"လွဲပြန်ပြီ"

Posted by Black Magic | Posted in | Posted on 9:32 PM





ကဲ နည်းပညာတွေချည်းပဲတင်နေတော့ ပျင်းနေမှာစိုးလို့ ဟာသလေးတင်ပေးလိုက်တယ်ဗျာ...

ဓါးမြဗိုလ်မိုးကြီးမှာ လက်ထောက်ဗိုလ်တစ်ယောက်ရှိတယ်။
ဗိုလ်မဲလုံး ခေါ် ဗိုလ်ကြည်ဆွေတဲ့
ယုံကြည်ရလို့သာ လက်ထောက်ဗိုလ် ခန့်ထားရတာ၊ လူက ကျပ်မပြည့်တော့ ဘာလုပ်လုပ် တလွဲတချော်ချည့်ပဲ

တရက်က..
ဗိုလ်မဲလုံးတစ်ယောက် နေမကောင်းလို့ ဆေးမှူးကဆေးပေးထားတယ်... ...
'၆ နာရီခြားပြီး ဆေး ၂ လုံးသောက်' ဆိုတာကို '၂ နာရီခြားပြီး ဆေး ၆ လုံး' သောက်တယ်။

တခါကလည်း...
ဗိုလ်မိုးကြီးက သူ့ကို ယိုးဒယားဘက် လက်နက်အဝယ်ခိုင်းလိုက်တယ်... ...
'ဗိုလ်မဲလုံး၊ ရိုင်ဖယ် ၁ဝလက်နဲ့ ပစ္စတို ၃ လက်ဝယ်ခဲ့'
'ဟုတ်ကဲ့' ... ဆိုပြီး၊ ပြန်လာတော့ ထင်တဲ့အတိုင်းပဲ ရိုင်ဖယ် ၃လက်နဲ့ ပစ္စတို ၁ဝလက် ဝယ်ချလာတယ်။

ရွာတရွာက ဆက်ကြေးမပေးလို့ ဆိုပြီး ရွာသူကြီးသမီးကို ပြန်ပေးဆွဲလာတယ်၊ သူကြီးအိမ်အောက်က ဝက်မကြီးတစ်ကောင်ပါ ဖမ်းချလာတယ်။
၃ ရက်အတွင်း ဆက်ကြေးလာပေးလို့လည်း ရာဇသံပေးလိုက်တယ်။

ဒီနေ့ သုံးရက်ပြည့်လို့ လေးရက်မြောက်တဲ့နေ့ပဲ
ဗိုလ်မိုးကြီး ဒေါသအမျက် ခြောင်ခြောင်းထွက်နေတယ်
ဒါ သူ့ကိုမထိမဲ့မြင်လုပ်တာ
ဒါ သူ့ကို အာခံတာ
ဒီလောက်ဖြစ်လှတဲ့ သူကြီး တွေ့ကြသေးတာပေါ့ကွာ
'ဗိုလ်မဲလုံး ခဏလာစမ်း'
'လာပါပြီ ဗိုလ်မိုးကြီး'
'ငါ့ကို အာခံတဲ့သူကြီးကို ပညာပေးရမယ်ကွ'
'ဟုတ်တယ် ဗိုလ်ကြီး'
'သွားကွာ သူ့သမီးကို မုဒိန်းကျင့်၊ သူ့ဝက်မကြီးကို ပစ်သတ်လိုက်'
'ဟုတ်ကဲ့'

တော်တော်လေးကြာတဲ့အထိ သေနတ်သံမကြား ဘာမကြားဆိုတော့ ဗိုလ်မိုးကြီးက လှမ်းအော်တယ်....

'ဟေ့ကောင် မဲလုံး၊ ခိုင်းလိုက်တာလေး နှစ်ခုထဲ၊ ကြာလှချည်လား ဟ'

ဒီတော့ ဗိုလ်မဲလုံးက ပြန်ပြောတယ်... ...

'ဝက်ကိစ္စက ပြီးပါပြီ၊ ခု သူကြီးသမီးကို သတ်မလို့'...တဲ့

'....ဟေ '

:)
ရီမောပျော်ရွှင်နိုင်ကြပါစေ။။။

BlackMagic
Ref:ဟာသဗိမာန်-ဆရာသန်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.