လူတော်တော်များများ မသိတဲ့လျှို့ဝှက်ချက်

Posted by Jelly Kit | Posted in | Posted on 2:28 AM

(၁) Las Vegas ရဲ့လောင်းကစားရုံတွေမှာ နာရီချိတ်မထားဘူး။

(၂) မက်ဒေါ်နယ်ရဲ့ ၄ဝ%အမြတ်က HappyMealsရဲ့ ရောင်းရငွေဖြစ်တယ်။

(၃) မွေးဖွားစကလေး ပျှမ်းမျှ ၁၂ယောက်လောက်ကို မိဘမှားပေးမိတဲ့အဖြစ်မျိုး နေ့တိုင်းရှိတယ်။

(၄) ချောကလက်က ခွေးကိုသေစေနိုင်တယ်။ ချောကလက်အောင်စ အနည်းငယ်လောက်နဲ့
ခွေးတစ်ကောင်ရဲ့ နှလုံး၊ အာရုံကျောကို ပျက်စီးပြီး သေစေနိုင်တယ်။

(၅) ဒါဗင်ချီက လက်တစ်ဘက်က စာရေးရင်း ကျန်လက်တစ်ဘက်နဲ့ ပန်းချီဆွဲနိုင်တယ်။

(၆) မိုနာလီဇာရဲ့ နှုတ်ခမ်းကိုပြီးစီးအောင်ဆွဲဖို့ ဒါဗင်ချီ ၁ဝနှစ်ကြာ အချိန်ယူခဲ့တယ်။

(၇) ဒုတိယကမ္ဘာစစ်အတွင်းမှာပေးတဲ့ အော်စကာဆုက သစ်သားနဲ့လုပ်ထားတဲ့ရုပ်တုဖြစ်တယ်။ အဲဒီတုန်းက
ရွှေဟာ ရှားပါးပစ္စည်းဖြစ်လို့ဖြစ်တယ်။

(၈) ဘရုစလီရဲ့ လှုပ်ရှားမှုက အင်မတန်မြန်တယ်။ မြန်လွန်းလို့ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မမြင်ရဘူး။
ရုပ်ရှင်ရိုက်တော့ ဖလင်ရဲ့အရှိန်ကိုနှေးပြီးမှ ရိုက်ရတယ်။

(၉) ခြင်မောင်းဆေးရည်က ခြင်တွေကို မောင်းမထုတ်နိုင်ဘူး။ ဒါပေမယ့် ခြင်ရဲ့အာရုံခံအင်္ဂါအစိတ်အပိုင်းတွေကို
အနှောင့်အယှက်ဖြစ်စေတယ်။ လူဘယ်မှာရှိတယ်ဆိုတာကို အလွယ်တကူ ရှာဖွေမရအောင်ဖြစ်တယ်။

(၁ဝ) ပထမဦးဆုံး ဘားဂုဒ်(bar code)ဖော်ပြတဲ့ ကုန်ပစ္စည်းက Wrigley တံဆိပ်ပီကေဖြစ်တယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.