Power Options

Posted by Black Magic | Posted in | Posted on 8:12 PM



ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ...၊ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူ ရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။

ဒါကြောင့် ဒီ Button တွေကို နားလည်းစေချင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။
သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။




Screensaver and Sleep

Screensaver နဲ့ Sleep တို့က အလုပ် လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံ ချင်းလည်း မကွာကြပါဘူး။
ကျတော်တို့ Windows Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Windows 7 မှာတော့ Turn of
Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံ ကတော့ အားလုံးသိပြီးတဲ့အတိုင်း စက်ကို မပိတ်
ပဲ ဒီတိုင်းထားတာ ကြာလာတဲ့ အခါ Power Save လုပ်တဲ့ အနေနဲ့ Monitor ကို ခနပိတ်ပေး ထားရုံပါပဲ။
လုပ်လက်စ အလုပ်တွေ ကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

Sleep ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပြီး ထမင်းစားတာဖြစ်ဖြစ်
စက်နဲ့ ဝေးတဲ့ နေရာကို ခနသွားပြီး ပြန်လာတာနဲ့ လုပ်လက်စ တွေကို ချက်ချင်း ပြန်လုပ်ချင်တဲ့ အခြေ
အနေ မျိုးဆိုရင် Sleep က RAM ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။

တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာ ဆိုရင် Sleep လုပ်ထား ခဲ့ရင် သူက Power
(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့
အခါမျိုးမှာ အဆင်ပြေစေပါတယ်။

ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်
လိုက်တာ မဟုတ်တဲ့ အပြင် RAM ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ်
လိုအပ်တဲ့ အတွက်ကြောင့်ပါ။

Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sleep လုပ်ထားပြီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop
တွေမှာဆိုရင် Sleep လုပ်ထားတုန်း Battery ကုန်သွားတာမျိုး ဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထား
တဲ့ ဖိုင်တွေ အကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေ အကုန်
ပျက်သွားပါတယ်။ ( Power Option ကနေ Monitor, Hard Disk တွေကိုလည် Turn on. Turn off
သတ်မှတ်နိုင်ပါသေးတယ်။

Hibernation & Shutdown

Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့
နည်းနည်းလေး ကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်
ကြီးပိတ်ပြီး Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာ
ပါတယ်။

Shutdown လုပ်လိုက်ရင် လုပ်လက်စတွေ ထဲက တချို့ Application တွေကို စက်က အလိုလိုပိတ်ပေး
ပြီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပြီး မေး
ပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။

Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူက လုပ်လက်စ အလုပ်တွေအကုန်လုံး
ကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထား
ပြီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို
နောက်ဆုံး အခြေ အနေ အတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။

Vista မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။  Windowa Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်
လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။

ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို
မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက်
Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို
မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

Switch User & Lock

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ
မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့
ကောင်လေးတွေပါ။

Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင်
Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါ
ဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)

Logoff & Restart 

Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart
ချခိုင်းတဲ့နေရာမှာ Restart ချစရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင်း အဲ့ဒီ Application
အလုပ်လုပ်မှာဖြစ်ပါတယ်။

လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။

ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေ
အကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့
Registry ပိုင်းမှာ တခုခုဝင်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လို
အပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်)
စေပါတယ်။)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.