Posted by Black Magic | Posted in ဗဟုသုတများ | Posted on 7:32 AM
လပေါ်က တစ်ရက်ဆိုတာ ဘယ်လောက်ကြာသလဲ ???
တကယ်လို့ အာကာသယဉ်က သင့်ကို လပေါ်သို့ အလည်ခေါ်သွားမယ်ဆိုရင် ခင်ဗျား လပေါ်ရောက်တဲ့အချိန်မှာ ဆင်းသက်တဲ့ နေရာဟာ ညအမှောင်စတင်ချိန်ဆိုရင် ခင်ဗျားဟာ လပေါ်မှာ ရှည်ကြာတဲ့ အချိန်တစ်ခုကို ဖြတ်သန်းပြီးမှ နေကို မြင်တွေ့ရလိမ့်မယ်။ ဒီအချိန်ပိုင်းဟာ ကမ္ဘာပေါ်က ၁၅ ရက်လောက် ရှိတယ်။
ဒါဖြင့် လပေါ်က တစ်နေ့ဟာ ဘယ်လောက် ကြာပါသလဲ။ နက္ခတ္တဗေဒ ပညာရှင်များက ကျွန်ုပ်တို့ကို ဒီလို ပြန်ပြော ပြတယ်။ လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲ နဲ့ ညီမျှတယ်။
ကမ္ဘာ မိမိဘာသာ လည်ပတ်ခြင်းက နေ့နဲ့ည တစ်လှည့်စီ ဖြစ်ပေါ်စေတယ်။ ၄င်းရဲ့ နေကို မျက်နှာမူတဲ့ဘက်ဟာ နေ့ဖြစ်ပြီး နေကို ကျောခိုင်းတဲ့ဘက်ဟာ ညဖြစ်တယ်။ တစ်လှည့်စီ တစ်ကြိမ်ဖြစ်ရင် ကျွန်တော်တို့ ကမ္ဘာပေါ်က တစ်ေ...န့ပါပဲ။

လဟာလည်း မိမိဘာသာ လည်ပတ်နေတယ်။ နေကို မျက်နှာမူရင် နေ့၊ နေကို
ကျောခိုင်းရင် ည။ လ မိမိဘာသာ လည်ပတ်တာဟာ ကမ္ဘာထက် အများကြီးနှေးတယ်။
ကမ္ဘာပေါ်က ၂၇.၃ ရက်နဲ့ ညီမျှတယ်။ ဒါကြောင့် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က
တစ်ရက်ထက် ရှည်တယ်။
လ မိမိဘာသာ တစ်ပတ်လည်ပတ်ရင် ကမ္ဘာပေါ်က ၂၇.၃ ရက် ဖြစ်တယ်ဆိုရင် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲနဲ့ ညီမျှပြီး ဘာကြောင့် ၂၇.၃ ရက် မဟုတ်တာလဲ။
စင်စစ် လဟာ မိမိဘာသာ လည်ပတ်ရင်း ကမ္ဘာကို ပတ်ပြီး လည်ပတ်နေသေးတယ်။ ၄င်းက မိမိဘာသာ တစ်ပတ်လည်တာနဲ့ ကမ္ဘာကို တစ်ပတ်ပတ်တဲ့ အချိန်ဟာ ညီမျှတယ်။ ကမ္ဘာကတော့ နေကို ပတ်နေဆဲပဲ ရှိသေးတယ်။ လဟာ တစ်ပတ်ပတ်မိပြီးနောက် ကမ္ဘာဟာလည်း နေကို ပတ်တဲ့ လမ်းကြောင်းပေါ်မှာ အကွာအဝေး တစ်ခုထိ ရောက်နေပြီ။ ဒါကြောင့် လက နေဘက်လှည့်နေတဲ့ အမှတ်ဟာ နေကို တည့်တည့်မျက်နှာမူမနေသေး ဘူး။ နောက်ထပ် ဒီဂရီ တစ်ခု ပတ်မိမှ နေကို တည့်တည့် မျက်နှာမူနိုင်မယ်။ ဒီအချိန်ပိုင်းဟာ ၂.၂၅ ရက် လိုတယ်။ ၂၇.၃ ရက်ကို ၂.၂၅ ရက် ပေါင်းရင် ၂၉ ရက်ခွဲလောက် ကြာတယ်မဟုတ်လား။
( ချွမ်ဟိုကျင်း )
( ကြည်ကြည်မာ ပြန်ဆိုသည့် အဘယ်ကြောင့်တစ်သိန်း စာအုပ်မှ )

Myanmar Kyat Converter
Comments (0)
Post a Comment