"ကျနော်နဲ့ စင်္ကလစ်ခ်ျ"

Posted by Jelly Kit | Posted in | Posted on 9:47 PM


...............
1.
ကျနော်ပြောတဲ့ အင်္ဂလိပ်စကားကို အထက်အရာရှိ စလုံးကိုယ်တော်က အမြဲတမ်းချီးကျူးတယ်... 

Very Lousy တဲ့ ဟဲ ဟဲ
သူပြောတဲ့ အင်္ဂလိပ်အသံထွက်ကလည်း တကယ်ကောင်းဆိုတော့ ပြောအားရှိတာပေါ့...
တခါက Pantry ထဲမှာ ကော်ဖီဖျော်နေတုံး သူရောက်လာပြီးမေးတယ်...
"မင်း ကော်ဖီဖျော်တာ မြူ့ မထဲ့ဘူးလား"... တဲ့
သူပြောတဲ့ 'မြူ့' ဆိုတာ ဘာပြောမှန်း ကျနော်မသိဘူး...
ဒါနဲ့ မေးကြည့်တယ်...
'မင်းပြောတဲ့ မြူ့ ဆိုတာဘာလဲ'
ဒီတောာ့ သူက စိတ်နည်းနည်းတိုသွားပြီး စာလုံးပေါင်းပြတယ်
"M-I-L-K    မြူ့"... တဲ့
ကဲ... သူတို့ အသံထွက်က ကောင်းပါတယ်ဆို...
ကျနော်တို့ သိတဲ့ Milk ကို အနီးစပ်ဆုံး အသံထွက်ရင် 'မလ်ခ်' လို့ ထွက်ပါမယ် ကွဲလည်း နည်းနည်းပေါ့
ခုတော့ 'မြူ့' ရယ်လို့ဘဲ

2.
တခါကလည်း site ထဲကို သွားကြည့်ခိုင်းတယ်.... ...
'သန်းရေ... ကွန်ကရစ်လောင်းတော့မယ်တဲ့... စတူးတွေ မှန်းမမှန် သွားစစ်စမ်း' တဲ့...
'ရက်စ်ဘော့စ်... ဒါပေမယ့် မင်းပြောတဲ့ စတူး ဆိုတာ ဘာလဲဟင်'... ဆိုတော့ ဆရာက စိတ်တိုပြန်ရော... 

"S-T-E-E-L စတူး၊ S-T-E-E-L စတူး" ...တဲ့၊ ကဲ သူတို့ အသံထွက် ကောင်းပါတယ် ဆို....
အတိုချုပ်ပြောရရင်...
Buliding ကို ဗြူလ်ဒင် လို့ ထွက်တယ်
As built ကို အက်စ်ဗြူ့ လို့ ထွက်တယ်
Pile ကို ပေါင် လို့ ထွက်တယ်
File ကို ဖောင် လို့ ထွက်တယ်
Head ကို ဟစ် လို့ ထွက်တယ်
Red ကို ရစ်ဒ် လို့ ထွက်တယ်
အများကြီး ကျန်သေးတယ်ရယ်

3.
စင်္ကာပူရောက်ခါစက အလုပ်ရလို့ ဆေးသွားစစ်တော့ ဆေးခန်းမှာ ပြသနာတက်သေးတယ်
ကောင်တာမှာ စာရင်းသွားဖွင့်တော့ စာရေးမက မေးတယ်...
"ဘုတ်ဒေး၊ ဘုတ်ဒေး"... တဲ့၊ ဘာလဲဟ ဘုတ်ဒေးက၊ သူနဲ့ငါနဲ့လည်း ဖန်ခုန်တမ်း မကစားဘူးပါဘူး။
ဘယ့်နှယ့် ဘုတ်ဒေး ခေါ်နေရတာတုံးပေါ့။
သေချာအောင် ထပ်မေးမိတယ်... ...
"ဘာပြောတာလဲ ဘုတ်ဒေး ဆိုတာက" ...ဆိုတော့ ထုံးစံအတိုင်း စိတ်ဆိုးတော် မူတာပါဘဲ
"B-I-R-T-H-D-A-Y ဘုတ်ဒေး"... တဲ့၊ အရပ်ကတို့ရေ ကောင်းကြသေးရဲ့လား....

4.
အလုပ်ထဲမှာ ရှိတဲ့ မြန်မာစက်ပြင်ဆရာတစ်ယောက်က ပြောဘူးတယ်......
"တခါကပေါ့ အကိုရာ၊ ကျနော်ရယ်၊ ကျနော့်ဆရာစလုံးစက်ပြင်ရယ်၊ နောက် မြန်မာအကူ ကောင်လေးရယ် 

အင်ဂျင်တစ်လုံးနှိုက်နေကြတာ၊ ခဏနေတော့ စလုံးစက်ဆရာက ကျနော်ကို လှမ်းခိုင်းတယ်...
"မျိုး... င့ါကို ဗျောက်ပေးစမ်း" တဲ့
ဗျောက်တဲ့၊ ဘာကိုပြောတာလဲပေါ့၊ အသည်းအသန်စဉ်းစားတယ်၊ ဂွကိုပြောတာလား၊ ဝက်အူလှည့်လား၊ 

ကတ်ကြေးကိုလား... ခေါင်းကို ပူနေတာ၊ သူတောင်းတာ မရဘဲကြာနေတော့ လှမ်းငေါက်တယ်... ...
မျိုး... ငါတောင်းနေတယ်လေ ဗျောက် ပေးစမ်းတဲ့
အဲဒီအချိန်မှာ ကယ်တင်ရှင်ကတော့ မြန်မာအကူကောင်လေးပါဘဲ...
သူက Tool box ပေါ်မှာ တင်ထားတဲ့ Belt (ပန်ကာကြိုး) ကို ယူပေးလိုက်တယ်...
အော်... ဒီတော့မှ Belt ကို ဆရာသမားက ဗျောက် လို့ အသံထွက်နေတာကိုး လို့ သိလိုက်ရတယ်
ဒါနဲ့ အဲဒီကောင်လေးကို မေးကြည့်မိတယ်...
ဟေ့ရောင် ငါဘွဲ့ရလာတဲ့ ကောင်တောင် သူပြောတဲ့ ဗျောက်ကို မသိဘူး၊ မင်းက ဘယ်လိုသိတာလဲ...
ဆိုတော့... သူက ပြန်ဖြေတယ်...
ကျနော်လည်း သိလို့ မဟုတ်ဘူး၊ တခါက ပန်ကာကြိုးကို လက်ညိုးထိုးပြီး ဗျောက်ပေးစမ်းလို့ 
ခိုင်းဘူးတော့ ဗျောက် ဆိုတာ ဒါပါလားလို့ မှတ်ထားတာ... တဲ့၊
ကောင်းဘူးလား"

5.
တခါမှာတော့ အဲဒီ ဗျောက် နဲ့ ကျနော်နဲ့ ဖူးစာစုံတော့တာပါဘဲ... ...
နှစ်သစ်ကူးခါနီး ကုန်တိုက်တွေ စတိုးဆိုင်တွေမှာ လျှော့ဈေးပေး ဒစ်စ်ကောင့်ချနေတဲ့ အချိန်ပေါ့
John Little မှာ အီင်္ကျီလေးတစ်ထည်ကို ကြိုက်လို့ အနားမှာရှိတဲ့ စာရေးမကို မေးကြည့်မိတယ်... ..
"ဒီအီင်္ကျီယူရင် ဘာ ပရိုမိုးရှင်း ရှိလဲ"...... 

ဆိုတော့ သူကပြန်ဖြေတယ်... ...
"သုံးထည်ယူရင်၊ ဗျောက်နှစ်ခု အလကားပေးမယ်တဲ့"
ရုတ်တရက်ဆိုတော့ ဗျောက် ဆိုတာဘာလဲ မသိဘူး။
မသိရင်မေးဆိုတဲ့ အတိုင်းမေးရတော့တာပေါ့... ...
"ဗျောက်ဆိုတာ ဘာကြီးလဲ"
ဆရာမက ဇောက် ဇောက်နဲ့ ထွက်သွားပြီး ပြန်လာတော့ လက်ထဲမှာ ခါးပတ်နှစ်ခု ကိုင်လာတယ်...
"ကဲ... ဗျောက်ဆိုတာ ဒါဘဲ ".... တဲ့။
အတူပါလာတဲ့ သူငယ်ချင်းဆိုတာများ ရီလိုက်တာလေ.... ရီရင်းနဲ့ လှမ်းပြောသေးတယ်... ...
"ဟေ့ရောင်.... ယူလိုက် ယူလိုက်၊ ဗျောက်နှစ်ခု ရမယ်ဆိုတော့မဆိုးဘူး၊

နှစ်သစ်ကူးညကျရင် ဖောက်လို့ရတာပေါ့၊ မင်း တစ်ခု ငါတစ်ခု.... ဟီး... ဟီး.... ဟီး"
မှားပါတယ်ဗျာ... ...ဂယ်ပါဘဲ

Post By Jelly Kit
Credit to : သန်၎ကို

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.