သင့် Browser ကို အလုပ်အတွက် App တစ်ခုအဖြစ်အသွင်ပြောင်းလိုက်ပါ

Posted by Black Magic | Posted in , , | Posted on 3:07 AM


သင့်ရဲ့ အလုပ်အားလုံးကို App တစ်ခုကနေ အခြားတစ်ခုပြောင်းလဲ အသုံးပြုစရာမလိုဘဲ 

တစ်နေရာထဲကနေအသုံးပြုနိုင်ရင် တော်တော်အဆင်ပြေပြီး အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်။ Email, 

Messenger, Browser , Facebook , To-Do List, Writing App စတာတွေကို တစ်နေရာထဲ ကနေ 

အသုံးပြုနိုင်တဲ့နည်းတွေရှိပါတယ်။ ဒီနေ့ခေတ်မှာ နေ့စဉ်နေ့တိုင်းအသုံးပြုနေကြတဲ့ Browser ကို Apps 

အားလုံးကို အသုံးပြုနိုင်တဲ့ Tool အဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ရေးသားမယ့် Browser က 

Firefox ဖြစ်ပြီး Chrome အတွက်လည်း အနည်းငယ် ထည့်သွင်းရေးသားပေးထားပါတယ်။


Email Updates


X-Notifier (or WebMail Notifier) က နာမည်ကြီး Add-On တစ်ခုဖြစ်ပြီး Toolbar မှာ Icon 

အဖြစ်တွေ့မြင်နိုင်ပြီး ၀င်လာတဲ့ Email Messages တွေကို ဖော်ပြပေးနိုင်တဲ့အတွက် သင့်ရဲ့ Email တွေကို 

ချက်ချင်းသိနိုင်ဖို့အကောင်းဆုံး Tool တစ်ခုဖြစ်ပါတယ်။ Gmail, Yahoo, AOL စတဲ့ ၀န်ဆောင်မှုတွေကို 

အသုံးပြုနိုင်ပါတယ်။ Icon ကိုနှိပ်ရင် သင့်ရဲ့ Email Inbox ကိုရောက်ရှိနိုင်ပါတယ်။

Gmail အသုံးပြုသူတွေအတွက် Gmail Panel ဆိုတဲ့ Extension ကလည်း အသုံးဝင်ပါတယ်။ Gmail 

Inbox ကို Browser Toolbar က Icon ကို နှိပ်ကြည့်တာနဲ့သိနိုင်ပါတယ်။ Gmail Website ကို 

သွားစရာမလိုဘဲ ၀က်ဆိုက်တိုင်းကနေသင့် Gmail တွေကို အသုံးပြုနိုင်ပါတယ်။

Chrome User တွေအတွက် X-notifier , Gmail Offline တို့ကိုသုံးနိုင်ပါတယ်။

Writing & Editing

စာရေးတဲ့သူတွေအတွက်တော့ MarkDown Editor ကို အသုံးပြုရင် ရှင်းလင်းပြီး စာရေးလို့ကောင်းတဲ့ 

Writing App တစ်ခုကို ရရှိမှာပါ။ Markdown Support ပါတဲ့အတွက် Plain Text , HTML တို့ကို 

ပြောင်းပေးနိုင်ပါတယ်။ HTML Panel ကို ဖျောက်ချင်ရင် ဖျောက်နိုင်ပြီး CSS Code တွေကို 

အသုံးပြုနိုင်သလို HTML အဖြစ်လည်း Export လုပ်နိုင်ပါတယ်။


Chrome User တွေအတွက် Write Space , Writer တို့ကိုသုံးနိုင်ပါတယ်။


Code Editing & Debugging


Firefox ရဲ့ Firebug Extension ဟာ Developer တွေအတွက် မရှိမဖြစ် Tool တစ်ခုဖြစ်ပါတယ်။ HTML , 

CSS , Javascript တို့ကိုဝက်ဆိုက်တိုင်းမှာ အသုံးပြုနိုင်ပါတယ်။


Chrome User တွေအတွက် ShiftEdit , Codenvy IDE တို့ကိုသုံးနိုင်ပါတယ်။


Chatting


လုံခြုံစိတ်ချစွာ Chat အသုံးပြုချင်ရင် Encrypted Chat တစ်ခုဖြစ်တဲ့ Cryptocat ကို အသုံးပြုပါ။ Google+ 

Hangouts ကို အသုံးပြုရင်လည်း အပေါ်မှာဖော်ပြထားတဲ့ Gmail Panel Extension အတိုင်းပဲ 

ဝက်ဆိုက်တိုင်းမှာ Hangouts ကို အသုံးပြုနိုင်မှာပါ။Tidy Facebook Chat က နာမည်ကြီး Extension 

တစ်ခုဖြစ်ပြီး Facebook Messenger ကို ပိုမိုကောင်းမွန်စေတဲ့ Messenger 

အဖြစ်အသွင်ပြောင်းပေးနိုင်ပါတယ်။


Chrome User တွေအတွက် Cryptocat , IMO Messenger တို့ကိုသုံးနိုင်ပါတယ်။


Social Media Sharing


Shareaholic က Social Networks အများအပြားကို လွယ်ကူစွာ Share လုပ်ပေးနိုင်ပါတယ်။ Twitter, 

Facebook, Reddit, and Hacker News တို့ကို ဆောင်းပါးတွေ၊ လင့်တွေ၊ သတင်းတွေ၊ ဗီဒီယို တွေကို 

အလွယ်တကူ Share လုပ်နိုင်ပါတယ်။ Address Bar မှာ Icon ကိုတွေ့မြင်နိုင်ပြီး ခလုတ် တစ်ချက်နှိပ်ရုံနဲ့ 

Share လုပ်နိုင်ပါတယ်။


Chrome User တွေအတွက် BufferCortex တို့ကိုသုံးနိုင်ပါတယ်။


Reading Feeds


Bamboo Feed Reader နဲ့ NewsFox တို့ဟာ ကောင်းမွန်တဲ့ Feed Reader Extension တွေဖြစ်ပါတယ်။ 

နာမည်ကြီး Feedly အတွက်လည်း Feedly’s Firefox Extension ရှိပါတယ်။


Chrome User တွေအတွက် Feedly ကို အသုံးပြုနိုင်ပါတယ်။


FTP Transfers


FireFTP ကို အသုံးပြုပြီး FTP/SFTP Server တွေကို ဖိုင်တွေ Upload လုပ်နိုင်ပါတယ်။


Chrome User တွေအတွက်တော့ ဒီလို Extension မရှိဘဲ Web-Based FTP Client တစ်ခုဖြစ်တဲ့ net2ftp 

ကို သုံးနိုင်ပါတယ်။


Tasks & Reminders


ReminderFox ကို အသုံးပြုရင် Reminder နဲ့ To-Do List တွေကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ 

Calendar ပါရှိပြီး Reminder, To-Do List တွေပြုလုပ်နိုင်ပါတယ်။ Todoist လို Web App ကလည်း 

Extension ပြုလုပ်ပေးထားပါတယ်။


Chrome User တွေအတွက် Any.do , Todoist တို့ကို အသုံးပြုနိုင်ပါတယ်။


Image Search


ပုံတွေ အလွယ်တကူ ရှာနိုင်ဖို့အတွက် FlickrBlogger ကိုအသုံးပြုနိုင်ပြီး Flickr က Free Image တွေကို 

အသုံးပြုနိုင်ပါတယ်။ တစ်ခြား Source တွေက ပုံတွေ ရှာဖို့အတွက် CC Search ကို သုံးနိုင်ပါတယ်။


Chrome User တွေအတွက် CC Search ကို သုံးနိုင်ပါတယ်။


Bonus Tips


သင့် အလုပ်နဲ့ကိုက်ညီ အသုံးဝင်မယ့် Extension တွေကို ရှာမတွေ့သေးရင် Chrome Web Store နဲ့ 

Firefox Add-On၀က်ဆိုက်တွေမှာ ရှာဖွေနိုင်ပါတယ်။


Extension တွေကို Firefox မှာ Install လုပ်ပြီးရင် Firefox Browser မှာ အလုပ်ကောင်းမွန်စွာ 

လုပ်နို်င်အောင် မလိုအပ်တဲ့ Tools , Extension တွေကိုဖယ်ရှားပြီး တကယ်အသုံးပြုမယ့် Extension 

တွေကို Browser Toolbar မှာ နေရာချသင့်ပါတယ်။


ဒီလိုလုပ်ဖို့အတွက် Firefox Toolbar ပေါ်မှာ Right Click နှိပ်ပြီး Customize ကိုနှိပ်ပါ။ ၀င်းဒိုး 

တစ်ခုပေါ်လာမှာဖြစ်ပြီး အသုံးပြုမယ့် Extension တွေကို Toolbar ပေါ် Drag & Drop ပြုလုပ်ပါ။ 

မလိုအပ်တဲ့ Extension တွေကိုလည်း Toolbar ပေါ်ကနေ ပေါ်နေတဲ့ ၀င်းဒိုးပေါ် Drag & Drop လုပ်ပြီး 

ဖယ်ရှားပါ။


Keyboard Shortcuts တွေကို သင်ယူပါ။


Keyboard Shortcuts တွေကလည်း သင့် အလုပ်လျှင်မြန်စေဖို့အသုံးဝင်တဲ့အတွက် 

ကျက်မှတ်ထားသင့်ပါတယ်။ Shortcuts အားလုံးကို မကျက်မှတ်ထားချင်ရင်တောင် 

အောက်မှာဖော်ပြထားတဲ့ အနည်းငယ်ကို သိရင် အဆင်ပြေစေမှာပါ။


o Cycle through tabs (Ctrl + Tab)


o Create a bookmark (Ctrl + D)


o Cut (Ctrl + X), Copy (Ctrl + C), Paste (Ctrl + V)


o Zoom in (Ctrl + +), Zoom out (Ctrl + -)

o Refresh the page (F5)

o Go into full screen mode (F11)

o Close tab (Ctrl + W)

o Add .com to the address bar (Ctrl + Enter)

o Enter private browsing mode (Ctrl +Shift + P)


အခုဆိုရင် သင့်ရဲ့ Firefox or Chrome Browser မှာ အလုပ်လုပ်ဖို့အတွက် အကောင်းဆုံး Tools တွေကို 

စုစည်းထားနိုင်ပြီဖြစ်ပြီး တစ်ခြား Apps တွေကို ပြောင်းလဲအသုံးပြုစရာမလိုတော့ပါဘူး။ အဲဒီအတွက် 

အလုပ် တွင်ကျယ်စွာ ပြီးမြောက်အောင်မြင်နိုင်မှာပါ။


credit to - www. mmconsumarguide.com

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.