Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 8:17 AM
တိရိစ္ဆာန်တွေတောင် စွဲလမ်းမူးယစ်စေတဲ့ အရာတွေနဲ့ အကျင့်လုပ်လိုက်မိရင်
အလွယ်တကူ ရင်းနှီးကျွမ်းဝင်သွားတာကတော့ အံ့သြစရာပါ... တရုတ်နိုင်ငံ၊ Jilin
ခရိုင် Changchun မြို့ အဖြစ်အပျက်လေးတစ်ခုပါ... အလေးချိန် ၄.၃
ကီလိုရှိတဲ့ လိပ်တကောင်ဟာ ဆေးလိပ်စွဲနေပြီးတော့ တရက်ကို စီးကရက် ၁၀
လိပ်နီးပါးခန့် သောက်တယ်လို့ ဆိုပါတယ်... မယုံနိုင်စရာကြီး...၊
ကိုရွှေလိပ် ဆေးလိပ်စွဲသွားရတဲ့ အကြောင်းအရင်းကတော့... တနေ့မှာ သူ့ကို
စောင့်ရှောက်နေတဲ့ Mr. Tang ဟာ လိပ်ရဲ့ဝမ်းဗိုက်မှာ ဆူးနေတဲ့
ကြက်ရိုးကိုတွေ့သွားတယ်... ဒါနဲ့ အဲဒီအရိုးကို ဆွဲထုတ်ဖို့လုပ်နေစဉ်မှာပဲ
ကိုရွှေလိပ်က Tang ကို ပါးစပ်နဲ့ လှမ်းဟက်လိုက်တယ်... တချိန်တည်းမှာပဲ Tang
ကလည်း စိတ်ကူးပေါက်ပြီး လိပ်ပါးစပ်ထဲကို သူသောက်နေတဲ့
စီးကရက်ထိုးထည့်လိုက်တယ်လို့ ဆိုပါတယ်...၊
အဲဒီနောက်ပိုင်းကစလို့ ဆေးလိပ်စွဲသွားပြီး၊ Mr. Tang ပြောကတော့
ကိုရွှေလိပ်ခင်မျာ ဆေးလိပ်မသောက်ရရင် ဟိုသွားဒီလာ မရပ်မနားနဲ့ ဂဏာမငြိမ်
ဖြစ်နေပြီး သူဆေးလိပ်သောက်နေတဲ့အချိန်ဆိုရင် အနောက်ကနေ တကောက်ကောက်
လိုက်နေတယ်လို့ ဆိုပါတယ်...၊
အစလုပ်လိုက်မိတဲ့ Mr. Tang ကြီးကတော့ သူနဲ့ သူရဲ့ကိုရွှေလိပ်အတွက်
စီးကရက်ဖိုး ကုန်ကျစရိတ်အတွက် ညည်းငြူနေပြီး... ဘိန်းစားကိုရွှေလိပ်ကြီးကို
ဘယ်လိုဆေးလိပ်ဖြတ်ပေး ရမယ်ဆိုတာ အကြံညဏ်လေးများရှိရင်လည်း
ကူညီကြပါအုံးတဲ့ဗျား....။ သင်ခန်းစာလေးပေါ့...။
ကဲ...အောက်က ဗွီဒီယိုလည်း ကြည့်လိုက်ပါအုံး...
oddstuffmagazine/internet
And Another Videos At Here!!
Videos From YouTube












Myanmar Kyat Converter
Comments (0)
Post a Comment