူးနေခြင်း။

- ရုံးဖုန်းဖြင့်သာ သူငယ်ချင်းများကို ခေါ်ပြောပြီး၊ ကိုယ်ပိုင်ဖုန်းကိုIncoming Call သာစောင့်နေခြင်း။ Incoming Call လာလို့ကတော့ တစ်ဖက်ကဒါပဲနော်မပြောမချင်း သစ္စာရှိစွာဖြင့် ခင်ပြခြင်း။

- လက်ရှိကုမ္ပဏီမှပြောင်းလို၍ တစ်ခြားမှ အင်တာဗျူးဖုန်းလာလျှင် အိမ်သာသို့ရုတ်တရက်ဝင်ပြေးခြင်း။

- မဖျားပဲ MC ယူခြင်း။ Leave ယူပြီး အင်တာဗျူး သွားဖြေခြင်း။

- ရုံးတွင်ကိုယ့်လူမျိုးအချင်းချင်း ဒင်း( လူမျိုးခြား ) တို့ကိုအတင်းတုတ်လျှင် မြန်မာသရုပ်ဆောင် နာမည်များဖြင့် အစားထိုးခြင်း။သို့တည်းမဟုတ် ငါ့အရှေ့က၊ နဘေးက၊ ဘိုးတော်( သူဌေး )၊ သူ့မိန်းမ စသဖြင့်နာမ်စားသုံး ပြောဆိုခြင်း။

- ဒစ်စကောင့်မှန်သမျှ ဖလန်းဖလန်းထအောင် အသုံးမလိုပဲ လိုက်ဝယ်တတ်ခြင်း။အားလပ်ရက်ဆက် လေးများရှိလျှင် ဘယ်သူနဲ့ ဘယ်သဝေထိုးရမလဲတွေးပြီးလူ့တန်းဝင်အောင် မရောက်ဖူးတဲ့ နေရာမှန်သမျှ ထောင့်စေ့အောင် သွားဖို့ကြံစည်ကြခြင်း။

- ကိုယ်ပိုင်ဘလော့ လေးများရှိရင် ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် စိတ်ကူးကြံဆပြီးတွေးရ၊ ရေးရခြင်း။ ( ဒါသိပ်ဆိုးတယ်။ )

- တရားပွဲမက်ဆေ့ဆို သူများတွေကို ဖော်ဝေါ့လုပ်ပေးပြီးကိုယ်တိုင်မသွားခြင်း။ အိမ်ကနေတိုက်ရိုက်နာသည် ဟုလူကြားကောင်းအောင်ပြောဆိုခြင်း။

- အင်တာနက်ကို မလှုပ်မယှက် နာရီပေါင်းများစွာ ကြည့်နိုင်သော်လည်းအာနာပါနရှုလျှင် တရားသဘောကို သဘောတရားလောက်သာ ရှုမှတ်ခြင်း။ထိုမျှလောက်သောကုသိုလ်ကို ဘုရား၊တရား လုပ်သည်ဟု ပညတ်မိခြင်း။

- ဖေ့ဘွတ်မှဂိမ်းများအား ညဥ့်နက်သည်အထိ ဆော့ခြင်း။ အိပ်တော့မည်ဟုအကြိမ်ကြိမ်ဆုံးဖြတ်၍ သန်းခေါင်ကျော်အထိ နေမိခြင်း။

- မနက်မှ ဘုရားရှိခိုးတော့မယ်လို့ တွေးပြီးအိပ်ခြင်း။ မသကာပေါက်ဆိန်ပေါက် သုံးကြိမ်ပေါက်၍ အိပ်ခြင်း




တရုတ်နဲ့ အတု 

ဒီရက်ပိုင်း တရုတ်က လုပ်တဲ့ ကြက်ဥအတုတွေအကြောင်း.. ဟိုဟိုဒီဒီ သတင်းတွေမှာ.. တွေ့နေရတော့.. တုံးကွမ်က တရုတ်တစ်ယောက် ဖောက်သည်ချတဲ့ တရုတ်လုပ်ပစ္စည်းတွေ အတုအလွန်များတဲ့ အကြောင်းလေး ခေါင်းထဲ မှာ ပေါ်လာတယ်..။ ကျွန်တော်တို့ဝယ်မယ့် စက်ပစ္စည်းတွေရဲ့ Electrical Spare Parts တွေကို.. တရုတ်လုပ်ပစ္စည်းတွေ မလိုချင်ဘူးလို့ ပြောကြရာကနေ.. အဲဒီအကြောင်းကို သူက ရယ်စရာအနေနဲ့ ပြောပြ ခဲ့တာပဲ..။တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ အတု ဘယ်လောက်များသလဲ ဆိုရင်.. တုံးကွမ်က စက်ရုံပိုင်ရှင်သူဌေးတစ်ယောက်.. အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်..။ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို.. သူတော့ အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်သတ်သေသွားပြီ ဆိုတဲ့အကြောင်း သတင်းစကားစာရေးထားခဲ့ပြီး အဆိပ်တကယ်သောက်ပစ်လိုက်တယ်..။ ဒါပေမယ့်.. အဆိပ်က အစစ်မဟုတ်ဘဲ အတုဖြစ်နေတော့ သူမသေဘူး..။အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ.. သူလည်း တော်တော်ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ်..။ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကလည်း.. “ ကံကြီးပေလို့ သာပဲ ” “ အဆိပ်အတုဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး .. အဲဒီသူုကို ၀မ်းသာအားရ ၀ိုင်းဝန်းနှစ်သိမ့်ရင်း.. သေရွာပြန်အထိမ်းအမှန်အနေနဲ့ ပွဲလုပ်ကြတယ်...။ ဒါပေမယ့် အဲဒီပွဲမှာ သူတို့သောက်တဲ့ အရက်ကျမှ အတုဖြစ်နေလေတော့.. သူတင်မက..သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရောတဲ့..။



သူမ ရုံးနေ့လည်စာဆင်းချိန်တွင် ပဲဟင်း သုံးပန်းကန်ကို မစားသင့်မှန်းသိပေမဲ့လည်း စားခဲ့မိသည်။ အကျိုးသက်ရောက်မှုကတော့ ကောင်းလိမ့်မည် မဟုတ်မှန်း ဗိုက်က တဖြည်းဖြည်း ပြလာသည်။ အိမ်ပြန်ရောက်တော့ အသင့်စောင့်နေသော သူမယောက်ျားက သူမမျက်လုံးအား အ၀တ်ဖြင့် ပတ်စီးကာ အံ့သြစရာပြမယ် လိုက်ခဲ့ ဟုဆိုကာ သူမကို ထမင်းစားခန်းသို့ ခေါ်သွားပြီး ထိုင်ခုံမှာ ထိုင်စေသည်။ ထိုအချိန်မှာပင် အိမ်ခန်းထဲမှ တယ်လီဖုန်းက မြည်သည်နှင့် ခဏလေးနော် မဖွင့်ကြည့်နဲ့ဦး ဟု သတိပေးကာ ထွက်သွားသည်။ အခန်းထဲမှ ဖုန်းပြောသံကြားရသည်နှင့် ခံစားနေရသော ဆိုးဆိုးရွားရွား ဝေဒနာအား ပေါ့သွားစေရန် ဘယ်ဘက်သို့ ဟန်ချက်မပျက်အောင် အနည်းငယ်စောင်းလိုက်သည်။ အသံသိပ်မကျယ်ပေမဲ့ အနံ့က အလွန်ပြင်းထန်လှသဖြင့် သူမအရှေ့က လက်ကိုင်ပုဝါကို စမ်းလိုက်ပြီး ယပ်ထုတ်လိုက်သည်။ ဘယ်လို ပြောပြရမှန်းမသိအောင် ပျော်ရွှင်မိခြင်းပင်။ သို့ပေမဲ့ စိတ်ချလက်ချ သက်တောင့်သက်သာ နေလို့ရအောင် နောက်ထပ်တစ်ကြိမ် ညာဘက်သို့ အနည်းငယ်စောင်းလိုက်ပြန်သည်။ အခန်းထဲမှ ဖုန်းပြောသံကို သေချာ နားစွင့်လိုက်ပြီးတော့ နောက်ထပ်တစ်ကြိမ်။ ယပ်လေးခတ်ခတ်ပြီး အဆင်ပြေနေသေးသည်။ ဖုန်းပြောရင်း နှုတ်ဆက်စကားကြားလိုက်ရတော့ နောက်ဆုံးတစ်ကြိမ် ကို အလျင်အမြန်နှင့် ယပ်ခတ်ထုတ်လိုက်ရသည်။ ဘာမှမသိသည့်ပုံစံနှင့် သူမယောက်ျားက ဆောရီးနော် ကြာသွားတယ်ကွာ ဖွင့်တော့မကြည့်ထားဘူးမှတ်လား ဟု မေးလာသဖြင့် အပြစ်ကင်းဟန်လေးနှင့် ဘယ်ကြည့်ပါ့မလဲ မောင်ရယ် ဟု ပျစ်ချွဲချွဲဖြင့် ပြောလိုက်ရသည်။ အဲဒီအချိန်မှာပဲ သူမ၏ယောက်ျားက မျက်လုံးမှအ၀တ်ကို ဖယ်ချပေးလိုက်တော့ မြင်လိုက်ရသည်ကနှာခေါင်းပိတ်လျက်နှင့် ' H A P P Y B I R T H D A Y ' ဟု အောင့်သက်သက်နှင့် အော်နေကြသော သူမ အိမ်နီးချင်းဆယ်ယောက်ကို ထမင်းစားစားပွဲထိုင်ခုံအသီးအသီးမှာ ........



 ပလောင်စကား၊ ပလောင်စာ


(ရိုင်းတယ်လို့မထင်ပါနဲ. တကယ်ရှိတဲ့ဟာသတွေပါ)

ကျနော်ခုတခေါက် ရှမ်းပြည်မြောက်ပိုင်းပလောင်ဒေသကိုရောက်ရှိခဲ့ပါတယ်။
ပလောင်တွေကစကားပြောရင် အချို.စာသိပ်မတတ်သူတွေကစာေ၇းရင် ၀စ္စနှစ်လုံးပေါက်ပါတာကိုဖြုတ်တယ် မပါတာကိုထည်.တယ်။
အဲဒီတော့တလွဲတွေဖြစ်ကုန်ရော။

ပလောင်မလေးတစ်ယောက်က သူ.ရည်းစားကိုလူကြီးတွေသိသွားတဲ့အကြောင်းစာရေးတော့ဘယ်လိုရေးလဲဆိုတော့-
“ရှင်းနဲ.ကျမ ဘူစင်အောက်မှာချိန်တွေ.တာ လူးကြီးတွေသိသွာပီ။ အဲဒါ ကျမကို သဘောတူးတဲ့လူးနဲ.ပေးစားတော့မယ် ရှင်း ကျမကိုလာတောင်ရင်တောင် မတောင်ရင် ကျမ တောင်တဲ့လူနဲ.ပေါင်ဖက်ရလိမ့်မယ်”တဲ့

နောက်တခုက ပလောင်ဒေသမှာ စာတတ်မြောက်ရေးအတွက် စည်းဝေးပွဲလုပ်တယ်တဲ့
အဲဒီမှာ အခမ်းအနားမှူးက
“သဘားပတိကြီးက အမှားစကားများပြောကြာပါးတော့မယ်ခင်ဗျား”
ဆိုပီးတော့ သဘာပတိပြောတာက
“တောင်းပေါ်မှာ လူးတိုင် လူးတိုင် စားတတ်ဖို့လိုးတယ် စားတတ်ဖို.ဆိုရင် တောင်းပေါ်မှာ ကြောင်တွေအမျာကြီးလိုးတယ် ကျောင်တွေရှိပြီဆိုရင် ဘာတွေလိုးသလဲဆိုတော့ ဆရာ၊ ဆရာမတွေအများကြီးလိုးတယ်” ဆိုပဲ။


တကယ် အဖြစ်ပျက်တွေပါ.........


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.