Posted by Black Magic | Posted in ဟာသများ | Posted on 1:01 AM

Mr.AD Facebook မှာတွေ့တော့ ကျွန်တော်တောင်ကြောင်သွားတယ်...
ကဲ အားလုံးလည်း ဘယ်လိုသဘောရလည်းတော့ မသိဘူးဗျာ....
-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x
ဒီပို့စ်ကို ကဲ့ရဲ့လိုစိတ်နဲ့ ကျွန်တော် တင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ တကယ် ရယ်မိတာတော့ ၀န်ခံပါတယ်။ ကျွန်တော် ထောက်ပြချင်ရုံသက်သက်ပါပဲ။ Mobile Guide ဂျာနယ်မှာ တွေ့ခဲ့ရတဲ့ Android ဖုန်း ကြေငြာတစ်ခုပါ။ ရုတ်တရက် ဖတ်လိုက်မိပြီး ဘာမှန်းမသိအောင် နားမလည်ဖြစ်သွားရပါတယ်။
အသုံးနှုန်းများက အထူးဆန်းတွေကြီး .. အသုံးနှုန်းတွေကို ကျွန်တော် ရေးပြမယ်ဗျာ။
လက်ကိုင်ဖုန်း (အပြား) တဲ့ဗျ။ လက်ကိုင်ဖုန်း အလုံးကြီးရော ရှိလားမသိဘူး။ သူဆိုလိုတာက ခြင်းဖုန်းခေါ် အရင်တုန်းက CDMA 450 တွေကို ဆိုလိုတာလားမသိဘူး။
1.5GHz (4 core) တဲ့ဗျ။ သေချာတယ် S4 ထက်တောင် CPU မြင့်သွားပုံပဲ။ 4 core ဆိုတာ ခုမှပဲ ကြားဖူးပါတော့တယ်။
အရှေ့သောင်း၁၃၀၀၊ အနောက်သောင်း၁၃၀၀ .. ဆိုတဲ့ရေးသားမှုကို ကျွန်တော် ဖတ်မိတော့နားမလည်ဘူး။
နောက်မှ ရှေ့ကင်မရာနဲ့နောက်ကင်မရာကိုပြောတာဖြစ်မယ်လို့ထင်ခဲ့တယ်။
5.0လက်မ 1080P မျက်စိအာရုံလွှဲပုံဖော်မြင်ကွင်း ... တဲ့ဗျာ။ မျက်စိအာရုံကို ဘယ်လိုများလွှဲပြီး ပုံဖော်ပေးတဲ့ Screen လဲ မသိဘူး။ အထူးအဆန်းကြီး။
အလွန်ကြည်လင်ဓါတ်ပုံ နှင့် အသိဥာဏ်ရှိ လက်ကိုင်ဖုန်း .. တဲ့ မထူးဆန်းဘူးလားဗျာ။ ဒီလောက်ပဲ ကျွန်တော် ရေးပါရစေ။ ဓါတ်ပုံထဲမှာကြည့်ရင် ပိုဆိုးပါတယ်။
ဘာလို့ ဒီလိုရေးရတာလဲ။ တရုတ်ပြည်က ဖုန်းရောင်းသူအနေနဲ့ မြန်မာပြည်မှာ ကြေငြာမယ်ဆိုရင်လဲ စာအထားအသို စကားလုံး အသုံးနှုန်းကို တတ်ကျွမ်းတဲ့ နည်းပညာရှင်တွေကို ရေးခိုင်းသင့်ပါတယ်။ ဒီကြေငြာပါ တရုတ်ဟန်းဆက်တွေက အရည်သွေး မြင့်ချင်လဲ မြင့်နိုင်တယ်။ ဒါပေမဲ့ ကြေငြာပုံ ကြေငြာနည်းက မဟုတ်တော့ အများအမြင်မှာ ရယ်စရာကြီးဖြစ်နေပါတယ်။ ကျွန်တော် ထောက်ပြချင်တာက အဲ့ဒါပါ။
ကျွန်တော် မနေနိုင်လို့ ရေးမိတာပါ။ ကဲ့ရဲ့လိုစိတ် နည်းနည်းလေးမှ မရှိပါဘူး။ သူများ စီးပွားရေးကိုလဲ တုတ်နဲ့ မထိုးပါဘူး။ တကယ်လို့များ ထိုကုမ္ပဏီက လူများ ကျွန်တော့်ဘော်ဒါများထဲတွင်ရှိမယ်ဆိုရင် ဒီကြေငြာပုံစံလေးကို ပြင်စေချင်တယ်။ Android ဖုန်းတွေကို ဒီလိုမျိုးကြီး ပြီးစလွယ် ကြေငြာတာ မြင်ရတော့ စိတ်ထဲ တစ်မျိုးကြီးပဲ။ ဖုန်း ဒီဇိုင်းတွေက လန်းပါတယ်။ ကြေငြာပုံကြီးကတော့ အများအမြင်မှာ ရယ်စရာဖြစ်နေပါတယ်။ နည်းလမ်းမှန် စာသားမှန်ဖြင့် ကြေငြာနိုင်ပါစေ ...။
Share From
Mr.AD

Comments (0)
Post a Comment