iPhone အသစ်တွင် EyeVerify Security စနစ်ပါဝင်လာနိုင်ဖွယ်ရှိ

Posted by Black Magic | Posted in | Posted on 9:33 PM


eyeverify-800x594

မကြာသေးမှီ အချိန်က Apple အနေနဲ့ iPhone 5S တွင် Touch ID Security System ကိုထည့်သွင်းခဲ့ပါတယ်။Touch ID Security System ဟာ လက်ဗွေစနစ်ဖြင့် မိမိ iPhone ၏ Security ကိုကာကွယ်ထားနိုင်ပါတယ်။

အခုချိန်မှာတော့ Apple အနေဖြင့် သူတို့ရဲ့ Touch ID Security System ကိုလုံခြုံမှူအကောင်းဆုံးလို့ပြောကြာထားပေမဲ့.. အချို့သော Hacker များကလည်း Touch ID ရဲ့ မလုံခြုံမှူတွေကို ဖော်ထုတ်ပြသမှူတွေရှိလာခဲ့တဲ့အခါမှာ Touch ID အနေနဲ့ အစွမ်းပြည့်ဝသော လုံခြုံမှူတစ်ခု မဟုတ်တော့တဲ့ အတွက်ကြောင့် အခြား လုံခြုံရေးနည်းပညာတွေကို တီထွင်ဖို့ကြိုးပမ်းနေကြပါတယ်။

ထို့ကြောင့် Apple အနေနဲ့ Security System တစ်ခုကို မျက်လုံးအား အသုံးချပြီး EyeVerify Security System တစ်ခုကို Next Generation iPhone တွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ကြိုးပမ်းနေကြပါတယ်။
EyeVerify Security System ဟာဆိုရင် လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ မျက်လုံးမှာပါတဲ့ သွေးကြောမျှင်လေးတွေပေါ်မှာ မူတည်ပြီး လုံခြုံရေးချမှတ်ထားမဲ့ စနစ်တစ်ခုဖြစ်တာကြောင့် Touch ID ထက်စာရင် လုံခြုံမှူ ပိုကောင်းနိုင်ပါတယ်။

EyeVerify Security System ကိုအသုံးပြုမယ်ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ မျက်လုံးတွေဟာ တူညီမှူမရှိတဲ့အတွက်ကြောင့် လက်ရှိသုံးနေကြတဲ့ လုံခြုံမှူစနစ်တွေထက်ကို ကျော်လွန်ပြီး အကောင်းဆုံး လုံခြုံမှူ စနစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ လေ့လာသုံးသပ်မိပါတယ်။
ထို EyeVerify Security System ကို Apple ကပဲကြိုးစားလုပ်ဆောင်နေတာမဟုတ်ပဲနဲ့ Samsung ကလည်း သူတို့ရဲ့ Smart Phone တွေမှာပါ EyeVerify Security System ကိုထည့်သွင်းဖို့ကြိုးစားနေကြပါတယ်။

ဒါကြောင့် EyeVerify Security System ဟာ အနာဂတ် Smart Phone တွေရဲ့ အဓိက အသုံးများလာမဲ့ လုံခြုံရေး စနစ်တစ်ခုဖြစ်လာပါလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Ref :  thetechjournal.com

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.