Facebook Comment တွေမှာ ပုံတွေထည့်လို့၇ပြီ

Posted by Black Magic | Posted in , | Posted on 11:45 AM

 

 Facebook comment များတွင် ဓာတ်ပုံများ ထည့်သွင်းနိုင်
.......................................................................
20.6.2013
 
နာမည်ကျော် လူမှုရေး ကွန်ရက်ဖြစ်သော Facebook သည် comment thread များတွင် ဓာတ်ပုံများ ထည့်သွင်းနိုင်သည့် feature သစ်ကို အသုံးပြုသူအားလုံးထံ ဖြန့်ချိပေးလိုက်သည်။

ထို့အတွက် Facebook သုံးစွဲသူ ၁.၁၁ ဘီလီယံသည် သူငယ်ချင်းများ၏ status update များတွင် ဓာတ်ပုံပါဝင်သည့် comment များကို ရေးသားနိုင်ပြီ ဖြစ်သည်။

Facebook ၏ အဆိုအရ အထက်ပါ feature သစ်ကို အသုံးပြုသူအားလုံးထံ ဖြန့်ချိပေးခဲ့ကြောင်း၊ ၎င်း feature သစ်သည် Attach a Photo button သစ်ကို နှိပ်ရုံဖြင့် သုံးစွဲသူများအား comment thread များ၌ ဓာတ်ပုံများ ထည့်သွင်းစေမည်ဖြစ်ကြောင်း၊ Photo comment များကို လက်ရှိတွင် Facebook Web site နှင့် mobile site တို့တွင်သာ အသုံးပြုနိုင်သေးကြောင်း၊ Facebook mobile app များတွင် photo comment များ ရေးသားနိုင်ခြင်း မရှိသေးသော်လည်း ၎င်းတို့ကို မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Photo comment များ ရေးသားနိုင်ခြင်းကြောင့် Facebook သုံးစွဲသူများအနေဖြင့် သူငယ်ချင်းများ၏ status update များ၌ comment ရေးသားရာတွင် ပိုမိုထိတွေ့မှု ရှိစေပြီး၊ မိမိ၏ စိတ်ခံစားမှုကိုလည်း ပိုမိုဖော်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း Facebook အင်ဂျင်နီယာ Bob Baldwin က ပြောကြားခဲ့သည်။

CNET

Internet Journal မှ မျှဝေပါတယ်။
 Ref: https://www.facebook.com/internatnews?hc_location=stream

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.