ဖုန်းတစ်လုံးမှာ ဘာအလိုအပ်ဆုံးလည်း...?

Posted by Black Magic | Posted in | Posted on 7:04 PM


blackmagicmaker.blogspot.com


Phoneတစ်လုံးမှာ မြန်မာစာမှန်ပြီးတည့်တည့်ရဖို့ကအရေးကြီးဆုံးပါဘဲ။ ဘာကိုပြောတာလဲဆိုတာ Android
Jelly Bean User များအသိဆုံးပါ။ထိုနည်းတူ iOS မှာလဲ မြန်မာ Font ရဘို့က အဓိကပါဘဲ။

အရေးကြီးဆုံးအချက်က မြန်မာစာ ရဖို့ဆိုတာကို Phone တစ်လုံးမဝယ်ခင် အစဉ်းစားပါ..
Brand Phone တွေမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့  Language/Font အကုန်ပါပေမဲ့ မြန်မာစာတော့မပါသေးပါဘူး...။ နောင်နှစ်အနည်းငယ်အတွင်းမှာ ပါလာနိုင်တယ်ဆိုပေမဲ့
အခုဖြစ်နေတဲ့ အခြေအနေကို သိစေချင်ပြီး ရွေးချယ်နိုင်အောင် ပြောပြနေခြင်းဖြစ်ပါတယ်။

ပြောချင်တာ Phone ဝယ်တော့မယ်ဆိုရင် အဓိက မြန်မာစာရမရ ရရင် စာတည့်မတည့်မေးပြီးဝယ်ပါ
ပြောသာပြောနေရတာ Jelly Bean မှာမတည့်ပါဘူး။လူတွေက Brand အစွဲအလန်းကလဲရှိတော့
ဘာဝယ်ပါလို့မပြောချင်ပေမဲ့ ခုလတ်တလောအဆင်ပြေတာကတော့ HTC ပါဘဲ Built-In မြန်မာစာ ပါတော့ ဘာမှကိုပြောစရာမလိုတာ။

ဖြစ်နေတာက နာမည်ကြီးဖုန်းတော့ကိုင်ပါရဲ့ မြန်မာစာက Root လုပ်မှရ.. Root ပြီးတော့လည်း စာတွေကမတည့်။iPhone 5 တော့ကိုင်ဘာရဲ့ 6.1.4 မှာ J B မရ မရတော့ ဘာဖြစ်လဲ Facebook
သုံးချင်ရင် LikeBook ရှိတယ်မိုးကုတ် Browser ရှိရင် မြန်မာစာ တွေ့ရတယ်ဆိုပေမဲ့ Like Book က
Update လဲမပေး Browser ကလဲပြန်ထွက်ရင်ဟိုးတမလွန်ဘဝကိုပြန်ရောက်သွားသလိုပါဘဲ
ဘာမှ အဆင်မပြေဘူး။

တွေ့ရတာ China ဘတ်ဂျက် Ph တွေက မြန်မာစာ ဝေဝေဆာဆာပါဝင်ပြီး High End Ph တွေမှာ
မြန်မာစာမပါတာဟာ ကိုယ့်နိုင်ငံရဲ့အားနည်းချက်သာဖြစ်ပြီး User များကို ကိုယ်အသုံးပြုတဲ့ငွေကြေး နဲ့ အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုရင်းပြီး User တွေရဲ့အချိန်တွေ မကုန်စေချင်လို့တင်ပြလိုက်ရ
ပါတယ်။

တန်ဖိုးကြီးတဲ့ Handset ဝယ်ပြီးမှ Note လေး တည့်အောင်မှတ်လို့မရ Contact မှာ အဆင်ပြေ
အောင် မှတ်မရရင်ဘာလုပ်တော့မှာလဲ။

Handset များစွာ လက်တွေ့သုံးပြီး အများအဆင်ပြေစေရန် အကြံပြုလိုက်ပါသည်။

 
Ref : Lin Htet Win (Myanmar it Group)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.