မစွပ်စွဲဘူး

Posted by Jelly Kit | Posted in | Posted on 2:24 PM


"မစွပ်စွဲဘူး"

ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။

သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။

ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး

သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်
 

ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်... ....
 

'ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့'
 

'ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ'
 

'ရှင်နဲ့ရော ကင်းရှင်းရဲ့လား'
 

'ရှင်းပါ့'
 

'တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့'
 

'ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ'
 

'ပြီးတာပါပဲ'
 

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
 

နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်
 

ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့
 

ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့....

ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့... ...

'မိန်းမရေ...
 

မင်းယူတယ်လို့ မစွပ်စွဲပါဘူး
 

မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့'

သူ့မိန်းမဆီက စာပြန်လာတယ်... ...

'ယောက်ျားရေ...
 

ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
 

သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
 

ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ'


သန်၎ကို-ဘာသာပြန်သည်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.