GOOGLE...!

Posted by Black Magic | Posted in | Posted on 5:06 PM

How_Google_Was_Born


Google ဆိုသည့် စကားလုံးဟာ “Googol” ကနေ ဆင်းသက်လာတာပါ။ Googol ဆိုတာကတော့ ကွန်ပြူတာသိပ္ပံ ပညာရပ်မှာသုံးတဲ့ စကားလုံးဖြစ်ပြီး ၁.၀ x ၁၀ (၁၀၀) ကို ခေါ်ခြင်းဖြစ်ပါတယ်။

Google ကို တည်ထောင်ခဲ့သူ Larry Page နဲ့ Sergey Brin တို့ဟာ ကနဦးတုန်းက နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။ Sergey Brin က “BackRub” လို့ ခေါ်ဆိုဖို့ အဆိုပြုခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီနောက်မှာတော့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက “googolplex” ဆိုတဲ့ နာမည်ကို အကြံပြုခဲ့ပြီး Larry Page က “googol” လို့ အတိုချုံ့ပြီးသုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါနဲ့ပဲ အင်တာနက်မှာ “googol.com” ကို domain မှတ်ပုံတင်ဖို့ လုပ်နေတုန်းမှာ Larry Page တစ်ယောက် စာလုံးပေါင်းမှားပြီး “google.com” လို့ မှတ်ပုံတင်ခဲ့မိပါတယ်။

Sergey Brin နဲ့ တိုင်ပင်ပြီးနောက် ၂ ဦးသဘောတူကာ Google.com ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရာမှ မတော်တဆ မှားယွင်းပြီး ဖန်တီးခဲ့မိတဲ့ Google.com လည်း မွေးဖွားလာခဲ့ ရပါတော့တယ်။

နောက်ထပ် ကောလဟာလ တစ်ခုကတော့ Google ရဲ့ ပထမဆုံးသော ရင်းနှီးမြှုပ်နှံသူ Andy Bechtolsheim (Sun Microsystems အား ပူးတွဲတည်ထောင်ခဲ့သူ) သည် ယင်း၏ ဒေါ်လာ ၁ သိန်းတန် ချက်လက်မှတ်ပေါ်တွင် googol အစား google ဟု မှားယွင်းရေးသား ခဲ့မိရာမှ စတင်ခဲ့တယ်လို့ဆိုပါတယ်.၊

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.