Posted by Black Magic | Posted in Facebook | Posted on 1:12 PM

ကိုယ်ကတစ်ခါတစ်လေမှ Facebook တက်တယ်.. တက်တဲ့အခါကျတော့ ကိုယ့် ဘော်ဒါတွေ တင်ထားတဲ့ Status တွေကို မမြင်ရဘဲနဲ့.. အလကားနေ ထမင်းစား..ရေသောက်ကစရေး ပြီးတင်နေတဲ့ Post တွေကနေရာယူထားရော... အဲဒီကျတော့ ကိုယ်က ကိုယ့်သူငယ်ချင်းတွေ ဘာတွေတင်ထားလည်းသိချင်တော့ အောက်ဆုံးထိဆွဲရရော၊လွယ်လွယ်နဲ့တွေ့ရင်တော်သေးရဲ့..
အောက်ထဲကိုတော်တော်လေးရောက်နေလို့ကတော့.. မြန်မာပြည့်ရဲ့ ဇာတ်လိုက် MPT နဲ့တွေ့ပြီသာမှက်...
အဲဒီအတွက် ကိုယ့် ရဲ့  News Feed မှာ Post တွေ များပြားနေပြီး မိမိ နဲ့ ခင်မင်သူသူငယ်ချင်းတွေ ရဲ့  Posts တွေ၊ သတင်းတွေကို ဦးစားပေးအနေနဲ့ တွေ့ မြင်ချင်ရင်ပဲဖြစ်ဖြစ် မသိသူတွေရဲ့  Posts တွေကို သိပ်မတွေ့ ချင်ရင်ပဲဖြစ်ဖြစ် ဒီနည်းကို သုံးပါ။Facebook မှာ သိပ်ပြီးအဆက်အသွယ်မလုပ်ဖြစ်တဲ့သူတွေရဲ့  Posts တွေကို သိပ်မတွေ့ မြင်နိုင်အောင် သူတို့ ကို Acquaintances List ထဲထည့်ထားလို့ ရပါတယ်။Acquaintances List ထဲကို Manual ထည့်လို့ ရသလို Facebook ရဲ့  Organize Tool ကို အသုံးပြုလို့ ရပါတယ်။Organize Tool က မိမိနဲ့  အဆက်အသွယ် သိပ်မရှိတဲ့ သူငယ်ချင်းတွေကို Suggest လုပ်ပေးနိုင်တဲ့အတွက်လွယ်ကူအဆင်ပြေစေပါတယ်။
www.facebook.com/friends/organize ကိုသွားပြီး Suggest လုပ်ထားတဲ့သူငယ်ချင်းတွေ ထဲက ရွေးချယ်ပြီး Acquaintances List ထဲထည့်နိုင်ပါတယ်။
ကဲ.. ဒီလောက်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်...

Ref:KoThura
Comments (0)
Post a Comment