Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 10:15 PM
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့နယ် နိဗ္မာန်တိုက်နယ် ပေါက် တန်းကြီးကျေးရွာအုပ်စု
အနောက်ကုန်းရွာ၌ သြဂုတ်လ ၂၈ နေ့ နံနက် ငါးနာရီ အချိန်တွင်
ဝက်မကြီးတစ်ကောင်သားပေါက်ရာ လူ၊ ဆင်၊ မြင်း၊ မျောက်၊ ကြံ့၊ စသည့်
ပုံသဏ္ဍာန်နှင့်ဆင်သော ဝက်ကလေးငါးကောင် မွေးဖွားကြောင်း ဒေသခံများထံမှ
စုံစမ်းသိရှိရသည်။
ဝက်မကြီးတစ်ကောင်မှ
သားဆယ်ကောင် ပေါက်ဖွားခဲ့ပြီး ငါးကောင်မှာ ထူးထူးခြားခြား ပုံသဏ္ဍာန်ဖြင့်
မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ဝက်ပိုင်ရှင်ဦးဝင်းက ပြောကြားသည်။
သားပေါက်ဆယ်ကောင်တွင် ငါးကောင်မှာ ပုံမှန်မွေးဖွားခဲ့ကာ ကျန်ငါးကောင်၌ ပထမဆုံး အမတစ်ကောင်သည် မျောက်မျက်နှာနှင့် တူခဲ့ပြီး မွေးဖွားပြီးချိန်တွင် သေဆုံးသွားကြောင်း၊
နောက်ထပ်ပေါက်သည့် လေးကောင်၌ လူရုပ်၊ ဆင်ရုပ် နှင့်တူသော အမနှစ်ကောင်၊ မြင်းရုပ်နှင့်တူသော အထီးတစ်ကောင်၊ အချင်းများကျပြီး နေ့လည်၁၂နာရီခန့်၌ ကြံ့ရုပ်နှင့်တူသော အထီးတစ်ကောင် နောက်ဆုံးမွေးဖွားခဲ့သည်ဟု ဝက်ပိုင်ရှင်က ပြောသည်။
ထူးခြားသည်မှာ ဝက်ပေါက်ငါးကောင်တွင် ကြံ့ရုပ်၊ ဆင်ရုပ်၊ မျောက်ရုပ် သုံးကောင်၌ မျက်လုံးတစ်လုံးစီသာ ပါရှိပြီး မျောက်ရုပ်နှင့်တူသော တစ်ကောင် သေဆုံးသည်မှလွဲ၍ ကျန်သားပေါက်များ ကျန်းမာလျှက် ရှိကြောင်း ပိုင်ရှင်များက ပြောကြားသည်။

Share From Malaysiammmblogger

Myanmar Kyat Converter
Comments (0)
Post a Comment