သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံ

Posted by Jelly Kit | Posted in | Posted on 12:46 AM

 
သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံ
၁) ရေစက်ခေါင်းတွေ ပြောင်လက် တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင် ပါတယ်။
(၂) မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။
(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက် ပေးရင် အရောင်လက်စေပါတယ်။
(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။
(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။
(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြော နိုင်ပါတယ်။
(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။
(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။
(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။
(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက် လွယ်စေပါတယ်။
(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။
(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။
(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။
(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင် သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ် တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။
(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။
(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေ ပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။
သွားတိုက်ဆေးကို သွားဖြူဖွေးသန့်ရှင်းဖို့ အသုံးပြုရုံတင်မက အထက်ကနည်းအတိုင်းလည်း စမ်းသပ် အသုံး ပြုနိုင်ပါတယ်။ လက်တွေ့မသုံးဖူးတော့ မှန်မမှန်မသိပါဘူး။ အီးမေးလ်ကရတဲ့ သွားတိုက်ဆေး အသုံးဝင်ပုံကို ဘာသာပြန်လိုက်ပါတယ်။ မေးလ်ပို့ပေးတဲ့ ထိုင်ဝမ်ကသူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။
Credit: Original Poster

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.