Joke Collection

Posted by Black Magic | Posted in | Posted on 1:32 PM

သားကိုဘယ်လို့ မွေးတာလဲ........

*.*ကလေး။          ။ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်???
*.*    ဖခင်။          ။အေး၊ ငါ့သား။ မင်းတစ်နေ့နေ့မှာသည်လိုမေးမှာပဲလို့ ငါတွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ Chat Room မှာ Chatting လုပ်ရင်းသိခဲ့ကြတယ်။
နောက် Cyber Cafe တွေကနေ Email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ့နောက်ဆုံးမင်းအမေက ဖေဖေ့ကို Download လုပ်နိုင်တယ်လို့
ခွင့်ပြုတယ်။ သူကလည်းဖေဖေ့ ကို Uploaded ပြန်လုပ်တယ်၊
ဖေဖေတို့နှစ်က်လုံး Firewall ချမထားမိဖူး၊ ပြီးတော့ Delete Button
ကိုလည်းမနှိပ်မိဖူး၊ နောက် ကိုးလကြာတော့မင်းကိုရလာတာပေါ့...။
အဲသည်အချိန်က Virus အကိုက်မခံလိုက်ရတာလည်းပါတာပေါ့...၊ Current ကလည်းလုံးဝမှန်နေခဲ့တာ၊
မင်းကံကောင်းတယ်ငါ့သား...၊



Reply အမျိုးမျိုး

အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့ အရက်စုသောက်နေကြတယ်။
အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်မိန်းမဆီကို

"နင့်ကို ငါချစ်တယ်"ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက်
အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။

အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!

အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!


အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!

အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား! ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!

အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး ရှင်အားယားနေလည်း တောင်သွားတက်ပါလား!
 

 အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။

"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"

အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။

"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"

သံသယမရှိ... အသက်အရွယ်မရွေး "I Love You"တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။

ဖတ်မိတာလေးပါ.. ဘာသာပြန်မျှဝေပါတယ်


ကောလိပ်ကျောင်းရောက် သား ထံမှ မိဘများသို့ ပေးစာ

(အဟောင်းလေးနော်)

အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက
မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။

စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ
အလုပ်ရှုပ်လွန်းလို့။

ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို
တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။

ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။
 


 Wait For A Miniute
လူတစ်ယောက်က ဘုရားသခင်နှင့် စကားပြောနေ၏။
လူ- “ဘုရားသခင်၊ နှစ်ပေါင်းတစ်သန်းဟာ ဘယ်လောက် ကြာပါသလဲ”
ဘုရားသခင်- “ငါ့အတွက်တော့ တစ်မိနစ်ပဲ ကြာတယ်”
လူ- “ဘုရားသခင်၊ ငွေတစ်သန်းဆိုတာ ဘယ်လောက်များပါသလဲ”
ဘုရားသခင်- “ငါ့အတွက်တော့ တစ်ပဲနိပဲကွ”
လူ- “ဘုရားသခင်၊ ဘုရားသခင်ဆီက ကျွန်တော် တစ်ပဲနိလောက် မရနိုင်ဘူးလား”
ဘုရားသခင်- “အေး ရမယ်။ တစ်မိနစ်စောင့်”

>>>ခင်မောင်တိုး(မိုးမိတ်)<<<
 


အိမ်သယ်လာတဲ့ အလုပ်

လင်ကို ကွာချင်သော မိန်းမတစ်ယောက်က ရှေ့နေတစ်ဦးထံ လာဆွေးနွေ၏။

“ခင်ဗျားဘက်က ကွာရှင်းဖို့ ဘယ်လိုအခြေအနေတွေရှိနေလို့လဲ”

“ကျွန်မ ယောက်ျားဟာ သူ့အလုပ်တွေကို ညတိုင်းအိမ်သယ်သယ် လာပါတယ်”

ထိုအခါ ရှေ့နေကပြုံးပြီး “ဒါကွာရှင်းဖို့ အခြေအနေလို့ ပြောရမှာ ခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် မကြာခဏဆိုသလို ရုံးအလုပ်တွေကို အိမ်သယ်လာ ရသေး တာပဲဗျာ”

သည်တော့ အမျိုးသမီးက “သြော်- ရှင့်လို အလုပ်များတဲ့ ရှေ့နေကျတော့ ဟုတ် တာပေါ့ရှင့်။ ကျွန်မယောက်ျားက ရှေ့နေမဟုတ်ဘူးလေ။ ပြည့်တန်ဆာခေါင်းရှင့်”ဟု ဖွင့် အန်လိုက်၏။။
 



ဒါလေးတော့ သည်းခံပါ

တစ်ရက်တွင် ဥက္ကဋ္ဌကြီးက လူတစ်ယောက်အား မေးမြန်းကြည့်သည်။

“ရဲဘော်၊ ရဲဘော်မှာ ရူဗယ် တစ်သန်းရှိရင်ဘာလုပ်မလဲ”

“ပါတီကို တစ်ဝက်ခွဲပေးလိုက်ပါ့မယ်”

“သိပ်ကောင်းတယ်။ အိမ်နှစ်လုံးရှိရင်ကော ဘာလုပ်မလဲ”

“တစ်လုံးကို ကျွန်တော့်အတွက်ထားပြီး ကျန်တစ်လုံးကိုတော့ နိုင်ငံတော်ကို လှူမယ်”

“ရဲဘော်ရဲ့ စိတ်ဓါတ်ကဖြင့် တကယ်ချီးကျူးစရာပဲ။ ဒါထက် ရဲဘော်မှာ ဖိနပ်နှစ်ရံ ရှိရင်ကော ဘာလုပ်မလဲ”

ရဲဘော် ခဏတာ နုတ်ပိတ်သွား၏။ သည်တော့ ဥက္ကဋ္ဌက-

”ဘယ်လိုလဲ ရဲဘော်၊ ခက်ခဲ့တဲ့ အမေးနှစ်ခုအတွက် ရဲဘော်ဟာ အကောင်းဆုံး အဖြေတွေကို တုံ့ဆိုင်းခြင်းလုံးဝမရှိပဲ ဖြေခဲ့ပြီးခါမှ ခု ဘာကြောင့် . . . ”

“ဟုတ်ကဲ့ ဥက္ကဋ္ဌကြီးခင်ဗျာ၊ ကျွန်တော့်မှာ ရူဗယ်တစ်သန်းလည်း မရှိခဲ့ဘူး။ အိမ် နှစ်လုံးလည်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖိနပ်နှစ်ရံကတော့ တကယ်ရှိနေတာလေးမို့ပါ ဥက္ကဋ္ဌကြီးရယ် . . .”
 


စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး ““

မင်းကမချစ်ပေမဲ့ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစားစိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် ဇွဲကောင်းတယ်

““ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာအရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “
 


တူဘူးလေ

ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်

“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ

“ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “

“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီးလက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “
 


မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ

ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်

လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက " ယောင်္ကျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့ အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက " စိတ်ကူးယဉ် စာအုပ်များ " ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်
 


မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်

လူငယ် ။ မောင်လှ

ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော....

လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "ပါ.....

ရွေးချယ်သူ။ တိန်.....
 


"အကြောင်းရင်း"

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက်

တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။
ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။တစ်နေ့မှာတော့.....မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေလွှတ်ကျောင်းထားတာကို ကြည့်ပြီး...
"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"
"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ" "ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့်လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး.... 
"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။
"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"
"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"
ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့်ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။
မိန်းမကြီး ပြောတာက ဒီလိုလေ...
"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ" 

မဟုတ်တဲ့နေရာက ကြီးနေတယ်

မင်္ဂလာဦးည လွန်မြောက်ပြီး ဇနီးမောင်နှံ ၂ယောက် . .ယောက်ျားဖြစ်သူအတွက် ဖိနပ်ဝယ် ထွက်ကြသည်။ ဖိနပ်ဆိုင်တွင် အရောင်းဝန်ထမ်းက နံပါတ် ၄၅ ယူလာသည် ။ လူငယ်စီးကြည့်သည်။ အလွန်ငယ် နေသည်။ နံပါတ်၄၆၊ ထို့နောက် ၄၇ မတော်ပါ ဖိနပ်မှာ ငယ်နေသည်။
"ကျွန်မတို့ဆိုင်မှာ ဒိထက်ကြီးတဲ့ နံပါတ်မရှိတော့ဘူးရှင့်"
စိတ်ပျက်လက်ပျက်ထွက်လာကြရင်း ဇနီးဖြစ်သူကပြောသည် . .
"ဘယ်လိုမှမတတ်နိုင်ဘူး ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး"
"အေးကွာ ငါကတောသားကိုး ဖိနပ်မပါပဲ လမ်းလျှောက်ထွက်တာများလို့ ခြေထောက်တွေတဖြည်းဖြည်း ကြီးလာတယ်ထင်တယ်"
"ရှင် ဘောင်းဘီမ၀တ်ပဲလျှောက်ရင် ပိုတောင်ကောင်းဦးမယ်"



မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းကမိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကိုတစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက် ခဲ့ဖူးရင်ရှေ့တစ်လှမ်းတိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင်မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . ." အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"



All Of Joke Share From ဟာသသူခိုး..၊

Credit To Original Authors...၊
Share By BlackMagic.
Thanks For Readng.
 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.