Posted by Black Magic | Posted in နည်းလမ်းများ , ဗဟုသုတများ | Posted on 5:12 AM
Hard Disk ကို Driver Don’t Search လုပ်ထားခြင်း ဖြင့် ကျွန်တော်တို့တွေ Computer မှာသုံးနေတဲ့ Hard
Disk ကို မည်သည့်
ကွန်ပျူတာ မှာ မ ဆို တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ် ပါ တယ်။ဒါပေမယ့် တစ်ခုတော့
ချွတ်ယွင်းချက်ရှိပါတယ်။ Chipset ပြဿနာပါ။ အဲဒါကတော့ ကျွန်တော်တို့တွေ Driver Don’t
Search လုပ်ထားတဲ့ Computer က Chip set က Intel Chip Set ဆိုရင် Nvidia Chip
Set ဖြင့်အလုပ်လုပ်တဲ့ Board မှာတော့ Support မလုပ်နိုင်ပါဘူး။ ဒါပေ မယ့် Nvidia Chip
Set အလုပ်လုပ်တဲ့ Board မှာ Driver Don’t Serach လုပ်ထားရင်တော့ ကြိုက်တဲ့ Computer
တပ်လိုက်ပါ။ သူ့ဘာ ၀င်း ဒိုးတက်သွားပါလိမ့်မယ်။လုပ်ဆောင်ပုံအဆင့်ဆင့်ကတော့.
ပထမဦးဆုံး ကျွန်တော်တို့ တွေ Run ထဲမှာ devmgmt.msc ဆိုပြီး ရိုက်လိုက်ပါ။
ပီးရင်တော့အောက်ဖော်ပြပါပုံအတိုင်းအနီရောင်လေးထောင်ကွက်လေးထဲက ဟာတွေကို
ကျွန်တော်တို့က Driver Don’t Search လုပ်မှာဖြစ်ပါတယ်။
ဆိုတော့က အပေါ်ကပုံထဲမှာက အနော်က လုပ်ထားပီးသားဖြစ်နေလို့ပါ။ ဒါပေမယ့် သင်တို့စက်မှာ
တော့ အဲဒီလိုပေါ်နေမှာမဟုတ်ပါဘူး… သင်တို့စက်မှာကတော့ HDD ရဲ့ Product Name တွေနဲ့
S/N တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီတော့ အနော်တို့က တစ်ခုချင်းစီကို စလုပ်မှာဖြစ်ပါတယ်….
အဲတော့ ကျွန်တော်တို့က ပထမဦးဆုံး HD Drive Module တစ်ခုကို RC နှိပ်ပီး Update Driver Software
ဆိုတာကိုနှိပ်လိုက်ပါမယ် ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ထို့နောက်မှာတော့ Browse my Computer for dirver software ဆိုတာကိုနှိပ်ပေးလိုက်ပါ။
အထက်ပါပုံမှ Let me pick from a list of device drivers on my computer ဆိုတာကိုနှိပ်လိုက်ပါ
၎င်း Disk Drive ဆိုတာလေးကိုရွေးပီး Next နှိပ်ပေးရမှာဖြစ်ပါတယ်။ Window XP မှာဆိုရင်တော့ ဒါဟာ
Standard Driver ပေါ့ဗျာ…..
ဒါကတော့ လက်ရှိ Branded Driver ကို Standard Driver အဖြစ် ပြောင်းလည်းနေတဲ့အပိုင်းဖြစ်ပါ
တယ်။ပီးသွားရင်တော့အောက်ပါပုံအတိုင်းပေါ်လာရင်တော့
Close ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် HDD Driver Module တစ်ခုကို Standard အဖြစ်ပြောင်းပီး
သွားပီဖြစ်ပါတယ်။
ထို့နောက်မှာ တော့ ကျန်တဲ့ Hdd Driver Module တွေကိုလည်း အလားတူ Process အတိုင်းအကုန်
လုံးကို Standard အဖြစ်ပြောင်းလဲပေးရမှာဖြစ်ပါတယ်.. ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့်
ကွန်ပျူတာအတွင်းမှ HDD ကို အချိန်မရွေး အမျိုးအစားမတူတဲ့ MB တွေမှာ သွားရောက်တပ်ဆင်
အသုံးပြုနိုင်ပါတယ်။ မရှင်းလင်ချက်များရှိပါက ကျွန်တော့် မေးလ် သို့မဟုတ် G-talk သို့မဟုတ် FB
အကောင့်များမှတဆင့် ဆက်သွယ်မေးမြန်းဆွေးနွေးအကြံပြုနိုင်ပါတယ်။
G-mail : mr.zarnithannwynn@gmail.com
G-talk : genius@uzarni.co.cc
FB : FB.com/CZarni.86
Credit to Oo Zarni
Comments (0)
Post a Comment