Posted by Black Magic | Posted in နည်းလမ်းများ , ဗဟုသုတများ | Posted on 8:49 PM

Shortcut Icon များပေါ်ရှိ မြှားပုံစံကို ဖယ်ရှားခြင်း
Remove Arrow
Window XP ၊ Window Vista နှင့် Window 7 တွေ၇ဲ့ Window Operating System မှာရှိတဲ့ Shortcut Icon တွေမှာ မြှားပုံစံလေးများပါတယ်ဗျာ။
အဲဒီ မြှားပုံစံတွေက ပုံအစစ်များနဲ့ Shortcut ပုံတွေကိုခွဲခြားထားအောင်လို့လုပ်ထားတာပါ..
အဲဒီ Shortcut တွေမှာရှိတဲ့ မြှားတွေကို ဖယ်ပြီးတော့ တကယ့် Icon အစစ်လိုလုပ်ကြမယ်ဗျာ....
ဟဲဟဲ ကလိစရာမရှိ ရှာကြံကလိမှာပေါ့ဗျာ... နော
ကဲ.. အောက်ကအဆင့်တွေအတိုင်းလုပ်ကြည့်မယ်ဗျာ....
၁။ Shortcut ပေါ်ကို Right Click နှိပ်>>> Properties >>> Shortcut Tab ရှိ >>> ChangeIcon
ကိုဝင်ပြီး Icon ပုံစံကို ပြောင်းချင်သလိုပြောင်းဗျာ...
၂။ အဲဒီ Shortcut ကို Shortcut ပုံစံကနေ Original Icon ပုံစံကို ပြောင်းဖို့အတွက် Start icon + Run
မှာ regedit လို့ရိုက်ပြီးတော့ Register Editor ထဲကိုဝင်မယ်ဗျာ...
၃။ HKEY_CLASSES_ROOT >>> lnkfile ကိုသွားပြီးတော့ lnkfile ကို Click ပြီးညာဘက်မှာရှိတဲ့ IsShortcut ကို Delete ရပါမယ်။ Delete မလုပ်ချင်ရင် Rename ကိုဝင်ပြီး IsNotShortcut လို့ ပြောင်း ပေးနိုင်ပါတယ်။
၎။ အဲလိုလုပ်တဲ့တိုင်အောင် တချို့ Shortcut တွေက ခေါင်မာပြီးတော့ arrow ကျန်နေသေးရင် အောက်ကအတိုင်းသွားပြီး ညာဘက်ရှိ IsShortcut ကို Delete ခြင်း ဒါမှမဟုတ် Rename ကိုဝင်ပြီး IsNotShortcut လို့ပြောင်းပေးလိုက်ပါခင်ညာ.... :P
HKEY_CLASSES_ROOT\piffile
HKEY_CLASSES_ROOT\ConferenceLink
HKEY_CLASSES_ROOT\DocShortCut
HKEY_CLASSES_ROOT\InternetShortcut
HKEY_CLASSES_ROOT\WSHFile
HKEY_CLASSES_ROOT\ConferenceLink
HKEY_CLASSES_ROOT\DocShortCut
HKEY_CLASSES_ROOT\InternetShortcut
HKEY_CLASSES_ROOT\WSHFile
၅။ Registry Editor မှထွက်ပြီးကွန်ပျူတာကို Restart လိုက်ရင် Shortcut ပုံတွေမှာ Arrow
တွေပျောက်နေတာကို တွေ့ရပါမယ်ခင်ဗျာ.....
ဖြောင်းဖြောင်းဖြောင်း (လက်ခုပ်တီးသံ) :P










Myanmar Kyat Converter
Comments (0)
Post a Comment