iPhone 3GS ကို Old Bootrom နဲ့ New Bootrom ခွဲနည်း

Posted by Black Magic | Posted in , | Posted on 11:50 PM


အစက ဒီ Post လေးကို တင်ပြီးသားမှက်လို့မတင်ဘဲနဲ့ထားတာ... ဒီနေ့မှ ပြန်ရှာကြည့်တော့ မတင်ရသေးမှန်းသိလို့ တင်လိုက်တာ...
Credit to : TR Tech  

iPhone 3Gs တွေကို old bootrom နဲ့ new bootrom ဘယ်လိုခွဲလဲလို့
မေးနေလို့တင်လိုက်တာပါ S/N number ကိုကြည့်ပြီးထုတ်တဲ့နေ့စွဲနဲ့
ခွဲလည်းရပါတယ် ဒါပေမဲ့ ဒီနည်းကပိုသေခြာတယ်
ဘာလို့ခွဲလဲဆိုတော့ iPhone Old Bootrom က 6.1.4 ကို Untethered jailbreak ရနေပြီဖြစ်လို့ပဲ... 
Bootrom မှားလို့လဲမရဘူးလေ

ဒီအတိုင်းကြည့်ပြီးခွဲလို့လဲရတယ် ဒါပေမဲ့သူကပိုတောင်မသေခြာသေးတယ်
old bootrom တွေက screen နည်းနည်းဝါးတယ်
new bootrom ကတော့ ကြည်တယ် အားလုံးတော့မဟုတ်ဘူးနော်

စရအောင်ဗျာ

အရင်ဆုံးဖုန်းကို DFU Mode ထဲကိုဝင်ပါ
DFU Mode ဝင်နည်းက ဖုန်းကိုပိတ်ထားလိုက် ပါဝါပိတ်သွားရင်
POWER+HOME ကို 10 စက္ကန့် ဖိထား 10 စက္ကန့်ပြီးရင် POWER ကိုလွတ်လိုက်
HOME ကိုမလွတ်ပဲ POWER ကိုလွတ်ရမှာနော်
HOME ကို 10 စက္ကန့်လောက်ဖိပြီးရင်ရပြီ ဖုန်းက အမဲရောင် screen ဖြစ်နေမယ်

DFU Mode ဝင်ရခက်နေရင် iBooty လေးသုံးပြီးသူပြောတဲ့ စက္ကန့်တွေအတိုင်းဝင်ရင်လဲ
ရတယ်

DFU Mode ဝင်ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ချိပ်ပါ အဲမေ့နေလို့
iTunes တော့ install လုပ်ထားနော်
DFU Mode အောင်မြင်ရင် ကွန်ပြူတာနဲ့ချိပ်တာနဲ့ iTunes တန်းပြီးပွင့်သွားမယ်
အောက်ကပုံအတိုင်းပေါ်နေမယ်
DFU Mode ကိုကွန်ပြူတာကသိပြီဆိုရင်
My Computer ကို Right Click>>>Manage
အထဲကိုသွားပါ

 Device Manage>>>Apple  Mobile Device USB Driver
ကို right click နှိပ်ပါ
 ပြီးရင် properties ထဲကိုဝင်

Details>>>Device instance Path ကိုသွားပါ
iBOOT-359.3.2 နဲ့အထက်ဆို NEW BOOTROM ပါ

iBOOT-359.3 ဆိုရင်တော့ OLD BOOTROM ပါ

ဒီလောက်ဆို အသစ်နဲ့ဟောင်းခွဲလို့ရပြီနော် အားလုံးကိုကျေးဇူးတင်ပါတယ်
Credit to TR Tech

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.