Posted by Black Magic | Posted in သတင်းများ | Posted on 5:48 PM

မုံရွာ ဩဂုတ် ၂၁
ဩဂုတ် ၂၀ ရက်က မုံရွာမြို့ ပိတောက်ကုန်းရပ်နှင့် အေးခိုရပ် အကြား ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင်
ရွှေတောင်ကုမ္ပဏီမှ လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်နေစဉ် လမ်းကြိတ်စက်ဖြင့် ရွှေတောင်ကုမ္ပဏီ
မှ လက်ထောက် အင်ဂျင်နီယာ အမျိုးသမီးတစ်ဦးအား ကြိတ်မိသေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က မုံရွာမြို့ ပိတောက် ကုန်းရပ်နှင့် အေးခိုရပ်ကြား
ဗိုလ်ချုပ် လမ်းမ ကြီးအား ရွှေတောင်ကုမ္ပဏီမှ လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေရာ SARAT-ရှေ့
ဘီးသုံး ဘီး၊ နောက်ဘီး လေးဘီးပါ လိမ္မော်ရောင်လမ်းကြိတ်စက်အား ရွှေတောင်ကုမ္ပဏီမှ ကိုမြင့်မောင်
(၂၉)နှစ် (ဘ)ဦးအေးဝင်း က မြို့ပတ်လမ်းမီးပွိုင့်မှ မုံရွာတောင်အုပ်ချုပ်ရေးမှူးရုံး သို့ တောင်ဘက်မှ
မြောက်ဘက် သို့ ခေါက် တုံ့ခေါက်ပြန် မောင်းနှင်ကာ လမ်းကြိတ် ဆောင် ရွက်နေစဉ် မုံရွာတောင်အုပ်
ချုပ်ရေးမှူးရုံးရှေ့ ပိတောက် ကုန်းရပ် ဇွဲမာန်စိုက်ပျိုးရေးဆေး ဆိုင်ရှေ့အရောက်တွင် ရွှေတောင် ကုမ္ပဏီ
မှ မထွေးအိအိကျော် (၃၂)နှစ် လက်ထောက် အင်ဂျင်နီယာ မြေနဲရွာ ရွှေတောင် တိုးဂိတ် မုံရွာမြို့နယ်နေ
သူသည် ခင်းပြီးသားလမ်းအလယ်တွင်ရပ်ပြီး စာရင်း ရေးမှတ်နေစဉ် လမ်းကြိတ်စက်မှာ နောက်ပြန်
မောင်းနှင်လာပြီး မထွေး အိအိကျော်အား တိုက်မိသည်။
ထို့နောက် မထွေး အိအိကျော်လဲကျစဉ် လမ်း ကြိတ်စက်ကြိတ်မိရာ မထွေးအိအိကျော်တွင် ယာဘက်
ပေါင်ကျိုး၊ ဆီးခုံဒဏ်ရာ များရရှိပြီး ဆေးရုံသို့ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် သေဆုံး
သွား ကြောင်းသိရသည်။
ထို့ကြောင့် လမ်းကြိတ် စက်အား မဆင်မခြင်ပေါ့ဆစွာ ကိုင်တွယ်မောင်းနှင်သူ ကိုမြင့်မောင် (၂၉)နှစ်
မြစ်သာရွာ မြင်းခြံအုပ်စု မြင်းခြံ မြို့နယ်နေသူအား မုံရွာမြို့အမှတ်(၁) ရဲစခန်းက အမှုဖွင့်အရေးယူထား
ကြောင်း သိရသည်။
Ref : မျိုးဝင်းထွန်း(မုံရွာ)










Myanmar Kyat Converter
Comments (0)
Post a Comment