Posted by Black Magic | Posted in Phone Secret Codes , Ways For Android | Posted on 6:27 PM

စက်ရုပ်အားလုံးအတွက် Shortcut key လေးတစ်ခုပြောပြပါမယ်....
မသိသေးသူများအတွက် Share ပေးတာပါ....တော်တော်များများကတော့သိမယ်ထင်ပါတယ်
သိသူများ ကတော့ ကျော်သွားပါနော်။
မိမိတို့ရဲ့ ဖုန်းမှာ ဆော့ဝဲလ် တစ်ခုကနေပြီး အခြားနောက် ဆော့ဝဲလ်တစ်ခုကို အလွယ်တကူ ကူးနိုင်တဲ့ Shortcut key လေးတစ်ခုပါ။
ဥပမာ - Browser ကနေ အင်တာနက် သုံးနေပြီး နောက်ဆော့ဝဲလ်တစ်ခုကို ဖွင့်မယ်ဆိုရင် home ကိုနှိပ်ပြီး မိမိဖွင့်ချင်တဲ့ ဆော့ဝဲလ်ကို ဖွင့်ပါတယ်။
လက်ရှိ မိမိဖွင့် ထားတဲ့ ဆော့ဝဲလ်ကနေပြီး ခုနက ဖွင့်ထားတဲ့ Browser ကို ပြန်သွားချင်ရင် Home key ကိုနှိပ်ပြီး Browser ကို ပြန်ရှာပြီး ဖွင့်နဲ့ အလုပ် မဖြစ်ပါဘူး။
တစ်ချို့ကျတော့လည်း back နဲ့ ပြန်ထွက်ပါတယ်။
အခု ကျွန်တော်ပြောတဲ့ Shortcut key လေးနဲ့သွားပါ။
မိမိတို့ အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေကို အလျင်မြန်ဆုံးနဲ့ တစ်ခုနဲ့ တစ်ခု အလွယ် တကူ ကူးပြောင်းနိုင်
ပါတယ်။
မိမိက Browser နှစ်ခုနဲ့ အင်တာနက် အသုံးပြုနေ တယ်ဆိုရင် မိမိ အခုသုံးနေတဲ့ Browser ကနေပြီး
နောက်တစ်ခုကို ကူးချင်ရင် Home key ကို ၂ / ၃ seconds လောက်ဖိထားလိုက်ပါ။
ဒါဆိုရင်တော့ မိမိတို့ ဖုန်းမှာ run ထားတဲ့ ဆော့ဝဲလ်တွေကို အလျင်မြန်ဆုံးနဲ့ အလွယ်တကူ ကူးပြောင်း ၀င်ရောက်နိုင်ပါတယ်။
ကွန်ပျူတာမှာဆိုရင် Alt နဲ့ Tab ကိုတွဲနှိပ်သလိုပါဘဲ။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ..............။
အဆင်ပြေပါစေ...။
မောင်ပေါက်ဘလော့မှကူးယူမျှဝေသည်။










Myanmar Kyat Converter
Comments (0)
Post a Comment