Mark Zuckerburg ၏ စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁၀ ချက်

Posted by Black Magic | Posted in , | Posted on 4:58 PM


Mark_Zuckerberg_Bday_10_Fun_Facts

Facebok အကြောင်း စာအုပ်ရေးနေရင်း နဲ့ Facebook နဲ့ပါတ်သက်တာတွေလိုက်လေ့လာကြည့်မိပါတယ်..၊
အဲဒီမှာ Facebook တည်ထောင်သူ ဘီလီယံနာ Mark Zuckerburg ရဲ့ အကြောင်းလေးတွေတွေ့လို့ ဗဟုသုတရအောင် Share ပေးလိုက်ပါတယ်..၊
Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် Mark Zuckerburg ရဲ့ မွေးနေ့ဟာ မေလ ၁၄ ရက်နေ့ ဖြစ်ပါတယ်။

၁။ Zuckerberg ဟာ အနီရောင်နဲ့ အစိမ်းရောင်တို့ကို မမြင်ရတဲ့ Colorblindness ဖြစ်နေပါတယ်။ သူအနေနဲ့ အပြာရောင်ကိုသာ အဓိက မြင်နိုင်စွမ်း ရှိပါတယ်တဲ့။ ဒါ့ကြောင့်လည်း Facebook ရဲ့ ပင်မအရောင်ဟာ အပြာရောင် ဖြစ်နေရတာပါ။ (သူသာ အစိမ်းရောင် ကိုဘဲ အဓိကမြင်နိုင်စွမ်းရှိတယ်ဆိုရင်တော့ အခု ကျွန်တော်တို့သုံးနေတဲ့ Facebook ကြီးက အစိမ်းရောင်ဖြစ်ရင်ဖြစ်နေမှာနော်...၊ :)

၂။ ငယ်စဉ် အထက်တန်းကျောင်းသာ ဘဝမှာ တေးသီချင်း နားထောင်သူတွေရဲ့ နှစ်သက်ရာ တေးသီချင်းများကို အလိုအလျောက် ရှာဖွေအကြံပြုနိုင်တဲ့ Synapse လို့ခေါ်တဲ့ Software ကို တည်ထွင်ခဲ့ပါတယ်။ အဲဒီနောက်မှာ AOL နဲ့ Microsoft တို့က Zuckerberg ကို အလုပ်ခေါ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

၃။ သင်သတိထားမပါသလား။ Zuckerberg ကို မီးခိုးရောင် Facebook တီရှပ်ကို ဝတ်ဆင်ပြီး အစဉ်အမြဲလိုလို တွေ့ရတတ်ပါတယ်။ သူ့အနေနဲ့ လွန်စွာမှ အလုပ်များပြီး အချိန်ကုန် သက်သာစေဖို့ ဒီတီရှပ် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတာပါတဲ့။

၎။ သို့သော်လည်း ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်နေစဉ်မှာတော့ Facebook ဟာ တိုးတက်ကြီးပွားဖို့ ဆောင်ရွက်နေတာကို ပြတဲ့အနေနဲ့ Zuckerberg ဟာ စီးပွားရေးဝတ်စုံ (Business attire) နဲ့ Tie ကို နေ့စဉ်ရက်ဆက် ဝတ်ဆင်ခဲ့ပါတယ်။

၅။ Zuckerberg ဟာ သက်သတ်လွတ်စားသူ ဖြစ်ပါတယ်တဲ့။ သူ့အနေနဲ့ အသားကို မဖြစ်မနေ စားမယ့်အချိန်ကတော့ အဲဒီတိရိစ္ဆာန်ကို သူကိုယ်တိုင် သတ်ဖြတ်မိတဲ့ အချိန်မှပဲ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် ထူးခြားတာ တစ်ချက်ကတော့ Zuckerberg ရဲ့ Facebook စာမျက်နှာပေါ်က “Likes” တွေထဲမှာတော့ McDonalds နဲ့ In-N-Out ဘာဂါဆိုင်များ ပါဝင်နေပါတယ်။

၆။ Twitter ပေါ်မှာ Zuckerburg ရဲ့ (Followers) ၂ သိန်းကျော် ရှိနေပါတယ်။ ဒါပေမယ့် Zuckerberg ဟာ ၄ နှစ်အတွင်းမှာ ၁၉ ကြိမ်သာ Tweet လုပ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၁၅ လ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ Twitter ကို မသုံးခဲ့ဖူးပါဘူး။

၇။ ၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းမှာ Zuckerberg ဟာ သူ့ရဲ့ဝန်ထမ်းတွေကိုခေါ်ပြီး ရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကတော့ သူ့အကြောင်း ရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အပြီးမှာတော့ Zuckerberg က ရုပ်ရှင် ရိုက်ကူးသူတွေ အနေနဲ့ ယင်းအား နာမည်ကြီးလို၍ Facebook အား တီထွင်ခဲ့ပုံပေါက်အောင် ရိုက်ကူးထားကြောင်း ဝေဖန်သွားခဲ့ပါတယ်။

၈။ Zuckerberg မှာ Beast လို့ အမည်ပေးထားတဲ့ Hungarian သိုးထိန်းခွေး ရှိပါတယ်။ Beast ရဲ့ Facebook စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၁.၅ သန်း ရှိပါတယ်။

၉။ ဒေါ်လာ ၁၉ ဘီလီယံ ကြွယ်ဝတဲ့ Zuckerberg ဟာ ကပ်စေးနည်းသူလို့ နာမည်ကြီးပါတယ်။ ရည်းစားဖြစ်သူ Priscilla Chan အတွက် ဝယ်ပေးခဲ့တဲ့ ပတ္တမြား လက်ထပ်လက်စွပ်က ဒေါ်လာ ၂၅၀၀၀ သာ တန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။

၁၀။ Facebook ရဲ့ comment ပေးတဲ့ နေရာမှာ “@ [ 4 : 0 ]” ဆိုတာကို space မပါပဲ ရိုက်ထည့်ကြည့်ပါ။ Mark Zuckerberg ဆိုပြီး ပေါ်လာပါလိမ့်မယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.