Start Mobile Banking On CB Bank

Posted by Black Magic | Posted in | Posted on 5:30 AM


CB Bank ဟာ သင်နဲ့ အနီးဆုံးမှာ ရှိနေပါသလား

CB Bank ဟာ သင်နဲ့ အနီးဆုံးမှာ ရှိနေပါသလားInfo

Bank လုပ်ငန်းလောကမှာ နည်းပညာပိုင်းဆိုင်ရာကို အသုံးချတဲ့နေရာမှာ တိုးတက်မှုမြန်ဆန်လေ့ရှိတဲ့ CB Bank ဟာ သင့်ကို ဒီနေ့ကစပြီး နောက်ထပ် ၀န်ဆောင်မှု အသစ်တစ်ခုကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ၀န်ဆောင်မှုကတော့ MobileBanking ၀န်ဆောင်မှုပဲ ဖြစ်ပါတယ်။ Mobile Banking Service ကို အသုံးပြုဖို့အတွက် သင့်မှာ mobile phone တစ်လုံး ရှိရပါမယ်။ သင့်ရဲ့ mobile phone နဲ့ မှတ်ပုံတင်ကဒ်ကို ယူဆောင်ပြီး နီးစပ်ရာ CB Bank ရုံးချုပ် နဲ့ ဘဏ်ခွဲတွေမှာ သွားရောက်ပြီး customer registration form ကို ဖြည့်ရမှာ ဖြစ်ပါတယ်။ ဖောင်ဖြည့်ပြီး မိနစ် အနည်းငယ်အကြာမှာပဲ Mobile Banking Service ကို သင်စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Mobile Banking Services ကို Smart phone တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Android phone များအတွက် android app ထုတ်ပေးမှာ ဖြစ်သလို iOS devices တွေအတွက်လည်း iOS app ကို CB Bank က ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Web Browser ကနေလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Temenos Banking Software Company ရဲ့ နည်းပညာကို အသုံးပြုထားတဲ့အတွက်ကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ လျှို့ဝှက်ကုဒ် (PIN) ဟာ သင့်ငွေစာရင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
 Mobile Banking Service ကို English နဲ့ မြန်မာ ကြိုက်နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Mobile Banking Service ကို သင့်ရဲ့ phone ကို အသုံးပြုပြီး အောက်ပါဝန်ဆောင်မှုများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သတင်းအချက်အလက်များ
  • ငွေလဲနှုန်းများ ကြည့်ရှုခြင်း
  • အပ်ငွေအတိုးနှုန်း ကြည့်ရှုခြင်း
  • မိမိဆောင်ရွက်နိုင်မည့် ၀န်ဆောင်မှုများ လေ့လာခြင်း
ငွေပေးချေမှုများ
  • မိမိကိုယ်ပိုင်စာရင်းမှ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း
  • မိမိနှင့် အကျိုးတူဆောင်ရွက်မည့်သူအား မှတ်ပုံတင်ခြင်း
  • Bill ပေးဆောင်ရန် မှတ်ပုံတင်ခြင်း
  • မိမိနှင့် အကျိုးတူဆောင်ရွက်သူထံ စာရင်းလွှဲပြောင်းငွေ ပေးချေခြင်း
  • မိမိနှင့် အကျိုးတူဆောင်ရွက်သူစာရင်းမှ ပယ်ဖျက်ခြင်း
တောင်းဆိုမှုများ
  • ငွေပေးရန် ရပ်ဆိုင်းခြင်း
  • ချက်လက်မှတ်အား စစ်ဆေးခြင်း
  • ချက်စာအုပ်အသစ်တောင်းဆိုခြင်း
  • ငွေပေးအမိန့်များ ဆောင်ရွက်ခြင်း
အထက်မှာ ဖော်ပြခဲ့တဲ့ ၀န်ဆောင်မှုတွေကို အောက်ပါ Service Channels တွေကို အသုံးပြုပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
  • SMS  – Account Infromation များကို SMS Commands များ အသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်း။
  • USSD – USSD Menu မှ တဆင့် မိမိဖုန်းဖြင့် ဘဏ်ဝန်ဆောင်မှုများကို သုံးစွဲခြင်း။ ဥပမာ ( *124# ကဲ့သို့သော ကုဒ်များကို အသုံးပြုခြင်း၊ ကုဒ်များကို CB Bank တွေမေးနိုင်ပါသည် )
  • Mobile Web Browser / WAP – ဘဏ်ဝန်ဆောင်မှုများကို Mobile Web Browser မှ တဆင့် မိမိဖုန်းဖြင့် သုံးစွဲခြင်း။
  • Applications – မိမိဖုန်းအတွင်းဘဏ်၏ Application ကို ထည့်သွင်းကာ အသုံးပြုခြင်း။ ဥပမာ ( Android or iOS app များကို install လုပ်ပြီး အသုံးပြုခြင်း)။
အထက်ပါအချက်အလက်များကို CB Bank (တော်ဝင်) ၏ လက်ကမ်းစာဆောင်နှင့် ပြောကြားချက်များကို အခြေခံပြီး ပြည်သူများ ဘဏ်ဝန်ဆောင်မှုများကို အကောင်းမွန်ဆုံး အသုံးပြုနိုင်ရန် ရည်ရွယ်ရေးသား ဖော်ပြလိုက်ပါသည်။ တော်ဝင်ဘဏ်ခွဲတွင် ညနေ ၅ နာရီခန့်အထိ ငွေသွင်းငွေထုတ် များပြုလုပ်နိုင်ပြီး Master card ၀န်ဆောင်မှုများနှင့် ဘဏ်နှင့်ဆိုင်ရာ ၀န်ဆောင်မှုများကို အကောင်းမွန်ဆုံး ၀န်ဆောင်မှုပေးလျက်ရှိတာကို တွေ့ရတဲ့အတွက် သင့်အတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးနေတဲ့ ဘဏ်တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.