INTERNET CONNECTION ကို မြန်စေဖို့

Posted by Black Magic | Posted in , , , | Posted on 7:19 PM


Internet connection နှေးတာဟာ ကျွန်တော်တို့ မြန်မာပြည် အတွက်တော့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ MICT Park ထဲမှာတောင် တစ်ခါတစ်လေ connection က ဖွတ်ချပ် ဖွတ်ချပ်နဲ့။ အပြင်က public access ဆိုင်တွေမှာတော့ ပြောမနေပါနဲ့တော့။ နှေးလိုက်တဲ့ connection၊ ဝက်ဘ်ဆိုက်လေး ပွင့်လာဖို့အတွက် တော်တော် ထိုင်စောင့်နေရတယ်။ Gmail, Gtalk သုံးဖို့လောက်တောင် နှေးနေတဲ့ internet connection၊ မြန်ပါတယ် ဆိုတဲ့ Google.com က images ကိုလည်း ဖွင့်လိုက်ရော ပုံတွေက slow motion နဲ့ ပေါ်လာတယ်။ ဒီလို နှေးနေတဲ့ connection မှာ Download လုပ်ဖို့ဆိုတာထက် အပြင်က ကွန်ပျူတာ ဆိုင်တွေဆီမှာပဲ ပြေးဝယ်လိုတာကမှ ပိုကောင်းပါသေးတယ်။ internet connection နှေးနေတဲ့ကြားက နည်းနည်းလေးဖြစ်ဖြစ် မြန်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Google ရဲ့ Trimmer Option ကို သုံးပါ
Connection နှေးနေလို့ ကိုယ်ဖွင့်တဲ့ ဝက်ဘ်ဆိုက်က တော်တော်နဲ့ တက်မလာဘူး ဖြစ်နေခဲ့ရင် Google ရဲ့ ဝက်ဘက်ဆိုက် တစ်ခုဖြစ်တဲ့ http://google.com/gwt/n မှာ သွားပြီး ဖွင့်ပါ။ သာမာန်ထက် မြန်မြန် တက်လာပါလိမ့်မယ်။
၂။ Internet Connection Speed Booster ကို သုံးပါ
ဒါကတော့ connection မြန်အောင် လုပ်ပေးတဲ့ software ကို သုံးတဲ့အပိုင်းပါ။ Connection မြန်အောင် လုပ်ပေးတဲ့ Software တွေကတော့ အများကြီးပါပဲ။ ကြိုက်တဲ့ software ကို ယူသုံးပေါ့။ အောက်မှာတော့ တချို့ software လေးတွေကို download လုပ်ချင် လုပ်လို့ရအောင် download link ပေးထားပါတယ်။ Free သုံးချင်သူများအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်သုံးတဲ့ software လောက်တော့ free တွေက performance အပြည့်အဝ မရစေပါဘူး။ ဝယ်သုံးတယ် ဆိုတဲ့နေရာမှာလည်း crack, keygen တွေပါတဲ့ software ကို ပြောတာ မဟုတ်ဘူးနော်။ တကယ့် Lincense Key ပါတဲ့ software ကို ပြောတာ။ ငါးရာတန်၊ တစ်ထောင်တန် ဆော့ဖ်ဝဲ မဟုတ်ဘူးလို့ ဆိုလိုတာပါ :)
ADSL Speedtest.zip
၃။ ကွန်ပျူတာကို အလုပ်များများ မခိုင်းပါနဲ့
ဒီအချက်ကတော့ PC ရဲ့ အလုပ်လုပ်မှု အပိုင်းပါပဲ။ ကွန်ပျူတာကို word, photoshop စတဲ့ program တွေကိုလည်း ဖွင့်ပြီး သုံးနေမယ်၊ ပြီးတော့ browser ကို ဖွင့်ပြီးတော့လည်း internet သုံးနေမယ်ဆိုရင် connection က နှေးနေပါလိမ့်မယ်။ ဒါကြောင့် internet သုံးမယ်ဆိုရင် တခြား ကွန်ပျူတာမှာရှိတဲ့ program ကို မသုံးတာဟာ connection ကို မြန်စေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေရတဲ့ လူတစ်ယောက်ဟာ အလုပ် တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ် လုပ်နေရတဲ့ လူတစ်ယောက်လောက် မမြန်သလိုပေါ့။
၎။ PC Version ကို အဆင့်မြှင့်ပါ
ကိုယ်သုံးတဲ့ PC Version က date out နေပြီ ဆိုရင်တော့ version ကို အဆင့်မြှင့်ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ – Windows တွေမှာဆိုရင် လက်ရှိ Windows 7 ကို ထုတ်ထားပါတယ်။ Windows 8 ကတော့ ထွက်မလာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ တရားဝင် ထွက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ Windows ဟာ Windows 98, ME တို့ ဖြစ်ခဲ့ရင် Windows 7 ကို ပြောင်းလဲ သုံးသင့်ပါပြီ။ ဘာကြောင့် PC Version ကို ပြောင်းလဲ သုံးသင့်သလဲဆိုရင် version မှာ ပါတဲ့ connection performance ဟာ version အသစ်လောက် မကောင်းပါဘူး။ ဒါကြောင့် internet connection မြန်ချင်ရင် PC Version ကို အသစ် ပြောင်းသုံးသင့်ပါတယ်။
၅။ Internet ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတဲ့ Antivirus ကိုသုံးပါ
ကိုယ့်ရဲ့ internet connection ကို တိုက်ခိုက်တဲ့ virus, worms တွေဟာ internet မှာ အများကြီး ရှိနေပါတယ်။ ဒီ virus တွေဟာ mail တွေ၊ download တွေ ထဲကနေ ပါလာတတ်ပါတယ်။ ဒါကြောင့် internet connection ကို တိုက်ခိုက်တဲ့ virus, worms တွေရဲ့ ရန်က ကာကွယ်ဖို့အတွက် Antivirus ကောင်းကောင်း သုံးထားဖို့လည်း လိုပါတယ်။ ဒါမှသာ internet connection က ပုံမှန် အလုပ်လုပ်နိုင်ပါလိမ့်မယ်။ အောက်မှာ free ရနိုင်တဲ့ internet connection ကို protect လုပ်ပေးနိုင်တဲ့ Antivirus တွေ ရနိုင်တဲ့ link တွေကို ပေးထားပါတယ်။ ဒါပေမယ့် အပေါ်မှာ ကျွန်တော် ပြောခဲ့သလိုပဲ ဝယ်သုံးတာလောက်တော့ ဘယ်ကောင်းပါ့မလဲ။
Norton Internet Security 2011
ဒီမှာဝင်ကြည့်လည်းရပါတယ်

Ref : : Anzartone (http://anzartone.freezoka.net)
Share From Here

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.