Posted by Black Magic | Posted in ဗဟုသုတများ , သတင်းများ | Posted on 3:02 AM

ကဲပျင်းနေကြမှာစိုးလို့ ဗဟုသုတ လေးတွေတင်ပေးလိုက်တယ်ဗျာ။ ပြီးတော့ ဟာသလေးတွေအစား Facebook ကနေဖတ်ဖူးတဲ့သရဲ အကြောင်းလေးတွေတင်ပေးမယ်ဗျာ.. တစ်မျိုးထဲဆိုရင်အီသွားမှာစိုးလို့ပါ...
Central Standard Timing လို့ခေါ်တဲ့ Electronic ကုမ္ပဏီတစ်ခုမှ 0.8 မီလီမီတာသာ အထူရှိသော ကမ္ဘာ့အပါးလွှာဆုံးနာရီကို စမ်းသပ်ထုပ်လုပ်နေပါတယ်။
နာရီကို ကိုယ်ထည်ကို ကွေးညွတ်နိုင်သော ပြော့ပြောင်းတဲ့ Stainless Steel စတီးဖြင့်ပြုလုပ်ထားပြီး၊ display ကိုတော့ Electronic Ink လို့ခေါ်တဲ့ E-ink Electronic paper တစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။
သာမန် Credit Card အကြွေးဝယ်ကဒ် တစ်ခုလောက်သာ အထူရှိတဲ့ ဒီ CST-01 နာရီမှာ သော့သီးကဲ့
သို့သော ခလုပ်တစ်ခုမျှ မပါဝင်ပဲ အချိန်တိုက်ခြင်း၊ ၁၂ နာရီနှင့် ၂၄ နာရီ စနစ်ပြောင်းလဲခြင်းများကို
Base Station လို့ခေါ်တဲ့ အားသွင်းနိုင်တဲ့ ထိမ်းချုပ်တုံးလေးမှ တစ်ဆင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Micro-Energy Cell လို့ခေါ်တဲ့အလွန်သေးငယ်ပြီး၊ လေးလံသောဓါတုပစ္စည်းများ၊အဆိပ်သင့် စေနိုင်
သော ပစ္စည်းများမပါဝင်သည့် ဓါတ်ခဲကို အသုံးပြုထားပါတယ်။
ဆယ်မိနစ်အားသွင်းရုံဖြင့်တစ်လတိုင်အောင် အသုံးပြုနိုင်တဲ့ ၄င်း MEC စနစ်ဓါတ်ခဲမှာအကြိမ်၁၀၀၀၀ ခန့်အားပြန်လည်ဖြည့်သွင်းနိုင်ပြီး၊ ၁၅ နှစ်ခန့်ထိအောင်အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။
ref: http://www.kickstarter.com/projects/1655017763/cst-01-the-worlds-thinnest-watch?ref=category

နာရီကိုအားသွင်းလိုပါက Base Station ပေါ်မှာ စွပ်ပေးလိုက်ရမည်ဖြစ်ပြီး၊ နာရီ အချိန်ပြောင်းလဲသတ်မှတ်ခြင်း များကိုလည်း ၄င်း Base Station မှပင် ချိန်ညှိုပေးရမှာဖြစ်ပါတယ်။
နာရီ ကို Steel ရောင်၊ အနက်ရောင်နှင့် ရွှေရောင်များဖြင့် ထုပ်လုပ်မည်ဖြစ်ပြီး၊ အရွယ်အစားမှာလည်း Small, Medium နှင့် Large ဟူ၍ သုံးမျိုးထုပ်လုပ် ရောင်းချမယ်လို့သိရပါတယ်။
$129 ဒေါ်လာ (မြန်မာကျပ်ငွေ ၁ သိန်းခန့်) နှင့်စတင် ကြိုတင်မှာယူနိုင်ပြီး၊ CST-01 နာရီအားလုံးကို အရည်အသွေး ထိမ်းသိမ်းနိုင်စေရန် အမေရိကားမှာပင် တပ်ဆင်ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ref: http://www.kickstarter.com/projects/1655017763/cst-01-the-worlds-thinnest-watch?ref=category

Myanmar Kyat Converter
Comments (0)
Post a Comment