မယူမနေရ ပင်စင်ပေးခံရသည့် ဆရာမအား ရာထူးထုတ်ပယ်မိန့် ပြောင်းလဲထုတ်ပြန်

Posted by Black Magic | Posted in , | Posted on 11:32 AM

၈၈ ငွေရ တုသတင်းစာရှင်းလင်းပွဲတက်မိ သည့် ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ ပင်စင်ပေးပြီး နှစ်ရက်အကြာတွင် ရာထူးမှထုတ်ပယ်သည့် အမိန့်ကို ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။

အဆိုပါ ဆရာမအား ဩဂုတ် ၁၅ရက်နံနက်ပိုင်းတွင် မယူမနေရ အငြိမ်းစား (Forced to Retire)ပေးသည့် ပြန်တမ်းအမှတ်(၃၀၇)အား ပယ်ဖျက်၍ ပညာရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး ၏ (၁၇- ၈- ၁၃) ရက်စွဲပါ စာအမှတ် ၁ပညာ၊ ၂(ယ)၊ ၂၀၁၃ (၂/၂၀၁၃) ဖြင့် အကြောင်း ကြားချက်အရ

နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ် (Removal) လိုက်သည့် ပြန် တမ်းအား အမှတ်(၂)အခြေခံ ပညာဦးစီး ဌာနမှ ညွှန်ကြားရေး မှူး(စီမံ)က လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မက ၈၈သမိုင်း တစ်ခုဖြစ်ခဲ့တော့ ဒီပွဲကိုသွားရောက် တက်ခဲ့တာပါ။ ဒီပွဲကိုတက်ခဲ့တဲ့အ တွက် ကျွန်မမှာအပြစ်မရှိဘူး။ ကျွန်မ လို တခြားဝန်ထမ်းတွေကို ဒီလို မဖြစ်စေချင်ဘူး။ အပြစ်ပေးတာ ကလည်း ဒီလောက်မပြင်းထန်သင့် ဘူး။ ဝန်ထမ်းတွေကို ဥပဒေအတိုင်း စဉ်းစားမယ်ဆိုရင် မိခင်ဌာနအနေ နဲ့ အမှန်အတိုင်းဖြစ်ဖို့ ဆောင်ရွက် ပေးစေချင်တယ်'' ဟု ပြောကြားခဲ့ သည်။

အောင်သက်ကို
Yangon Media Group

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.