Posted by Black Magic | Posted in ဆောင်းပါး | Posted on 7:24 AM
( ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသောဆောင်းပါးဖြစ်ပါသည်။ )
**********************************************
``လျှို့ဝှက်သည်းဖို နိုင်ငံရေး´´
အောင်ဆန်းစုကြည်
တစ်ခါတုန်းက ကျွန်မဟာ နာမည်ကျော် Belfour ကြေညာ ချက်ကိုရေးသူ ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် Arthur James Belfour ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖူးပါတယ်။ စာအုပ်ထဲမှာ ဒီပုဂ်္ဂိုလ်ရဲ့စရိုက် ပေါ်ပေါ်လွင်လွင်ရေးတာကို ကျွန်မ မဖတ်ရပါဘူး။ ဒီပုဂ်္ဂိုလ်ဟာ လူတွေနဲ့ အရောအနှော သိပ်နည်းလို့ ဒါမှမဟုတ် အတွေးအခေါ်သမားသိပ်ဖြစ်နေလို့ လူသားတစ်ယောက်ရဲ့ စရိုက်သဘာဝ ပေါ်ပေါ်လွင်လွင်မရှိတာလို့ ထင်ရပါတယ်။ အဲဒါမှမဟုတ်လို့ရှိရင်လည်း ဒီပုဂ်္ဂိုလ်ရဲ့ မပီဝိုးဝါးစရိုက်ကလေးတွေ ကို စာရေးသူက မထုတ်ဖော်နိုင်တာလို့ ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ြ...ဖစ် “ပျော်ရွှင်တတ်သော ၀န်ကြီးချုပ်”အကြောင်းကို ဖတ်ရှုလေ့လာရတဲ့အတွက် ကျွန်မကြိုက်နှစ်သက်ပါတယ်။ ကျွန်မ သူ့ကို ထူးထူးခြားခြား နှစ်သက်တဲ့အချက်ကတော့ သူဟာ သူ့ရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တချို့ ကသိကအောက်ဖြစ်အောင် စိတ်ပိုင်းဒဿန ဆန်ဆန် ပြောချင်ဆိုချင်တတ်တာရှိပေမယ့် စုံထောက်ဇာတ်လမ်းတွေကို ကြိုက်ရကောင်းမှန်းသိတဲ့ အချက်ပါပဲ။
သူက ကေင်းကောင်းအနားယူဖို့ အကောင်းဆုံးနည်းလမ်း ဟာ သီတင်းပတ်ကုန်အားလပ်ရက်တွေမှာ တစ်နေရာရာကို အလည်အပတ်ထွက်ခြင်း မဟုတ်ဘူး။ နေအိမ်မှာ စုံထောက် ဇာတ်လမ်းဝတ္ထုတစ်ပုဒ်ကို ဖတ်ခြင်းပဲလို့ လူငယ်အမျိုးသား တစ်ယောက်ကို အကြံပြုဖူးတယ်လို့ ဆိုပါတယ်။ (သို့မဟုတ် ၀တ္ထုသုံးလေးပုဒ်လို့ပြောတာလည်း ဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ဒီအကြံပေးချက်ဟာ သိပ်ကောင်းတယ်လို့ ကျွန်မယူဆပါတယ်။ စိတ်လက်အညောင်းအညာ အပြေဆုံးမို့ ကျေနပ်ခဲ့ရတဲ့ အားလပ်ရက်တချို့ ကိုပြောပြပါဆိုရင် လုပ်စရာကိုင်စရာ အလုပ်အားလုံး ပြီးစီးသွားပြီဆိုတဲ့ အသိစိတ်လေးနဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဇာတ်လမ်းတစ်ပုဒ်မှာနစ်မျောရင်း တိတ်ဆိတ်စွာ အနားယူရတဲ့ အားလပ်ရက်တွေပဲ ဖြစ်ပါတယ်။
(1)
Eternal Light Magazine
August 2013
ပြန်လည်မျှဝေပါတယ်။











Myanmar Kyat Converter
Comments (0)
Post a Comment