Posted by Black Magic | Posted in $ မြင်ကက်စရာများ , သတင်းများ | Posted on 2:39 AM
၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ကျင်း ပရေး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်
ခဲ့သည့် ကျောင်း ဆရာမတစ်ဦးကို ပညာရေးဝန်ကြီးဌာနက မယူမနေရ ပင်စင် ပေး လိုက်ကြောင်း သတင်း
ရရှိသည်။
ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေ
ပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ
၁၇ ရက်နေ့ တွင် မယူမနေရ ပင်စင်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။
ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ
၁၅ ရက်တွင် လက်မှတ်ရေးထိုး၍ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်း
ဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်သွင်းရေးသား ဖော်ပြထားကြောင်း သိရသည်။
မယူမနေရ ပင်စင်ပေးလိုက်သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမ
တန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်
တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ
ပြီး ဒီပွဲကိုတက်ရောက်ခဲ့တာပါ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ''ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံး
ထံသို့ မေးမြန်းရာ ဖြေ ဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို
့နှင့်မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန် ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။
ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်း
မကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။
၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။
ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်း
ဥက္ကဋ္ဌဦးသန်းထိုက် အောင်က အပြင်းအထန်ဆန့်ကျင် ကြောင်း ပြောကြားလိုက်သည်။
''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြော
သည်။
၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်း
အောင်လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်
ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြား
အစိုးရဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက် အောင်က ဆက်ပြောသည်။
Popular Myanmar News Journal











Myanmar Kyat Converter
Comments (0)
Post a Comment