"ဘီလူးမ"
ယောက်ျားကလည်း ညဉ့်နက်မှ မူးပြီးပြန်လာလေ့ရှိတယ်
မိန်းမကလည်း တံခါးထဖွင့်ပေးရင် မြည်တွန်တောက်တီးပြီး ရန်လုပ်လေ့ရှိတယ်
နေ့စဉ် ဖြစ်ရိုးဖြစ်စဉ် အလေ့အထလိုကို ဖြစ်နေတာ
တရက်တော့ အိမ်နီးနားခြင်း တစ်ယောက်က အဲဒီအမျိုးသမီးကို အကြံပေးတယ်... ...
"နေ့တိုင်း ရန်ရှာအပြစ်တင်နေလို့ ဘာထူးမှာလဲ၊ ချိုချိုသာသာပြောပြီး ယုယုယယ ဆက်ဆံပေးလိုက်၊ သူ ပြောင်းလဲလာလိမ့်မယ်"
"အင်း... စမ်းကြည့်ရသေးတာပ့ါ"
ဒါနဲ့...
ညရောက်လို့ သူ့ယောက်ျားပြန်လာတော့ တံခါးဝကနေ အပြုံးလေးနဲ့ ဆီးကြိုလိုက်တယ်။
ဒယီးဒယိုင်ဖြစ်နေတဲ့ ယောက်ျားကို အသာတွဲခေါ်ပြီး ဧည့်ခန်းမှာ ခဏထိုင်ခိုင်းတယ်။
ရေးစိုအဝတ်လေးနဲ့ မျက်နှာကို သန့်စင်ပေးလိုက်တယ်။
ပြီးတော့ ပုခုံးနှစ်ဘက်ကနေ အသာပွေ့ထူပေးရင်း ပြောတယ်... ...
"မောင်... အိပ်ခန်းထဲ သွားဖို့ အချိန်တန်ပြီနော်"
ဒီတော့ ဆရာငမူးက အာလေးလျှာလေးကြီးနဲ့ ပြန်ပြောတယ်... ...
"အေးတွာ၊ မင်းရေးနဲ့ပဲ အိပ်တော့မယ်၊ အိမ်ကြန်ရင်ရဲ အိမ်ကဘီလူးမကြီးက တအားရစ်တာကွ"... တဲ့
"ဘာ...... "
သန်၎ကို-ဘာသာပြန်သည်

Myanmar Kyat Converter
Comments (0)
Post a Comment