Facebook ဆိုတာ..

Posted by Black Magic | Posted in , | Posted on 12:33 PM

" Facebook ဆိုတာ ..... "
===============
fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။

ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။

တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။

အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။

နေ နော်
၃၀၁၁၁၃




FB ဟာ အလိုလိုက်ခံထားရတဲ့မီးကောင်
ပေါက်မ လေးတ ယောက်လို တ နေ့
တခြား ကန်းတက်မှုတွေများရာက
နေ စည်းကမ်းပျက်လာတယ်။
နွဲ့ဆိုးဆိုးတဲ့အဆင့်က နေ အ ပြော
အဆိုရုန့်ရင်းကြမ်းတမ်းလာတယ်။
အဂါရဝ တွေများလာတယ်။ကိုယ့်
မိဘအရွယ်တွေကိုတောင် ဦး ဒေါ်
မတပ်ဘဲ ဆဲရေးတတ်လာတယ်။
လူ(၁)သန်းလောက်သာအသုံးပြု
သေးတဲ့ FB မှာတောင် စည်းကမ်း
ပျက်လာရင် ကျန် (၅၉) သန်းသော
ပြည်သူတွေအတွက် မ တွေးဝံ့စရာပဲ။
စည်းကမ်းဟာလူ့တန်ဖိုးလို့ပြောကြ
တယ်။ဂန္ဒီက တော့
A born democrat is a born disciplanarian. တဲ့။
ဒီမိုကရက်အဖြစ်မွေးလာသူဟာ စည်းကမ်းလိုက်နာသူလို့ဆိုတယ်။
Where there is love.there is life. Hate leads to destruct.တဲ့
မုန်းတီးမှုတွေဟာ ပျက်ဆီးခြင်းဆီကို
ပဲခေါ်ဆောင် သွားပါလိမ့်မယ်။
မေတ္တာတရားမရှိရင် ဘဝမရှိနိုင် တဲ့။
ဘဝ တွေမရှိဘဲနဲ့တော့ နိုင် ငံတော်
သစ်ကြီးကို တည်ဆောက်ဖို့ခက်ပါ
လိမ့်မယ်။

နေ နော်
၃၀၁၁၁၃
Label တွေများနေလို့ Satire ထဲပဲထည့်လိုက်ပါကြောင်း...။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.