ကျွန်တော်ခုတင်ပြမှာက ထူးထူးဆန်းဆန်းပါ။
လင့်မှားဝင်မိလို့ ထူးထူးဆန်းဆန်းတွေ့မိတာပါ။ ရယ်ရစရာဆိုပေမယ့်၊
ထူးထူးဆန်းဆန်းလန့်ဖို့ကောင်းတယ်။ WhOiS ကြည့်မိတာတွေကိုပြောပြမယ်ဗျာ။
၎လုံးပဲပါတဲ့ 4-letter.com ဒိုမိန်း၊ ၃လုံးရှိတဲ့ 3-letter.com ဒိုမိန်း။
ပြီးတော့ နောက်ပြီး ဒီထက်ယုံစရာကောင်းပြီး ရှားရှားပါးပါးက 2-letter.com
ပေါ့၊ ၂လုံးပဲရှိပါတယ်။ ပြောပြမယ်ဗျာ။
၂လုံးပဲပါတဲ့ဒိုမိန်းတစ်ခု
ကျွန်တော်တို့ နေ့စဉ် နေ့တိုင်းသုံးတဲ့ အရာလေးပေါ့ဗျာ။ ဆိုရှယ်မှာအမြဲအရေးပါတဲ့ ဆိုဒ်တစ်ခုပေါ့။ http://www.FB.com
တဲ့။ မယုံရင် ၀င်ကြည့်ပါ။ Facebook ကိုရောက်သွားပါတယ်။ ဖေ့ဘုတ်ထောင်
တဲ့ဦးဦးကတော့ ငပျင်းအသုံးမကျတဲ့သူတွေအတွက် တမင် FB.com (FBဒေါ့ကွန်း)ကို
လုပ်ပေးထားတာကိုးးးး။ ငပျင်းအတွက် အသုံးဝင်ပါပေ့။ ဒါပေမယ့် ဒီငပျင်းတွေအတွက
သူဘယ်လောက် ပိုက်ပိုက်သုံးရသလဲပေါ့။ ငွေဘယ်လောက်ကုန်ကျလဲ
ဆိုတာကိုပြောပြဦးမယ်ဗျာ။ ဒေါ်လာ ၈ ဒသမ ၅ မီလီယံ ဖြစ်ပါတယ်။ အဲ့ FB
ကိုစတင်တည်ထောင်ခဲ့တဲ့နှစ်ကတော့ ၂၁ရက်နေ့ မေ ၁၉၉၀ ပါ။
Expire(ကုန်ဆုံးတဲ့နှစ်) ကတော့ ၂၂ရက်နေ့ မေ ၂၀၁၄ ပါ။
အဝေးကြီးပဲလိုပါသေးတယ်။ စိတ်ချ။ အများပြည်သူ သုံးစွဲနေတဲ့ ဖေ့ဘုတ်ဘယ်တော့မှ
မဒေါင်းဘူးဆိုတာကို သိလိုက်ပါ။ FB.com ရဲ့ သမိုင်းကို သိချင်ရင်
နောက်ပိုစ့်မှာဖော်ပြမှာဖြစ်ပါတယ်။ ရှုပ်ထွေးလွန်းလို့ ဒီမှာမပြတော့ပါဘူး။
၃လုံးပဲပါတဲ့ဒိုမိန်းနှစ်ခု
IPO ကတော့ ဘာမှန်းလည်း ကျွန်တော်မသိပါဘူး။
ဈေးကိုကြည့်ပြီး လှန်ဖြန့်သွားတယ်။ ဒေါ်လာ ၅သိန်းရှိပါတယ်။ ကျွန်တော်တောင်
ဒေါ်လာ၁၀၀တောင်မနည်းရအောင်ရှာနေရတာ။ FB.com ထက်စာရင် ဈေးပေါပါ၏။ http://www.IPO.com
တဲ့။ ဇယားတော့ရှုပ်တယ်ဗျာ။ နောက်မှတစ်ခုချင်းအတိအကျရှင်းပြတော့မယ်။
ခုထိလည်း ကျွန်တော်မသိသေးပါ။ မျောက်ကို အုန်းသီးပေးထား သလိုဖြစ်ပါနေသည်။
သိတာကတော့ Godaddy.com ဆိုတဲ့ နာမည်ကြီးဆိုဒ်က ၀ယ်ယူတယ်ဆိုတာပဲသိပါတယ်ဗျာ။
၂၀၀၆ ကနေ ထောင်ထားတာကိုပဲသိပါတယ်။
Box.com (boxဒေါ့ကွန်း) သေတ္တာကြီးလားပဲပေါ့။ ဟဲဟဲ။
လုပ်ထားတဲ့ခုနှစ်ကိုအရင်ဦးဆုံးပြောပြပါမယ်။ တိတိကျကျ ပဲ။ ၁၆ရက်နေ့
ဖေဖော်ဝါရီလ ၁၉၉၉ခုနှစ်။ ကုန်ဆုံးမယ့် Expire ခုနှစ်ကတော့ ၁၆ရက်နေ့
ဖေဖော်ဝါရီလ ၂၀၁၅ခုနှစ်ပါ ခင်ဗျား။ ဇာတ်ကြောင်းက မရှုပ်ရှုပ်အောင်
ရှုပ်ပါတယ်ဗျာ။ ဟိုအရင်က ပိုင်တဲ့သူကဘယ်သူမှန်းမသိပါဘူး။ ခုပိုင်တာကတော့
ဖိုင်တွေကို Storage လုပ်တဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။
http://www.BOX.com တဲ့။ သိချင်ရင်တော့ဝင်ပေါ့နော်။ နာမည်ကြီးဆိုဒ်လို့ဆိုရပါမယ်။ ဒေါ်လာ ၁မီလီယံလို့ ဆိုရပါမယ်
၎လုံးပါတဲ့ဒိုမိန်းကိုတော့မပြောတောပါဘူး။ အိုင်ပီကိုမဖော်တော့ပါဘူး။ တော်တော်သနားလို့ပါ။
ဒီမှာပဲရပ်တော့မယ်။ အဆင်ပြေပါစေ
Credit to Pyae-Phyo
၎ လုံးပါတဲ့ Domain ကိုသိတဲ့သူရှိရင်ရေးခဲ့နော်..
Comments (0)
Post a Comment