ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ရှာဖွေတွေ့ရှိ

Posted by Black Magic | Posted in | Posted on 3:40 AM


Photo: ''ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ရှာဖွေတွေ့ရှိ''

မန္တလေး၊ မေ ၂၀၁၃

ရှေးဟောင်း ''ဂရိ'' နဲ့ ''အီဂျစ်'' ''သိုးနီးစ်'' မျိုးနွယ်တွေရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ''ဟာရယ်လီယံ''ဆိုတဲ့ အဓိက ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ရဲ့ အကြောင်း အရင်က မှတ်တမ်းတွေမရရှိခဲ့ဘူးသေးပေမဲ့ ''ဥရောပ ရေအောက် ရှေးဟောင်းသုတေသနတက္ကသိုလ်'' (European Institute for Underwater Archeology) (IEASM) ရဲ့ စူးစမ်းရှာဖွေမှုများအရ မြေထဲပင်လယ်အောက် နစ်မြုပ်ခဲ့ရတဲ့ မြို့ကြီးတစ် မြို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ''weather.com'' အင်တာနက်သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
''သိုးနီးစ်-ဟာရယ်လီယံ''တွေရဲ့ သမိုင်းအထောက်အထားလမ်းစတွေကို အီဂျစ်နိုင်ငံ ကမ်းခြေ မှ ၄-မိုင်အကွာ ပင်လယ်ရေအောက်ပေ ၃၀ အနက် ''အာဘူကီယာ" ပင်လယ်ကွေ့ဒေသမှာ ၂၀၀၀ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပြင်သစ်ရေအောက်ရှေးဟောင်းသုတေသီ ''ဒေါက်တာဖရန့်ဂေါ့ဒီယို''ရဲ့ လမ်းညွှန်မှုနဲ့ တူးဖေါ်ရှာဖွေရေးအဖွဲ့တွေ တွေ့ရှိခဲ့တဲ့ အပျက်အစီးများစွာထဲမှာ ရှေးရိုးစွဲ ဘာသာရေး ၀တ်ပြုဆောင်တစ်ခုလည်းပါဝင်ကြောင်း၊ အဆိုပါဝတ်ပြုဆောင်ထဲမှာ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ''ဟာဖီနတ်ဘုရား''ရုပ်ထုတစ်ခုအပါအ၀င် ရှေးခေတ် သင်္ဘောပျက်အစိတ်ပိုင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဝတ်ပြုဆောင်တွေ့ရှိခြင်းဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တယ်ဆိုတာ အခိုင်အမာဆုံးသက်သေတစ်ခုဖြစ်ကြောင်း၊ ''ဒီပင်လယ်ရေအောက်ကြမ်းပြင်မှာ ရာစုနှစ်ပေါင်းများစွာ မပျက်စီးတည်ရှိကျန်ရစ်နေတဲ့ အခြေအနေဟာ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေထဲမှာ အံ့သြဖွယ် ဖြစ်ကြောင်း အောက်စ်ဖို့တက္ကသိုလ် ရှေးဟောင်းသုတေသဌာနမှ ထင်ရှားတဲ့သုတေသီ ''ဆာ ဘယ်ရီကမ်းလိဖ်''က ထုတ်ဖေါ်ပြောဆိုလိုက်ကြောင်း သတင်းစာမျက်နှာမှာ ဆက်လက်ဖေါ်ပြ ထားပါတယ်။
''ဟာရယ်လီယံ'' မြို့ကြီးပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့ရတဲ့အကြောင်းအရင်းကို အတိအကျဖေါ်ထုတ်နိုင်ဖို့ မလွယ်ကူသေးကြောင်း၊ ဒေါက်တာဖရန့်ဂေါ့ဒီယို ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ အဆိုအရ ကြီးမားတဲ့မြေပေါ် အဆောက်အဦး၊ ရုပ်ထုကြီးတွေရဲ့ ဖိအား၊ နူံးမြေပျော်ကျနိမ့်ဆင်းမူကနေ အဆိုပါမြို့ကြီးပင်လယ်ရေအောက်ရောက်ရှိသွားတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက်ဖေါ်ပြထားပါတယ်။
အခြားယူဆချက်တစ်ခုအနေနဲ့ကတော့ ကြုံတောင့်ကြုံခဲ ရေဘေးကြီးမျိုး ကြုံတွေ့ရခြင်း၊ မြေငလျှင်ဒဏ်ခံရခြင်းနှင့် အတူ မြေနု နုံးမြေတွေ ပျော်ကျနိမ့်ဆင်းမှုတို့ကြောင့်ည်း ဖြစ်နိုင်ကြောင်း သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ကိုးကား

http://www.weather.com/news/science/lost-underwater-city-uncovered-20130430
မြန်မာဓိက မေ ၂၀၁၃

ရှေးဟောင်း ''ဂရိ'' နဲ့ ''အီဂျစ်'' ''သိုးနီးစ်'' မျိုးနွယ်တွေရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ''ဟာရယ်လီယံ''ဆိုတဲ့ အဓိက ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ရဲ့ အကြောင်း အရင်က မှတ်တမ်းတွေမရရှိခဲ့ဘူးသေးပေမဲ့ ''ဥရောပ ရေအောက် ရှေးဟောင်းသုတေသနတက္ကသိုလ်'' (European Institute for Underwater Archeology) (IEASM) ရဲ့ စူးစမ်းရှာဖွေမှုများအရ မြေထဲပင်လယ်အောက် နစ်မြုပ်ခဲ့ရတဲ့ မြို့ကြီးတစ် မြို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ''weather.com'' အင်တာနက်သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
''သိုးနီးစ်-ဟာရယ်လီယံ''တွေရဲ့ သမိုင်းအထောက်အထားလမ်းစတွေကို အီဂျစ်နိုင်ငံ ကမ်းခြေ မှ ၄-မိုင်အကွာ ပင်လယ်ရေအောက်ပေ ၃၀ အနက် ''အာဘူကီယာ" ပင်လယ်ကွေ့ဒေသမှာ ၂၀၀၀ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပြင်သစ်ရေအောက်ရှေးဟောင်းသုတေသီ ''ဒေါက်တာဖရန့်ဂေါ့ဒီယို''ရဲ့ လမ်းညွှန်မှုနဲ့ တူးဖေါ်ရှာဖွေရေးအဖွဲ့တွေ တွေ့ရှိခဲ့တဲ့ အပျက်အစီးများစွာထဲမှာ ရှေးရိုးစွဲ ဘာသာရေး ၀တ်ပြုဆောင်တစ်ခုလည်းပါဝင်ကြောင်း၊ အဆိုပါဝတ်ပြုဆောင်ထဲမှာ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ''ဟာဖီနတ်ဘုရား''ရုပ်ထုတစ်ခုအပါအ၀င် ရှေးခေတ် သင်္ဘောပျက်အစိတ်ပိုင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဝတ်ပြုဆောင်တွေ့ရှိခြင်းဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တယ်ဆိုတာ အခိုင်အမာဆုံးသက်သေတစ်ခုဖြစ်ကြောင်း၊ ''ဒီပင်လယ်ရေအောက်ကြမ်းပြင်မှာ ရာစုနှစ်ပေါင်းများစွာ မပျက်စီးတည်ရှိကျန်ရစ်နေတဲ့ အခြေအနေဟာ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေထဲမှာ အံ့သြဖွယ် ဖြစ်ကြောင်း အောက်စ်ဖို့တက္ကသိုလ် ရှေးဟောင်းသုတေသဌာနမှ ထင်ရှားတဲ့သုတေသီ ''ဆာ ဘယ်ရီကမ်းလိဖ်''က ထုတ်ဖေါ်ပြောဆိုလိုက်ကြောင်း သတင်းစာမျက်နှာမှာ ဆက်လက်ဖေါ်ပြ ထားပါတယ်။
''ဟာရယ်လီယံ'' မြို့ကြီးပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့ရတဲ့အကြောင်းအရင်းကို အတိအကျဖေါ်ထုတ်နိုင်ဖို့ မလွယ်ကူသေးကြောင်း၊ ဒေါက်တာဖရန့်ဂေါ့ဒီယို ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ အဆိုအရ ကြီးမားတဲ့မြေပေါ် အဆောက်အဦး၊ ရုပ်ထုကြီးတွေရဲ့ ဖိအား၊ နူံးမြေပျော်ကျနိမ့်ဆင်းမူကနေ အဆိုပါမြို့ကြီးပင်လယ်ရေအောက်ရောက်ရှိသွားတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက်ဖေါ်ပြထားပါတယ်။
အခြားယူဆချက်တစ်ခုအနေနဲ့ကတော့ ကြုံတောင့်ကြုံခဲ ရေဘေးကြီးမျိုး ကြုံတွေ့ရခြင်း၊ မြေငလျှင်ဒဏ်ခံရခြင်းနှင့် အတူ မြေနု နုံးမြေတွေ ပျော်ကျနိမ့်ဆင်းမှုတို့ကြောင့်ည်း ဖြစ်နိုင်ကြောင်း သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်.

ကိုးကား

http://www.weather.com/news/science/lost-underwater-city-uncovered-20130430 

Credit to fullpremiumnowfree 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.