Solidfiles မှာတင်ရခြင်းနဲ့ 403 Download Erros

Posted by Black Magic | Posted in | Posted on 4:10 AM

Solidfiles ကနေ Download ဆွဲမယ်ဆိုရင် တစ်ခါတစ်ခါမှာ  403 Error တတ်ပါတယ်... 
အဲဒီ Error ကအမြဲတော့မတတ်ပါဘူး... Connection ကြောင့်တတ်တာပါ... ကျွန်တော် ကိုယ်တိုင် ခနခန ကြုံဖူးပါတယ်။
အဲလိုမျိုးဖြစ်ရင် အဲဒီ Link ကိုမှက်ထားပြီးတော့ တခြား Down စရာရှိတာတွေဒေါင်း... ကြည့်စရာရှိတာတွေကြည့်လိုက်ပါတော့... နောက်နေ့မှ ပြန်ဒေါင်းကြည့်လိုက်ပါ 90% လောက်အဆင်ပြေပါတယ်.. အဲလိုမှမရရင်တော့ Connection ပြောင်းသုံးကြည့်ပါ.. Phone နဲ့သုံးနေတာဆို ဆိုင်သွားသုံးကြည့်ပေါ့.. ဆိုင်မှာဆိုရင် ဆိုင်ပြောင်းသုံးကြည့်ပေါ့ဗျာ။။ ကျွန်တော်ကိုယ်တိုင်အပါအ၀င် တော်တော်များများ သဘောကျတဲ့ Mediafire ကတော့ ခနခန ဖျက်ခံရပါတယ်... Link တွေလည်းခနခနသေပါတယ်... အဲဒီကျ တင်ရတဲ့လူတွေလည်းနှစ်ခါပင်ပန်းပါတယ်.. ကျွန်တော်ဘာလို့ဒါတွေပြောနေတာလည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် Solidfiles မှာတင်ရတာကိုပိုအားသန်လို့ပါ... ကျွန်တော် လေ့လာရသလောက်တော့တော့ Free Download ယူနိုင်တဲ့ Site တွေမှာ Upload တင်ထားတဲ့ File တွေကိုမတင်တာ Solidfiles တစ်ခုတည်းရှိပါတယ်... အခြား Site အားလုံး တင်ထားတဲ့ File တွေကိုဖျက်ပြစ်ပါတယ်.. ဖျက်ပြစ်တဲ့အချိန်မြန်တာနဲ့ကြာတာပဲကွာပါတယ်...  အဲလောက်ဆိုရင် Solidfiles ရဲ့ ကောင်းကွက်ကိုသိလောက်ပြီလို့ထင်ပါတယ်ခင်ဗျာ .. အဲဒီတော့ ခဏ Error တက်တာလေးကို နားလည်ပေးဖို့တောင်းပန်ပါတယ်ဗျာ....


ကျွန်တော် တို့ Blogger တွေဟာ ဘာကြောင့် နည်းပညာ Website တွေ ရေးပြီး နည်းပညာတွေ 
Software တွေမျှဝေပေးနေရတာလည်း ဆိုတာ နည်းနည်းတော့ရှင်းပြချင်ပါတယ်ဗျာ။ 

ကျွန်တော်တို့ အားယားနေလို့ အချိန်တွေပိုနေလို့ Post တွေတင်နေတာမဟုတ်ပါဘူးဗျာ။ ဒီလိုနည်း
ပညာ Post တွေရေးနေလို့ ပိုက်ဆံရမယ်မထင်ပါနဲ့ဗျာ။ တစ်ပြားမှမရတဲ့အပြင် ပိုက်ဆံလည်းတော်
တော်လေးကုန်ကျပါတယ်။ 

 




ကျွန်တော်အပါအ၀င် Blogger တခိျု့ဟာဖုန်းရဲ့ Internet ကွန်နရှင်နဲ့ Software တွေ Download 
ဆွဲကြ Upload တင်ကြနဲ့ Phone Bill တော်တော်ကုန်ကျ ကြပါတယ်ဗျာ။ ကိုယ်တင်လိုက်တဲ့ Post 
တစ်ခုအတွက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ Post တင်တဲ့သူအတွက် အားဆေး
ပါ ၊ ပီတိပါ ဘယ်လိုငွေကြေးနဲ့မှ လဲလို့မရနိုင်တဲ့ ခံစားမှုတစ်မျိုးပါ။

ကျွန်တော် Upload တင်တဲ့ Software တစ်ခုကို Download ဆွဲသူတွေအဆင်ပြေပြေနဲ့ဒေါင်းယူနိုင်
ဖို့ ကျွန်တော်အမြဲတမ်းစဉ်းစားပါတယ်။ ကျွန်တော့် Website ကိုစထောင်တုန်းကဆိုရင်minus.com 
နဲ့ တင်ပါတယ်။ အစပိုင်းမှာ တင်လို့လည်းအဆင်ပြေပါတယ် ဒေါင်းယူသူတွေလည်းအဆင်ပြေကြပါ
တယ်။ သုံလကျော်လောက်အကြာမှာတော့ ကျွန်တော် တင်သမျှ Software တွေ နည်းပညာ EBook
တွေ ရာနဲ့ချီ အားလုံး အဖျက်ခံလိုက်ရပါတယ်။ အချိန်ကုန်ထားသမျှငွေကုန်ခဲ့သမျှတွေအားလုံးသဲထဲ
ရေသွန်သလိုပါဘဲ အားလုံးပျက်စီးကုန်ပါတယ်။ 

ကျွန်တော်စိတ်ဓါတ်မကျဘဲ www.mediafire.com နဲ့ ထပ်တင်ပါတယ်။

မကြာပါဘူးထပ်ပြီး အဖျက်ခံလိုက်ရပြန်ပါတယ်။ ကျွန်တော်ဘယ်လောက်စိတ်ဓါတ်ကျသွားလဲဆိုရင် 
ကျွန်တော့် Website ကြီးတစ်ခုလုံး ဖျက်စီးပစ်လိုက်ဖို့အထိ စိတ်ကူးမိပါတယ်။ 

အဲဒီ အချိန်မှာ အစ်ကို ၀င်းကမ္ဘာကျော် က www.solidfiles.com ဆိုတဲ့ Upload တင်တဲ့ ဆိုဒ်တစ်ခု
ညွှန်ပေးပါတယ်။ တော်တော်လေးလည်း ဒေါင်းတဲ့သူအတွက်ရော Upload တင်တဲ့သူအတွက်ပါ အ
ဆင်ပြေစေတဲ့ ဆိုဒ်တစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ Upload တင်တဲ့သူတွေအပေါ်နားလည်မှုပေးနိုင်
လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်ဆိုဒ်ကို အားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်..

အားပေးသူ ညီအစ်ကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်ခင်မျာ..။

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..။

Ref : mmithelper
ကျွန်တော်နဲ့ တိုက်ဆိုင်လို့ Share ထားပါခင်ဗျာ... ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.