Posted by Black Magic | Posted in သတင်းများ | Posted on 7:13 PM
အကြောင်းပြချက် မရှိ အလုပ်ထုတ် ခံရသော ကျောင်း ဆရာမ အတွက် ပြည်ပ အကူအညီယူ ဖြေရှင်းမည်
|
![]() |
![]() |
![]() |

အကြောင်းပြချက်မရှိ အလုပ်ထုတ် ခံရသော ကျောင်းဆရာမ အတွက် ပြည်ပ အကူအညီယူ ဖြေရှင်းမည်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော အလယ်
တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် အကြောင်းပြချက် မရှိဘဲ အလုပ်မှ ထုတ်ခံရသည့် အပေါ် ပညာရေး ဝန်ကြီး
ဌာနက ပြန်လည်ဖြေရှင်းခြင်း မရှိလျှင် ပြည်ပအဖွဲ့ အစည်းများ၏ အကူအညီ ယူကာ ဖြေရှင်းသွားမည်
ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအကြောင်း အရင်းနှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက သြဂုတ်လ ၂၆ ရက်
နေ့တွင် ကြေညာချက် တစ်စောင်ကို တရားဝင် ထုတ်ပြန်ခဲ့သည်။ အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်
မှ ရပ်နားခိုင်းခြင်းနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက လာမည့် ၁၄ ရက် အတွင်း တည်ဆဲဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည် စိစစ် သုံးသပ်ပြီး အများပြည်သူကို ပြန်လည် ရှင်းလင်းချက်
ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖြေရှင်းချက် မပေးနိုင်ပါက နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO)
နှင့် ပြည်တွင်းက အဖွဲ့အစည်းများထံ တိုင်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းအသင်း တာဝန်ရှိသူ တစ်
ဦးက ဖြည့်စွက် ပြောဆိုသည်။
"ပညာရေး ဝန်ကြီးဌာန ကနေ မယူမနေရ အငြိမ်းစားကနေ ရာထူးကနေ ထုတ်ပယ်တဲ့ အမိန့်စာထုတ်တာ
နှစ်ရက်လောက်ပဲ ခြားတယ်။ ဒါသူတို့လူတွေ လက်ဝါးချင်း ရိုက်ပြီး လုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်" ဟု ၄င်းက
ထပ်လောင်း ပြောဆိုသည်။ နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အ
ထက်တန်းကျောင်းရှိ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် ခွင့်မဲ့ ငါးရက်နှင့် ခွင့်ပြုချက် မရရှိဘဲ ခရီး
ဝေး ထွက်ခွာခြင်းကြောင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း
ယင်းဆရာ၊ ဆရာမများ အသိုင်းအဝိုင်းက သိရသည်။
ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်း
အဝေး ဆုံးဖြတ်ချက်အရ မယူမနေရ အငြိမ်းစား ပေးခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် ပညာရေး ဝန်ကြီး
ဌာန ဝန်ကြီးရုံးက ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း ပြန်လည်ကြေညာ ခဲ့သည်။ ပညာရေးဝန်ကြီးဌာန၏
ထုတ်ပြန်ချက်သည် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ဝန်ကြီးအပြောင်း အလဲကြောင့်
သြဂုတ်လ ၁၇ရက်တွင်သာ တရားဝင်ထုတ်ပြန်နိုင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် တိုက်
ဆိုင် သွားရခြင်းဖြစ်ကြောင်း ၄င်းသည် ခွင့်မဲ့ ငါးရက်အပြင် ခရိုင်ပညာရေးမှူး ရုံးသို့ တွဲဖက်တာဝန်လွှဲအပ်
ခြင်းတို့ကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ယင်းသို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပညာရေး
ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။
By The Voice Journal














Myanmar Kyat Converter
Comments (0)
Post a Comment