" ၁၂၂ "

Posted by Black Magic | Posted in | Posted on 5:56 PM






၁၂၂ ဆိုတဲ့ ၃ လုံး ဂဏန်းဟာ ဘာကို ဆိုလိုနေပါသလဲ။

တချိန်က နိုင်ငံရေး အရ သဘောထား မတိုက်ဆိုင်သူ တွေ၊ အတိုက်အခံလုပ်သူတွေကို နိုင်ငံတော် ပုန်ကန်
မှုတွေကို တရားစွဲတဲ့ ပုဒ်မ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပြောမယ့် ၁၂၂ ဆိုတာကလည်း နိုင်ငံရေး
အကျဉ်းသားတွေနဲ့ သက်ဆိုင်တာပါ။
(အရင်တုန်းက ၁၁၂ ဆိုတာ ၁၁၂ (ဃ) ကိုပြောတာနဲ့တူပါတယ်..)

ဒါကတော့ လွန်ခဲ့တဲ့ သောကြာနေ့က လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင်တွေက
မြန်မာနိုင်ငံ အနှံ့ အပြားက အကျဉ်းထောင်တွေထဲမှာ ကောက်ခံရရှိထားတဲ့ အတည်ပြုလို့ရတဲ့ ထောင်
ကျ နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦး ရှိတယ်လို့ ထုတ်ပြောလာပါတယ်။

အဲဒီကော်မတီမှာ သမ္မတ ရုံး ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး
အကျဉ်းသား ဟောင်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တာပါ။

တနေ့က ရန်ကုန်မှာ ရှိတဲ့ ငြိမ်းချမ်းရေး စင်တာ ( MPC ) မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အခုလို လက်
ကျန် နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦး ရှိ တယ်လို့ ပြောလိုက်တာပါ။

သိပ်မကြာသေးခင်ကပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်းက တဆင့် နိုင်ငံသူ နိုင်ငံသားတွေ အားလုံး
ကို လူသိရှင်ကြား ပြောခဲ့တာကတော့ အားလုံး မှတ်မိနေကြမလားပါပဲ။

“ကျွန်တော့် အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား
တစ်ဦး တစ် ယောက် မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး” လို့ သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့
ဇွန်လ ၄ ရက်နေ့က ရေဒီယို က တဆင့် ပြောခဲ့ပါတယ်။

တဖက်မှာလည်း နိုင်ငံရေးအရ တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးချုပ်နှောင်ခံရပြီး စုစုပေါင်း ၂၀၀ ကျော် ရှိ
တဲ့အထဲက ထောင်ဒဏ် ကျခံရပြီးသူ စုစုပေါင်း ၁၂၂ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်
ရှောက်ရေး အသင်း AAPP က ပြောထားသလို အမူရင်ဆိုင်ရဆဲ ထိမ်းသိမ်းခံထားရသူ ၁၀၀ ၀န်းကျင်
လောက်ရှိတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးမှုတွေ ဆက်ပြီး ရှိနေသေးပေမယ့် အရင်ပုံစံနဲ့ မတူပဲ အသွင်သစ်
နဲ့ နှိပ်ကွပ်နေမှုတွေ ရှိနေပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို နှိပ်ကွပ်နေတဲ့ ပုဒ်မ တချို့တော့ ရှိနေ
သေး တယ်လို့ AAPP ရုံးအဖွဲ့မှူး ဦးအောင်ခိုင်မင်းက ဧရာဝတီ ကို ပြောထားပါတယ်။

“ပုံစံသစ်က ဘာလဲဆိုတော့၊ ဖမ်းတယ် ဒါပေမယ့် အရင်လို တိုက်ရိုက် ထောင်မချဘူး၊ ဖမ်းတယ် စစ်တယ်
တရားစွဲတယ်၊ ပြန် လွှတ်တယ် အမှု ရင်ဆိုင်ရတာနဲ့ အလုပ်ရှုပ်အောင်လုပ်ထားတယ်၊ ထောင်ထဲမှာတော့
မရှိဘူးပေါ့၊ ဒါပေမယ့် ကြိုက်တဲ့ အချိန် ထောင်ချ လို့ရအောင် လုပ်ထားတယ်”ဟု သူက ဆိုပါတယ်။

Ref : အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.