Read Me! Please!

Posted by Black Magic | Posted in | Posted on 4:02 AM

၁ ပါတ်လောက်ရှိပြီထင်တာပဲ အပျင်းကြီးတာရော connection မကောင်းတာရောပေါင်းပြီးတော့ ကိုယ်ပိုင် Post ကိုမရေးဖြစ်ဘူး... Blog to Blog ကူးနေမိတယ်... ခုလေးတင်ပဲ ဆရာ Mr.Jockerlay ရေးတဲ့ DOS Command ဆိုတဲ့စာအုပ်လေးဖတ်ပြီးတော့ ကိုယ့်ကိုယ်ကိုရှက်နေတာ...ကျွန်တော် Mr.Jockerlay ကိုမသိပါဘူး..သူအသက်ဘယ်လောက်ရှိမှန်းလည်းမသိဘူး... ဘယ်လောက်တော်မှန်းလည်းမသိဘူး... အဲဒါလေးကြိုက်လို့ကို ဆရာ လို့ပစ်ခေါ်လိုက်တော့တာ.... :P  ဆရာရေးထားတာက----

"လောလောဆယ်မြန်မာ Blog တော်တော်များများမှာ Myanmar to Myanmar ကော်ပီ Blog တွေတွေ့ရတယ်။ပြောချင်တာက မြန်မာ ဘလော့ကာများ ကော်ပီမယ်ဆိုရင် နိုင်ငံခြားဆိုဒ်တွေကို လေ့လာပြီးပြန်ရေးတာကောင်းတဲ့လက္ခဏာလို့ကျွန်တော်ထင်ပါတယ်။အဲလိုနည်းဟာ မြန်မာအိုင်တီ ဖွံဖြိုးဖို့နည်းလမ်းတစ်ခုပါပဲ။မြန်မာဘလော့ကာဆိုဒ်တွေလည်လိုက်တယ်ဆိုရင်ပဲ ဘလော့တော်တော်များများကထပ်ထပ်နေတော့ လေ့လာစရာပဲမရှိတော့သလိုလို"

ဟီး... ကျွန်တော့်ကိုတည့်တည့်ကြည့်ရေးထားသလို့ပဲ...ဒီ ၅ ရက်လောက်အတွင်းမှာ ကော်ပီတွေက သုံးပုံနှစ်ပုံလောက်ပါနေတာကိုး... ကျွန်တော်ကလည်း ကျွန်တော်အသုံးလိုတာတို့ ၊ ကြိုက်တာတို့တွေ့ရင် တခြားသူတွေအတွက်ပါရအောင်လို့တင်မိတာပါ...  ကဲထားပါတော့၊ဆိုလိုရင်းကတော့..ကျွန်တော် ဒီနေ့ကစပြီးတော့ Myanmar to Myanmar Copy မလုပ်တော့ပါဘူး... ကျွန်တော်အရမ်းကြိုက်ရင်တော့သိမ်းတဲ့သဘောနဲ့ပဲတင်ပါမယ်.. မတောက်တခေါက်တက်သမျှလေးနဲ့ နိုင်ငံခြားဆိုဒ်တွေကနေ လေ့လာပြီးပြန်ရေးပါတော့မယ်.. အဲဒီအတွက် Post  အသစ်တွေတင်တာ ကျဲသွားရင် စေတနာရှေ့ထားပြီးသည်းခံကြပါလို့တောင်းပန်ချင်ပါတယ်ခင်ဗျာ...လိုချင်တာရှိခဲ့ရင် C-Box ကနေ တောင်းနိုင်ပါတယ်ဗျာ...တတ်နိုင်သလောက်ရှာပြီးတင်ပေးပါ့မယ်
အားလုံးအဆင်ပြေကြပါစေဗျာ (BlackMagic)

PS:ဆရာ Jockerlay ရေးထားတဲ့ DOS Command စာအုပ်လေးဖတ်ချင်တယ်ဆိုရင် အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.