" အိန်းအိန်း ၊နစ်ကီစတဲ့ ဖေ့စ်ဘုတ် နာမည်ကျော်များနဲ့ ဟဲလေးရဲ့ ဗီစီဒီ"

Posted by Black Magic | Posted in | Posted on 7:34 AM

 

ဟဲလေးက သူ့ရဲ့နောက်ဆုံး ထွက်ရှိထားတဲ့ ဒက်ဒီ ဟဲလေး စီးရီး MTVကို သတင်းကျွတ် အမီထွက်နိုင် အောင် အားသွန်ခွန်စိုက် ရိုက်ကူးလျက် ရှိပါတယ်။ စီဒီ ထွက်စဉ်မှာ သီချင်း ၁၂ပုဒ်ပါဝင်ပေမယ့် MTV မှာတော့ bonus အနေနဲ့ အတွဲခွေထဲက သီချင်း တစ်ပုဒ်နဲ့ သီချင်း သစ်နှစ်ပုဒ်ကို ထည့် ထားတယ်လို့ သိရပြီး ပါဝင်မယ့် သီချင်း သစ်နှစ်ပုဒ် ထဲက တစ်ပုဒ်ကတော့ ခေါင်းစဉ်ရော အကြောင်းအရာပါ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Facebook Crazy ဆိုတဲ့ သီချင်းကို လတ် တလော မှာခေတ်စား နေတဲ့ အကြောင်း အရာ များနဲ့ခြယ်မှုန်းထားပြီး တလောကဖေ့စ်ဘုတ်မှာ နာမည်ကြီးသွားတဲ့ နစ်ကီဆိုတဲ့ လူငယ်လေးကိုပါ ထည့် သွင်းသရုပ်ဆောင်ခိုင်း ပြီး ဖေ့စ်ဘုတ် ခရေဇီဖြစ်ကြ သူများထဲက လူအယောက် ၄ဝကို ဟဲလေး ကိုယ်တိုင်ရှာဖွေ ဆက်သွယ်ပြီး သရုပ်ဆောင် စေခဲ့တယ်လို့လည်း သိရပါတယ်။ “ကျွန်တော် ကိုယ်တိုင်လည်း ဖေ့စ်ဘုတ် ခရေဇီ တစ်ယောက်ပါ။ အခုနောက်ပိုင်း ဒီပေါ်မှာ တော်တော် လေးစီး မျောလာကြတော့ ခေတ်ရဲ့ အခြေအနေ အတိုင်းလေး၊ ဖန်စီဆန် ဆန် အပျော် သဘောလေး ရေးထားတာပါ။ ဖေ့စ် ဘုတ်မှာ နာမည်ကြီးခဲ့တဲ့ နစ်ကီကို လည်း ကျွန်တော် ကြိုးစားပြီး ရှာဖွေခဲ့တယ်။ နစ်ကီမှရယ် မဟုတ်ပါဘူး။ တော်တော် များများ တခြားဖေ့စ်ဘုတ် ခရေဇီတွေရော၊ အပြင်က လူတွေ ရော အားလုံး အယောက်၎ဝ လောက် နဲ့ ဒီသီချင်းကို ရိုက်ဖို့ စီစဉ်ထားတယ်” လို့ပြောတဲ့ဟဲလေး ကို ဖေ့စ် ဘုတ် ပရိသတ် တော်တော်များများ စိတ် ဝင်စားကြတဲ့ နစ်ကီ ကိုခေါ်ယူဖြစ် တဲ့အကြောင်း မေးကြည့်တော့ “သူလည်း ဝါသနာရှင် တစ်ယောက်ပဲ။ အရင်တလောက သူလုပ်တာလေး က လွဲနေတယ်ပေါ့။ သူကတော်တော် လေး ငယ်ပါသေးတယ်။ ဗီစီဒီ ရိုက်ကွင်း မှာ ဆိုလည်းသူ့ကို လာကြည့်ကြ၊ ဓာတ်ပုံ ရိုက်ကြ သူတွေတောင် ရှိတယ်။ သူ လည်း အနုပညာကို ရူးသွပ်သူ တစ်ယောက် ဆိုတော့ ကိုယ် ရူးသွပ်ရင်သေချာလေ့ လာပြီး ကြိုးစားဖို့ လိုတယ် စသဖြင့် ပြောဖြစ်ပါတယ်” လို့ဟဲလေးက ဆို ပါတယ်။ ဟဲလေးက ဒက်ဒီဟဲလေး ဗီစီဒီ အတွက် သာမန်ထက်ပိုမို အကုန်ကျ ခံရိုက်ကူးထားကာ ပရိုဂျူဆာ ရဲ့ငွေ အပြင်သူ ကိုယ်တိုင်အိတ် စိုက်ထုတ် ပြီး ရိုက်ကူးထား တယ် လို့ လည်း ဆိုပါတယ်။ သီတင်းကျွတ် အမီ ထွက်ရှိမယ် လို့သိရပြီး ဒက်ဒီ ဟဲလေး အခွေထဲက ရှေးဟောင်းနှောင်း ဖြစ်ဆိုတဲ့ သီချင်း MTV ကို တော့ သြဂုတ်လ ၁၃ ရက်နေ့ နေ့ခင်းပိုင်းက ကန်တော် မင်္ဂလာ ပန်းခြံ မိုးမင်း (Cosmic Ray) စတူဒီယိုမှာ အဲလက်စ်၊ ဖြူဖြူကျော်သိန်း တို့နဲ့ အတူ ရိုက်ကူးခဲ့ကြောင်းသိရပါတယ်။
ရဲရဲ
ကျွန်တော်ကတော့ ဘာမှကိုမပြောချင်တော့ပါဘူး...ဟဲလေးတော့စိတ်မကောင်းစရာတွေဖြစ်ကုန်တော့မှာပဲ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.