Active Lockscreen For Android

Posted by Black Magic | Posted in | Posted on 3:21 AM




Lockscreen အများစုမှာ ပါဝင်တဲ့ function တွေက Lock ဖွင့်တာ၊ Phone Call လုပ်တာ၊ SMS ဖွင့်တာ၊ Mute လုပ်တာ၊ Camera ဖွင့်တာ .. စသဖြင့် function အနည်းငယ်သာ Lockscreen မှာ
အသုံးပြုနိုင်ပါတယ်။ Active Lockscreen မှာတော့ Lockscreen တစ်ခုမှာတင် အသုံးပြုနိုင်တဲ့ function အများကြီး ပါဝင်နေပါတယ်။

** Call **
Call လုပ်ရာမှာ ကိုယ်အမြဲဖုန်းခေါ်လေ့ရှိတဲ့ Contact လေးခုကို ..
Lockscreen မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ Lockscreen မှာတင် ..
တစ်ခါတည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အလွန်အဆင်ပြေပါတယ်။

** Message **
Message ဖွင့်ရာမှာလဲ SMS တစ်မျိုးတည်းတင်မဟုတ်ပဲ သင့်ဖုန်းမှာ fb messenger , Gmail , imo .. အစရှိတဲ့ message app တွေကိုလဲ Lockscreen မှာ တစ်ခါတည်း တန်းဖွင့်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

** Camera **
Camera ဖွင့်ရာတွင်လဲ ဖုန်းမှာပါတဲ့ built in camera အပြင် သင်ထည့်ထားတဲ့ တစ်ခြား camera app များကိုလဲ ဖွင့်နိုင်ပါတယ်။

** Apps **
Application များကိုလဲ (၈)မျိုးအထိ Lockscreen မှာ shortcut အနေဖြင့် ဖန်တီးထားလို့ရပါတယ်။ Lock ဖွင့်ရင်း ကိုယ်သုံးချင်တဲ့ App ဆီကို တစ်ခါတည်းတန်းဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

** Themes **
Active Lockscreen အတွက် ဆန်းသစ်လှပတဲ့ Theme များစွာကိုလဲ Play Store မှာ အခမဲ့ ရယူနိုင်ပါသေးတယ်။ Theme တွေက အတော်လေးလန်းတယ်ဗျာ။ အားရပါးရသာ ယူကြပေတော့။

Active Lockscreen မှာ ထည့်ထားချင်တဲ့ App များကို Setting ထဲသွားပြီး ..
Select your shortcuts ဆိုတဲ့အောက်မှာ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်ပါတယ်။ Active Lockscreen ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ ၊ မပြေကတော့ ဒေါင်းပြီး စမ်းကြည့်လိုက်ပါ။ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်တဲ့ Lockscreen တစ်ခုဖြစ်ပါတယ်။

download - (3MB)

dropbox

copy

zippyshare


အားလုံးအဆင်ပြေကြပါစေဗျာ...
Ref : Mr.AD

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.