Posted by Black Magic | Posted in ဗဟုသုတများ , သတင်းများ | Posted on 4:20 AM

ဗြိတိန်အခြေဆိုက် Ownfone အမည်ရ ကုမ္မဏီမှ တီထွင် ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ ကလေးများအတွက်သာ ရည်ရွယ် ထားခြင်း ဖြစ် ပါတယ်။
ထူးခြားချက်ကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ နံပါတ်တွေ မပါပါဘူး။ နံပါတ်နေရာအစား လူပုံတွေထည့်ပေးထားပါတယ်။ အဖေ၊အမေ၊အဖိုး၊ အဘွား အစရှိသဖြင့် သူတို့ရဲ့  ပုံနဲ့ တွဲထားပေးရင် ဖုန်းဆက်ချင် ရင် နှိပ်လိုက်ရုံပါပဲ။ ဒီအတွက် ဖုန်းဝယ်ပြီးရင် နံပါတ်ကို အရင်ဆုံး ထည့်ပေးပြီး ပုံနဲ့တွဲရမှာပါ။ မျက်နှာပြင်ကတော့ touch screen ဖြစ်ပေမယ့် ဖန်သားမျက်နှာပြင်တော့ မဟုတ်ပါဘူး။
ရည်ရွယ်ချက်ကိုက ဂဏန်းမပေါင်းတတ်တဲ့၊ သို့မဟုတ် ပေါင်းတတ်လည်း ခပ်လွယ်လွယ်မရနိုင်သေးတဲ့ ကလေးတွေ၊ ပြီးတော့ မျက်စိမှုန်နေပြီ ဖြစ်တဲ့ အဖွားတွေ၊ အဖိုးတွေ အတွက် ဖြစ်ပါတယ်။ First Phone (1st phone) ဟာ ကာလတန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၅၅ ပေါင် ဝန်းကျင်နဲ့သာ ဖြန့်ချိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
Ref: pocketlint










Myanmar Kyat Converter
Comments (0)
Post a Comment